backup og meta

မီးဖွားပြီးနောက် ရင်သားပြည့်တင်းနေလျှင် ဘာလုပ်ရမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီးနောက် ရင်သားပြည့်တင်းနေလျှင် ဘာလုပ်ရမလဲ

    ရင်သားတင်းဖောင်းမှုတွေဟာ နို့ချိုတွေနဲ့ ပြည့်နေချိန်ဖြစ်တဲ့ ကလေးမွေးပြီး ၂ရက်ကနေ ၅ ရက်အထိဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ ရင်သားတွေဟာ ကြီးလာ၊ နွေးထွေး လေးလံလာပြီး နို့တိုက်ရင် နာကျင်နိုင်ပါတယ်။ တခါတရံမှာ ကလေးကို နို့တိုက်ဖို့တောင် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး။ ရင်သားတင်းဖေါင်းမှုတွေဟာ ပုံမှန်ဖြစ်ပြီး အိမ်မှာပဲ ကုသနိုင်ပါတယ်။ တင်းဖေါင်း နေတဲ့ ရင်သားတွေကို ကူညီပေးဖို့ အကြံပေးချက်တွေ ရှိပါတယ်။

    တင်းဖောင်းနေတဲ့ ရင်သားတွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

    တကယ်လို့ နို့တိုက်နေသူဆိုရင် ရင်သားတင်းဖောင်းတာ သက်သာဖို့နဲ့ နို့တိုက်တာကို ပိုပြီး သက်တောင့်သက်သာ ရှိစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

    • နို့မတိုက်ခင်မှာ ဘရာကို အရင်ချွတ်သင့်ပါတယ်။ ရင်သားတွေကို နွေးထွေးစေဖို့ မိနစ်အနည်းငယ်ကြာအောင် ဖိထားသင့်ပြီး နို့မတိုက်ခင် ရေနွေးနဲ့အရင် ရေချိုးသင့်ပါတယ်။ ဒါပေမယ့် ရေပူလွန်းခြင်းဟာ နို့ထွက်ခြင်းကို ခက်ခဲစေပါတယ်။ ဒါကြောင့် နို့ထွက်စေဖို့ လက် (သို့) pump ကို အသုံးပြုနိုင်ပါတယ်။

    • သင့်ကလေးငယ်ကို မကြာခဏနို့တိုက်ကျွေးပါ။ ကလေးငယ်ဟာ နို့မသောက်ဘူးဆိုရင် ညှစ်ထုတ်ပါ။

    • နို့တိုက်စဉ်မှာ ရင်သားတွေကို အနည်းငယ်စီ နှိပ်ပေးပါ။ ဒါဆိုနို့တိုက်ဖို့ ပိုအဆင်ပြေပါလိမ့်မယ်။

    • နို့တိုက်ပြီးတာတောင် နေလို့မကောင်းသေးဘူးဆိုရင် နို့အနည်းငယ်ကို ညှစ်ထုတ်နိုင်ပါတယ်။

    • နို့တိုက်ပြီး ရေခဲကပ်ပေးခြင်းဟာ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ရေခဲနဲ့ ဆေးပြီးသား ဂေါ်ဖီရွက်တွေကို ကပ်နိုင်ပါတယ်။ ဂေါ်ဖီရွက်တွေဟာ ရေခဲတွေလိုမျိုး တူညီတဲ့ အစွမ်းရှိပါတယ်။

    တကယ်လို့နို့မတိုက်ဘူးဆိုရင်တော့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

    • ရင်သားတွေဟာ နာကျင်နေတယ်ဆိုရင် နို့အနည်းငယ် ညှစ်နိုင်ပါတယ်။ ဒါဆို နေလို့ကောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ရင်သားတွေကနေ နု့ိတွေ အမြောက်အမြားကို ညှစ်ထုတ်ခြင်း မပြုသင့်ပါဘူး။

    • တစ်နာရီတစ်ခါ ရင်သားတွေပေါ်ကို အအေးကပ်သင့်ပါတယ်။ ရင်သားနဲ့ ရေခဲကြားမှာ အဝတ်တစ်ထပ် ခံပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ ဒါမှသာ အရေပြားထိခိုက်မှု မရှိမှာ ဖြစ်ပါတယ်။

    • သက်တောင့်သက်သာ ရှိတဲ့ ဘရာကို ဝတ်ဆင်သင့်ပါတယ်။ ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ပြီး သင်နဲ့ သင့်လျော်တဲ့ ဘရာကို ရွေးချယ်သင့်ပါတယ်။

    အထက်ဖေါ်ပြပါ အချက်တွေလုပ်ပြီးရင်တောင် ရင်သားတင်းဖေါင်းနေတုံးဆိုရင်တော့ အကူအညီယူသင့်ပါတယ်။ ဆရာဝန်ကို တတ်နိုင်သမျှစောစော ပြသပြီး အကြံဉာဏ် တောင်းခံသင့်ပါတယ်။

    ရင်သားတင်းဖောင်းမှုတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

    ကလေးအမေတိုင်းဟာ ရင်သားတင်းဖောင်းမှု မဖြစ်ပါဘူး။ အချို့အမေတွေကတော့ ရင်သားတွေဟာ အနည်းငယ်သာ တင်းရုံရှိပေမယ့် သင့်တောင့်သက်သာ မဖြစ်တာမျိုးတွေ မခံစားရပါဘူး။ အောက်ဖေါ်ပြပါ အချက်တွေကို လိုက်နာခြင်းဖြင့် ရင်သားတင်းဖောင်းမှုကို ကာကွယ်နိုင်ပါတယ်။

    • ကလေးမွေးပြီးပြီး နှစ်နာရီအတွင်းမှာ နို့တိုက်နိုင်ပါတယ်။ ဒါကို ကျန်းမာရေး ဝန်ထမ်းတွေ အကူအညီနဲ့ ပြုလုပ်နိုင်ပါတယ်။

    • သင့်ကလေး ဆာလောင်နေတယ်လို့ သတိထားမိတိုင်းမှာ နို့တိုက်သင့်ပါတယ်။ ကလေးငယ်ဟာ နို့စို့ချင်တဲ့အခါမှာ လက်ချောင်းစုပ်တာမျိုး၊ ခေါင်းလှုပ်တာမျိုး ပြုလုပ်နိုင်ပါတယ်။

    • တတ်နိုင်သမျှ အကြိမ်ရေ များများတိုက်ကျွေးပါ။ ဒါဟာ သင့်ရင်သားအတွင်းက နို့ထွက်တာကို ထိန်းသိမ်းပေးနိုင်ပါတယ်။ မွေးပြီး ရက်ပိုင်းကနေ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကလေးငယ်ကို နှစ်နာရီကနေ သုံးနာရီကြား တစ်ခါ နို့တိုက်သင့်ပါတယ်။

    • ကလေးနို့တိုက်တိုင်းမှာ ရင်သားကို ကိုင်ထားပြီး ကလေးငယ်ရဲ့ ပါးစပ်ထဲကို တေ့ပေးသင့်ပါတယ်။

    • ကလေးငယ်ကို တစ်ဖက်ကို အကုန်စို့စေပြီးမှ လိုအပ်ရင် အခြားတစ်ဖက်ကို စို့စေသင့်ပါတယ်။

    • လိုအပ်ရင် နို့တိုက်တာကို ကူညီပေးနိုင်တဲ့ ဘရာတွေကို ဝတ်ဆင်သင့်ပါတယ်။

    ရင်သား တင်းဖေါင်းခြင်းဟာ အမျိုးသမီး အများစုမှာ လျင်မြန်စွာ ပျောက်သွားတတ်ပါတယ်။ နို့ကို နှစ်နာရီကနေ သုံးနာရီကြားတိုက်မယ်ဆိုရင် ဒီအခြေအနေကို နှစ်ရက်ကနေ သုံးရက်အတွင် ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ ကုသမှု မရှိရင်တော့ ရင်သားတင်းဖေါင်းမှုဟာ ပျောက်ကင်းဖို့ ဆယ်ရက်အထိ ကြာမြင့်တတ်ပါတယ်။

    နို့ထွက်ပြီး ရင်သားတင်းဖေါင်းမှုကို ကာကွယ်ဖု့ိ နို့တိုက်သင့်ပါတယ်။ နို့မတိုက်ဘူးဆိုရင်လည်း နို့ရောင်ရမ်းမှုကို သက်သာစေဖို့ ကျန်းမာရေးဝန်ထမ်းတွေဆီက အကူအညီကို ယူသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement