backup og meta

မီးဖွားအပြီး စားသောက်ပုံ။ မလေးရှားလူမျိုးများ အတွေ့အကြုံ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားအပြီး စားသောက်ပုံ။ မလေးရှားလူမျိုးများ အတွေ့အကြုံ

    မီးဖွားအပြီးတွင် မိခင်ကို အာဟာရ လုံလောက်စွာ ကျွေးခြင်းသည် အလွန်အရေးပါသည်။ သူမ၏ ခန္ဓါကိုယ်ကို အားသစ်ဖြစ်စေရန်နှင့် မီးဖွားအပြီး ပြန်လည်သက်သာစေရန် အကူအညီပေးသောကြောင့် ဖြစ်သည်။ ယဉ်ကျေးမှုအမျိုးမျိုး တွင် မီးဖွားအပြီး အာဟာရဖြစ်စေသည်ဟု ယုံကြည်သော ရိုးရာအစားအစာ အမျိုးမျိုး ရှိသည်။ မလေးရှားတွင်လည်း ရှိပါသည်။ ထိုရိုးရာအစာများ၏ အာဟာရတန်ဖိုး အကြောင်း ကျွမ်းကျင်သူများက ဘယ်လိုဆိုထားသလဲ ကြည့်ရအောင်။

    Jamu ( ဆေးဖက်ဝင်၊ အမြစ်နှင့် ဟင်းခတ်အမွှေး အကြိုင် ဖြစ်သည်)

    ရိုးရာဓလေ့အရ Jamu သည် မိခင်၏ ခန္ဓါကိုယ် နွေးထွေးမှု ကို ထိန်းပေးသည်၊ အားအင် ပြည့်စေသည်၊ အဆီကို ကျစေ ပြီး သားအိမ်အရွယ်အစားကို သေးစေသည်ဟု ယုံကြည် ကြသည်။ သို့သော်လည်း မီးဖွားအပြီး Jamu သုံးစွဲခြင်း၏ ကောင်းကျိုးများကို သိပ္ပံနည်းကျ သက်သေပြထားခြင်း မရှိပါ။ jamu ကို မိခင်ခန္ဓါကိုယ်တွင် သုံးပါက ချောမွေ့စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ jamu ကိုသောက်သုံးပါက ဘေးထွက် ဆိုးကျိုးများကို ရှောင်ရန် သတိဖြင့် သောက်သင့် သည်။

    Ikan Haruan (မြွေခေါင်းငါး)

    Ikan haruan အသားပါသော ငါးစွပ်ပြုတ်သည် ဗိုက်ခွဲ မွေးထားသော အမျိုးသမီးများကို သက်သာစေသည်ဟု ဆိုသည်။ အတွင်းဒဏ်ရာများ ပြန်လည်ကောင်းမွန်လာခြင်းကို ကူညီသောကြောင့် ဖြစ်သည်။ လေ့လာမှုများအရ ikan haruan သည် ဒဏ်ရာ ကျက်ရန် လိုအပ်သည်ဟု ဆိုသည်။ သို့သော်လည်း အတွင်းဒဏ်ရာကျက်ရန် ကူညီနိုင်သော အခြား ပရိုးတိန်းရင်းမြစ်များစွာ ရှိသည်။

    ဂျင်း

    ရိုးရာဓလေ့အရ ဂျင်းသည် အပူဓါတ် ဆောင်ကျဉ်းပေး သော အစာဖြစ်သည်။ သွေးလှည့်ပတ်ခြင်းကို ကောင်းစေပြီး၊ လေပွခြင်း သက်သာစေသည်၊ အရိုးအဆစ်များကို သန်မာစေ သည်ဟု ဆိုသည်။ ပျို့တက်ခြင်းကို လျော့ချပေးနိုင်သော လည်း ဂျင်းသည် အပူစာမဟုတ်ပါ။ ဂျင်းအများကြီး စားခြင်း သည် မိခင်ကို လေပွခြင်းဖြစ်စေသည်။

    တရုတ်ဆေးဖက်ဝင်များ

    Red dates,kei zhi (wolfberry) နှင့် dong guai (angelica) စသော တရုတ်ဆေးဖက်ဝင်များသည် သွေးအား ကောင်းစေသည်၊ မီးဖွားအပြီး လက္ခဏာများကို ကုသပေး သည်၊ အားအင်ပြည့်ဖြိုးစေသည်ဟု ယုံကြည်ကြသည်။ တရုတ်ဆေးဖက်ဝင်များသည် မိခင်များကို အကျိုးရှိစေသည် ဟု သက်သေအခိုင်အမာ မရှိသော်လည်း လေ့လာမှုများအရ ထိုဆေးဖက်ဝင်များတွင် ဓါတ်တိုးဆန့်ကျင့်ဂုဏ်သတ္တိများ ပါဝင်ပြီး တစ်ရှူးများ ပြန်လည်ကောင်းမွန်ခြင်းနှင့် ကိုယ်ခံအား ကို တိုးတက်စေသည်ဟု ဆိုသည်။ ဤ အာဟာရအမျိုးအစား ကို ဗီတာမင် အီး၊ ဗီတာမင် စီ စသည်တို့ဖြင့် အစားထိုးနိုင် သည်။

    နွယ်ပင်ဟင်းသီးဟင်းရွက်များ ( ဥပမာ-ဘူးသီး၊ သခွားမွှေး)

    ဤဟင်းသီးဟင်းရွက်များသည် မိခင်နို့ထွက်မှုကို များစေ သည်ဟု ဆိုသည်။ သို့သော်လည်း နွယ်ပင် ဟင်းသီးဟင်းရွက် များ၏ ထိုကဲ့သို့ အကျိုးရှိပုံကို လေ့လာထားခြင်း မရှိပါ။ ထို့ကြောင့် နို့ထွက်မှု ကောင်းစေရန် အရည် လုံလောက်စွာ သောက်ပြီး မျှတသော အစားအစာ စားပါ။

    ရိုးရာဓလေ့များအတိုင်း အလွန်စွဲမြဲစွာ မလုပ်ပါနှင့်။

    ဤအစားအစာများသည် အာဟာရ ဖြည့်စွက် ထောက်ပံ့မှု သာလျှင်ဖြစ်သည်။ ၎င်းတို့ကို အလွန်စွဲမြဲလုပ်နေပါက သင်နှင့် သင့်ကလေး၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်။ အောက်ပါတို့ကို သတိပြုမှတ်သားပါ။

    • ငါး၊ ကြက်၊ဘဲ၊ အမဲသား စသော ပရိုတိန်းများ များပါသော အသားများကို စားပါ။ ပဲလည်းစားပါ။
    • နို့နှင့် နို့ထွက်ပစ္စည်းများကို သောက်သုံးခြင်းဖြင့် ကယ်စီယမ် ပမာဏ လုံလောက်အောင်လုပ်ပါ။
    • အမျှင်ဓါတ်နှင့် ဟင်းသီးဟင်းရွက်များ စားခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပါ။
    • သတ္ထုဓါတ်ပါသော ဖြည့်စွက်စာ သို့မဟုတ် အာဟာရ ပြည့်သော ဖျော်ရည်များသည် အကျိုးရှိပါသည်။
    • သင်သည် ကလေးနို့တိုက်နေပါက မိခင်နို့၏ အရည် အသွေး မထိခိုက်စေရန် ကဖင်း၊ နီကိုတင်းနှင့် အရက် တို့ကို ရှောင်ကြဉ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement