ကိုယ်ဝန်မဆောင်မီမှာ မည်သည့်ကျန်းမာရေးစစ်ဆေးမှုများကို ခံယူသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 11, 2021 . 2 mins read
Share now

ကိုယ်ဝန်မဆောင်မီမှာ ခံယူရသော ကျန်းမာရေးစစ်ဆေးမှုများသည် သင့်ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်က သင်သည် မိခင်တစ်ယောက်ဖြစ်ရန် ကျန်းမာမှုရှိမရှိစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ပါသည်။ သင်သည် ထိုကျန်းမာရေးစစ်ဆေးမှုများခံယူရန် ရက်ချိန်များပြုလုပ်ပြီး ကိုယ်ဝန်ဆောင်နေချိန်ကာလပတ်လုံး မှန်မှန်သွားပြသင့်ပါသည်။

သင့်ကျန်းမာရေး အခြေအနေ သို့မဟုတ် စားသောက်နေထိုင်မှုပုံစံများကြောင့် သင့်ကိုယ်ဝန်ကို ထိခိုက်မှုများဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်နှင့် ပြသခြင်းဖြင့် သင်ကိုယ်ဝန်ဆောင်ချိန်တွင် သင်ရော သင့်ကလေးပါကျန်းမာစေမည့် အနေအထားမျိုးရောက်အောင် စောင့်ရှောက်မှုများ ၊ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ကိုယ်ဝန်မဆောင်မီမှာ ကျန်းမာရေးစစ်ဆေးမှုများက ဘာတွေလဲ။

အောက်ပါတို့သည် သင်လာပြသော ရက်ချိန်းများတွင် သင့်ကို စစ်ဆေးမည့် အရာများဖြစ်ပါသည်။

  • သင်သည်ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာကြံ့ခိုင်မှုရှိမရှိ စစ်ဆေးခြင်းပြုလုပ်ပါသည်။ ယင်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ၊ တင်ပါးဆုံပိုင်း၊ ခါးအောက်ပိုင်း စစ်ဆေးမှုများပြုလုပ်ခြင်း၊ သွေးစစ်ခြင်း၊ သားအိမ်ချွဲမြှေးစစ်ခြင်း စသည်တို့ဖြစ်ပါသည်။
  • သင့်မိသားစု ကျန်းမာရေးရာဇဝင်များ သင့်စားသောက်နေထိုင်မှုပုံစံများကို မေးမြန်းခြင်း
  • သင်ကိုယ်ဝန်မဆောင်မီ ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးပြီးဖြစ်လာမည့် အရာများကို သိလိုသောကြောင့် မေးမြန်းလျှင် ဖြေကြားခြင်း တို့ဖြစ်ပါသည်။

သင့်တွင် ကလေးရှိပြီးသားဖြစ်ပါက နောက်ကိုယ်ဝန် အတွက် စစ်ဆေးမှုများကို ခံယူရန်လိုအပ်ပါသလား။

နောက်ဆုံးကလေး မွေးပြီးချိန်တွင် သင့်ကျန်းမာရေး အခြေအနေများ ပြောင်းလဲသွားနိုင်သောကြောင့် နောက်ကိုယ်ဝန်တွင် လည်း ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန် လိုအပ်ပါသည်။ ယခင်ကိုယ်ဝန်တွင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ဖူးပါက နောက်ကိုယ်ဝန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခံယူခြင်းဖြင့် ထိုဆိုးကျိုးများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။

အောက်ပါဆိုးကျိုးများကို သင့်နောက်ဆုံးကိုယ်ဝန်တွင် ခံစားရဖူးပါက နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခပ်စောစောခံယူသင့်ပါသည်။

  • ကိုယ်ဝန် အပတ် ၂၀ မတိုင်မီတွင် ပျက်ကျဖူးလျှင်
  • ကိုယ်ဝန် အပတ် ၂၀ မတိုင်မီတွင် ကလေးသည် ဗိုက်ထဲတွင် ဆုံးသွားလျှင်
  • လမစေ့ဘဲ (၃၇ ပတ်မတိုင်မီတွင်) ကလေးမွေးဖူးလျှင်
  • ကလေးတွင် မွေးရာပါချို့ယွင်းချက်များ ရှိလျှင်

ကိုယ်ဝန်မတိုင်မီတွင် စစ်ဆေးသင့်သော စစ်ဆေးမှုများမှာ အောက်ပါတို့ဖြစ်ပါသည်။

  • သားအိမ်ချွဲမြှေးစစ်ခြင်း
  • သိုင်းရွိုက်ဟော်မုန်းစစ်ခြင်း
  • သုက်ကောင်များ စစ်ခြင်း
  • မျိုးဥကြွေချိန်တွင် ပြောင်းလဲသွားသည့် ကိုယ်အပူချိန်ကို စစ်ဆေးခြင်း
  • HIV ပိုးစစ်ခြင်း
  • ရေယုန်ပိုးစစ်ခြင်း
  • အသည်းရောင် အသားဝါ A, B ပိုးများစစ်ခြင်း
  • ကာလသားရောဂါပိုးစစ်ခြင်း
  • မိန်းမကိုယ်တွင် ဂနိုရောဂါပိုး၊ ခလဲမိုင်းဒီယားရောဂါပိုးများ စစ်ခြင်း
  • ခွေးရူးပြန်ရောဂါများစစ်ဆေးခြင်း
  • ရေကျောက်ရောဂါ အတွက် စစ်ဆေးခြင်း
  • ပါဗို ကြွက်နို့ဗိုင်းရပ်စ် B19 ကို စစ်ဆေးခြင်း
  • ဆိုက်တိုမိုက်ဂလို ဗိုင်းရပ်စ်ကို စစ်ဆေးခြင်း
  • တော့ဆိုပလက်စမာ ရောဂါကို စစ်ဆေးခြင်း
  • မိခင်နှင့် ဖခင်တို့၏ သွေးအမျိုးအစားများနှင့် Rh အမျိုးအစားများကို စစ်ဆေးခြင်း
  • သွေးဥအမျိုးအစားများ၊ အရေအတွက်များကိုစစ်ဆေးခြင်း တို့ဖြစ်ပါသည်။

အထက်ပါ စစ်ဆေးချက်များကို ကိုယ်ဝန်ဆောင်တိုင်း လိုချင်မှ လိုမှာပါ။ မိမိကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လိုတိုးပိုလျော့ ရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ

ထုံကျဉ် ခြေလက်ထုံကျဉ် ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေး ခြေချောင်း လက်ချောင်း ကိုယ်ဝန်ကျန်းမာရေး အာရုံကြော နာကျင်မှု လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ် က နာတာ စိုးရိမ်ရလား

မိန်းမကိုယ် ကိုယ်ဝန်ဆောင် ကိုယ်ဝန် မိန်းကလေး သားအိမ် သန္ဓေသား ကိုယ်ဝန်ကျန်းမာရေး မိခင်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ပျက်ကျ ထားတဲ့ အမျိုးသမီးတွေ ဘာတွေဂရုစိုက်ရမလဲ

ကိုယ်ဝန်ပျက်ကျ မိခင်ကျန်းမာရေး ရင်သွေးဆုံးရှုံးခြင်း ကိုယ်ဝန် ကိုယ်ဝန်ဆောင်ခြင်း ဘေးထွက်ဆိုးကျိုး မိခင်လောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ

ကိုယ်ဝန်ဆောင် မိခင်လောင်း မိခင်ကျန်းမာရေး ကိုယ်ဝန်ဆောင်ချိန် ကလေးဖွံ့ဖြိုးမှု ကိုယ်ဝန် ကိုယ်ဝန်ပျက်ကျခြင်း ကလေးကျန်းမာရေး အလုပ်လုပ်ခြင်း အိပ်ရေးပျက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

 ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား

 ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read
ကိုယ်ဝန်ဆောင်လိုသည့် အမျိုးသမီးများအတွက် လိုအပ်သော အာဟာရဓာတ်များ

ကိုယ်ဝန်ဆောင်လိုသည့် အမျိုးသမီးများအတွက် လိုအပ်သော အာဟာရဓာတ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read

မဖြစ်မနေကျော်လွှားရမယ့် မေမေတို့ရဲ့ စိတ်ဓာတ်ကျ ချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 21, 2020 . 2 mins read

ဗိုက်ခွဲမွေးထားတဲ့ မေမေတွေနဲ့ နောက်ဆက်တွဲ ခါးနာခြင်းဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2020 . 2 mins read