ခွဲမွေးပြီး ၆လအထိကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ဗိုက်ကို ထိစေမယ့် လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုံးဝရှောင်ပါ။ လမ်းလျှောက်တာလောက်တော့ လုပ်ပေးလို့ရပါတယ်။ မပြေးပါနဲ့၊ အလေးမမပါနဲ့၊ Gym မကစားပါနဲ့၊ အထုပ်အပိုးတွေ မသယ်ပါနဲ့။ အိပ်ရာကနေ ထလာတဲ့အခါ လက်နှစ်ဖက်ကို အားပြုပြီး ဖြည်းဖြည်းချင်း ထပါ။ အနာကို မလိုအပ်ဘဲ လက်နဲ့ထိတာ၊ ပွတ်သပ်ကိုင်တွယ်တာမျိုး မလုပ်ပါနဲ့။
၃။ အကိုက်အခဲပျောက်ဆေးတွေ လျှောက်မသောက်ပါနဲ့။
ခွဲပြီးကာစမှာ နာတဲ့အရှိန်က အနည်းနဲ့ အများကျန်နိုင်ပါတယ်။ ဒီအတွက် ကိုယ်ပြနေတဲ့ ဆရာဝန်ဆီမှာ အကိုက်အခဲပျောက်ဆေး ညွှန်းဖို့ ပြောလို့ရပါတယ်။ ကိုယ့်ဘာသာ ဆေးဆိုင်မှာသွားပြီး တွေ့ရာဆေးလျှောက်သောက်တာမျိုး မလုပ်ပါနဲ့။ စွဲသောက်နေရတဲ့ ဆေးတွေ ရှိရင် ဆရာဝန်ကို ပြောထားပါ။ သောက်လိုတဲ့ အားဆေးတွေ၊ ဖြည့်စွက်စာတွေ ရှိရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး လိုအပ်မှ သောက်ပေးပါ။
၄။ အစာအာဟာရကို သေချာဂရုစိုက်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကိုယ့်ရဲ့ နေ့စဉ်အာဟာရကို ဂရုစိုက်ဖို့လိုအပ်သလို ဗိုက်ခွဲမွေးပြီးသွားတဲ့အခါမှာလည်း ခွဲထားတဲ့ အနာမြန်မြန်ကျက်စေဖို့ ဂရုစိုက်ပေးရပါမယ်။ နေ့စဉ် အစာအာဟာရမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ ပဲ၊ နွားနို့ ဦးစားပေးစားသုံးပါ။ အသား၊ ငါးတွေကိုလည်း များများစားပေးပါ။ ရေများများသောက်ပါ။ အမာစာတွေထက် ကြက်စွပ်ပြုတ်လေးတွေ သောက်ပေးတာ ပိုအဆင်ပြေပါတယ်။ ဝမ်းချုပ်စေနိုင်တဲ့အစားအစာတွေကို ရှောင်ပါ။
ဘာတွေကို သတိထားမလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။