ကဲ နည်းစနစ်မှန်မှန် ဘယ်လိုရေချိုးမလဲ
ရေချိုးတဲ့အခါရေကိုခွက်နဲ့ခပ်ပြီးလောင်းချိုးရင်ဖြစ်ဖြစ်၊ရေပန်းနဲ့ပဲ ချိုးချိုး အရင်ဆုံးရေထိတွေ့ပေးသင့်တဲ့ အစိတ်အပိုင်းကခြေထောက်ပါ။ခြေထောက်ကိုရေစထိတာက ကျန်းမာရေးအတွက် ထိခိုက်စရာမရှိတော့ပါဘူး။ အချို့ကရေချိုးတဲ့အခါ မျက်နှာကို အရင်သစ်တာမျိုးရှိသလိုရေပန်းဖွင့်ချရင်းခေါင်းကို အရင်ဆုံးရေစွတ်လိုက်တာမျိုးရှိတတ်ပါတယ်။ရေချိုးတဲ့အခါခေါင်းကိုအရင်ဆုံးရေထိတာက အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်များတဲ့လုပ်ရပ်ပါနော်။
ရေချိုးတဲ့အခါ အရင်ဆုံးခြေဖျားကိုရေလောင်းပါ။ပြီးရင်ခြေမျက်စိအထက်ပိုင်းကနေလောင်းပါ။ပြီးမှာခြေသလုံး၊ ဒူးတို့ကိုလောင်းချပါ။ပြီးရင် ခါးကနေရေလောင်းချပါ။ ဒီလိုကနေတဆင့်ချင်းတက်သွားပါ။ပြောချင်တာကတော့ရေချိုးတဲ့အခါ ခန္ဓါကိုယ်အောက်ပိုင်းကနေစဖို့ပါ။ တကယ်တော့ ဒီလိုလုပ်ဖို့ဆိုတာ အချိန်တစ် မိနစ်လောက်ပဲပေးရတာပါ။ ဒီအချိန် တစ်မိနစ်လေးကပဲ သင့်ကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်ကို စိတ်အထင်နဲ့ပြောနေတယ်လို့များထင်နေလား။ စာဖတ်ပရိသတ်ကြီး တကယ်တော့ ဒီအချက်က သိပ္ပံနည်းကျကျလေ့လာဆန်းစစ်ထားတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။