backup og meta

မီးဖွားပြီးစ မိခင်များအတွက် သင့်တော်သော အစာ ၁၂မျိုး

ကလေးမွေးဖွားပြီးချိန်မှာ သင်ဟာ ၂ယောက်စာ စားနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေ မေ့ထားပြီး အသင့်စား စားစရာတွေ စားနိုင်ပြီလို့ မဆိုလိုပါဘူး။ သင့်ကလေးဟာ မိခင်နို့ကတဆင့် ဗီတာမင်နဲ့ ဓာတ်ဆားဓာတ်တွေကို ရယူနေသေးလို့ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ စားစရာ ၁၂မျိုးကတော့ သင်နဲ့သင့်ကလေးအတွက် အထူးကောင်းမွန်တဲ့ စားစရာတွေပဲ ဖြစ်ပါတယ်။

၁။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်မှာ သံဓာတ်ပါဝင်တာမို့ သင်ဟာ သံဓာတ်အားနည်းပြီး မိခင်နို့အပေါ် သက်ရောက်မှု ဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး။ သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး နို့ထွက်နှုန်းကောင်းစေပါတယ်။

၂။ မက်မွန်

မက်မွန်ဟာ ပရိုတိန်းဓာတ်ကြွယ်ဝရုံမက အဆီမပါတဲ့ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ နို့တိုက်မိခင်များဟာ တစ်နေ့ကို ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်ခန့် လိုအပ်ပါတယ်။ ဒါမှဟာ မွေးကင်းစကလေးဟာ ကယ်လ်ဆီယမ်ဓာတ် အပြည့်အ၀ ရရှိမှာ ဖြစ်ပါတယ်။

၃။ တရုတ်ဆီးသီး

တရုတ်ဆီးသီးဟာ အမျှင်ဓာတ်များပါတယ်။ ဗီတာမင်အေ၊ စီနဲ့ ပိုတက်ဆီယမ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ပရိုလက်တင်လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်လည်း ပါဝင်တာမို့ နို့ထွက်နှုန်း ကောင်းစေပါတယ်။

၄။ ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးဟာ ပရိုတိန်းနဲ့ DHA ပါဝင်ပါတယ်။ အဲဒီဓာတ်ဟာ ကလေးငယ်တွေရဲ့ အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေပါတယ်။

၅။ ဒိန်ချဉ်

ဒိန်ချဉ်မှာ ပရိုတိန်းနဲ့ ကယ်လ်စီယမ်ဓာတ်တွေ ပါတဲ့အပြင် အရသာအမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ နို့လက်မခံနိုင်တဲ့ အခြေအနေရှိရင် ဒိန်ချဉ်မစားပါနဲ့။

၆။ ပဲများ

ပဲများဟာ အစာခြေစနစ်ကိုကောင်းစေပါတယ်။ သံဓာတ်နဲ့ ပရိုတိန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် သံဓာတ်နဲ့ ပရိုတိန်းဖြည့်စွက်ရရှိနိုင်အောင် ပဲအမျိုးမျိုးကို စားသင့်ပါတယ်။

၇။ ဟင်းနုနွယ်

ဟင်းနုနွယ်မှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ကလေးရဲ့ အရိုးတွေကို ဖွံ့ဖြိုးစေတဲ့ ကယ်လ်ဆီယမ်ဓာတ် ပါဝင်ပါတယ်။ ဝယ်ရ ချက်ပြုတ်ရ လွယ်ကူပါတယ်။

၈။ စွန်ပလွံ

စွန်ပလွံဟာ ကယ်လ်ဆီယမ်ကြွယ်ဝပါတယ်။ သူ့ဆီမှာလည်း ပရိုလက်တင်ပါတာမို့ နို့ထွက်နှုန်းကို ကောင်းစေပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝပြီး စားကောင်းပါတယ်။

၉။ နှမ်းစေ့များ

နှမ်းစေ့များဟာ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး စတဲ့ဓာတ်တွေ ကြွယ်ဝပါတယ်။

၁၀။ ဥများ

ဥအမျိုးမျိုးမှာ ဗီတာမင် ၁၂မျိုးနဲ့ ဓာတ်ဆားများ ပါဝင်တဲ့အပြင် ပရိုတိန်း၊ choline၊ omega3 အဆီ၊ DHA စတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ သူတို့ဟာ သင့်ကလေးရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာတွေကို ဖွံ့ဖြိုးစေပါတယ်။

၁၁။ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်၊ ကိုက်လန် စတဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဖောလိတ်၊ ဗီတာမင် အေ၊ စီ၊ ကေ စတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ မျက်စိကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၁၂။ ဆန်လုံးညို

ဆန်လုံးညိုမှာ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ ကစီဓာတ်ဟာ သင့်ရဲ့သွေးတွင်း ဂလူးကို့စ်ဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

သင့်ရဲ့ကလေးဟာ အာဟာရဓာတ် တစ်မျိုးမျိုး ချို့ယွင်းနေတယ်လို့ စိုးရိမ်မိတာမျိုးရှိရင်၊ သိလိုတာတွေရှိရင် နားလည်တတ်ကျွမ်းသူများနဲ့ ပြသပြီး လမ်းညွှန်ကုသမှု ခံယူပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Breastfeeding Superfoods

http://www.thebump.com/a/what-to-eat-breastfeeding

The 10 best foods for pregnancy

http://www.babycenter.com/101_the-10-best-foods-for-pregnancy_10392775.bc

Top 20 pregnancy superfoods, Feb 19, 2013

http://www.madeformums.com/pregnancy/top-20-pregnancy-superfoods/33280.html

ယခုပုံစံ

11/07/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ

မီးဖွားစဉ် အထောက်အကူပြုမည့် လေ့ကျင့်ခန်း (3) ခု


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement