backup og meta

ဗိုက်စည်းခြင်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာ တကယ်အကျိုးရှိတာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်စည်းခြင်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာ တကယ်အကျိုးရှိတာလား

    အမျိုးသမီးတယောက် မီးဖွားပြီးစကာလမှာ ဗိုက်စည်း စည်းတာဟာ သူမရဲ့ နဂိုမူလ ခန္ဓါကိုယ်ပုံစံကို ပြန်ရစေသလား ဒါမှမဟုတ် အကျိုးမရှိဖူးလား။ ဒီခါးပတ်ပုံစံနဲ့ ဆင်တူတဲ့ အဝတ်အထည်ဟာ ဗိုက်ကို ကြပ်ကြပ်တင်းတင်း စည်းထားတဲ့အတွက် ယေဘုယျအနေနဲ့ ခြေထောက်နဲ့ နောက်ကျောကို ထောက်မ ပေးထားပြီး ဖောင်းနေတဲ့ သားအိမ်ကို လွတ်လွတ်လပ်လပ် ရှိနေစေ၊အမြန်ပြန်သေးစေပါတယ်။

    ဒါပေမယ့် တချို့က ကျပြန်တော့လည်း ဒါဟာ မိမိစိတ်ကို လှည့်စားတာအပြင် ဘာမှမထူးဘူးလို့ ယူဆကြပြန်တယ်။ ကိုယ်ဝန်မဆောင်ခင်ကလို ကျော့ရှင်းသွယ်လျတဲ့ ခန္ဓါကိုယ်ကို ပြန်ရဖို့အတွက် လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်မှန်မှန်ကန်ကန်စားရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ဆိုကြပါတယ်။ တချို့က ကြားနေမူဝါဒကို ကျင့်သုံးပြီး ဒီဗိုက်ပတ်တဲ့ အဝတ်အထည်ကို သုံးခြင်းဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်မှန်မှန်ကန်ကန်စားတာကြောင့်ရလာတဲ့ အကျိုးသက်ရောက်မှုကို ပိုပြီး အားဖြည့်ပေးတယ်လို့ သုံးသပ် ကြပြန်ပါတယ်။

    ဒါကြောင့် ဗိုက်စည်းကို ဝယ်မသုံးခင် အောက်ပါ အချက်လေးတွေကို သိထားရင် အကျိုးမယုတ်ပါဘူး။

    ဗိုက်စည်း နောက်ဆုံးပေါ် အိုင်ဒီယာလား

    ဒီဖက်ခေတ်မှာ ဗိုက်စည်းတွေ ခေတ်စားလာတာ trend ဖြစ်လာတာမှန်ပေမယ့် သူတို့ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဟိုးပဝေသဏီကတည်းက သုံးခဲ့ကြတာပါ။ ဗိုက်စည်းတွေဟာ ဗိုက်ကို ကူညီထောက်မပေးထားတာမို့ နောက်ကျောနာတတ်၊အောင့်တတ်တဲ့သူတွေမှာ အသုံးဝင်ပါတယ်၊နာတာကို သက်သာစေပါတယ်။ မီးဖွားပြီးစ အမျိုးသမီးတွေမှာ (ရိုးရိုးမွေးတာပဲ ဖြစ်ဖြစ်၊ခွဲမွေးတာပဲ ဖြစ်ဖြစ်) ဒီဗိုက်ပတ်ဟာ သူမတို့ရဲ့ ကိုယ်ဟန်အနေအထားကို ပုံမပျက်စေဘဲ ဝမ်းဗိုက်ကို ကူညီထောက်မ ပေးထားတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ အတွက် အသုံးပြုကြပါတယ်။

    ဝမ်းဗိုက်ကို အနည်းငယ် ဖိထားပေးခြင်းကြောင့် သားအိမ်ကို မူလအရွယ်အစားအတိုင်း မြန်မြန် ပြန်သေးငယ်သွားစေတဲ့အတွက် မီးဖွားပြီးစ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆက်ရှိနေသေးသလို ထင်ခံနေရတဲ့ ဗိုက်ကြီးပူနေ၊ဖောင်းနေတဲ့ ဒုက္ခကနေ အမြန်လွတ်မြောက်စေမှာပဲ ဖြစ်ပါတယ်။

    နောက်ထပ်ကောင်းတဲ့အချက်တခုက အမျိုးသမီးတယောက် အနေနဲ့ ဗိုက်စည်းကို စည်းထားခြင်းအားဖြင့် နေရတာ ပိုမိုသက်တောင့်သက်သာ ရှိမှာဖြစ်ပြီး လှုပ်ရရှားရတာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ လှုပ်ရှားရပိုမိုလွယ်ကူတဲ့အတွက် များများ လှုပ်ရှားဖြစ်၊လေ့ကျင့်ခန်းများများလုပ်ဖြစ်ပြီး နဂိုမူလ ခန္ဓါကိုယ် အချိုးအစားကို မြန်မြန်ပြန်ပြီး ရစေပါတယ်။

    ကလေးမွေးပြီးတာနဲ့ ဗိုက်စည်းတွေကို စတင်ဝတ်ဆင်နိုင်ပြီး အကောင်းဆုံး အကျိုးသက်ရောက်မှုရဖို့အတွက် မွေးပြီး တစ်လကနေ တလခွဲလောက်အထိ ဝတ်ထား/ပတ်ထားသင့်တယ်လို့ ဆိုပါတယ်။

    ဗိုက်စည်းတွေကို တံဆိပ်နဲ့ လုပ်ထားတဲ့ အသားပေါ်မူတည်ပြီး ဈေးကွက်ထဲမှာ ဈေးအစားစားနဲ့ ရရှိနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ဗိုက်အရွယ်အစား တဖြည်းဖြည်း သေးငယ်လာတာနဲ့အမျှ သင့်တော်မယ့် ဗိုက်စည်းအရွယ်အစား အမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

    ဗိုက်စည်း အသုံးပြုတာဟာ ကိုယ့်စိတ်ကို လှည့်စားတာပဲလား။

    တချို့ဆရာဝန်တွေကတော့ ဗိုက်စည်း အသုံးပြုတာ အကျိုးရှိတယ်လို့ မထင်ပါဖူး။ အမျိုးသမီးတွေ ဝတ်လေ့ရှိကြတဲ့ အဆီကျဘောင်းဘီတို့၊ဗိုက်ချပ် အဝတ်အထည်တို့လိုပဲ ဒီဗိုက်စည်းဟာလည်း ဘာမှ ထူးထူးခြားခြား ကောင်းအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဒီဗိုက်စည်းကို စည်းထားမယ်ဆိုရင် တချို့အဝတ်အစားတွေ ဝတ်တဲ့အခါ ပိုပြီး အဆင်ပြေမယ်၊ပိုတော်မယ်ဆိုတာမှန်ပေမယ့် ဒါဟာ ဗိုက်စည်းကြောင့်ချည်း အကျိုးဖြစ်ထွန်းတာ ဟုတ်မဟုတ် အသေအချာ မသိရပါဘူး။ ဗိုက်စည်းသုံးသုံး မသုံးသုံး မီးဖွားပြီးစ အမျိုးသမီးတယောက်အနေနဲ့ နဂိုမူလ ခန္ဓါကိုယ်အချိုးအစားနဲ့ ကိုယ်အလေးချိန်ကို ပြန်ရဖို့အတွက် အကောင်းဆုံးနည်းလမ်းက အဆီနည်းပြီး အမျှင်ဓါတ်များများပါတဲ့ အစားအသောက်တွေစားပေးဖို့နဲ့ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ပါပဲ။။

    အမျိုးသမီးတွေ ကျန်းမာရေးနဲ့ ခန္ဓါကိုယ် အလှအပအတွက် (အဓိကအနေနဲ့ မီးဖွားပြီးစ အမျိုးသမီးတွေ) လိုအပ်တဲ့ နေထိုင်မှုပုံစံအဖြစ် ငါးဆယ်ရာခိုင်နှုန်းက အစားအသောက်ကို မှန်ကန်သင့်တော်စွာစားဖို့နဲ့ ငါးဆယ်ရာခိုင်နှုန်းက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးမလုပ်ဘဲနဲ့တော့ ကိုယ်အလေးချိန်ကျဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

    အမြဲတမ်းအတွက်ပဲ ဖြစ်ဖြစ် မီးဖွားပြီးစအချိန်အတွက်ပဲ ဖြစ်ဖြစ် အမျိုးသမီးတွေအနေနဲ့ အစားအသောက်ဆင်ခြင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့အစား ဗိုက်စည်းကို သုံးဖို့တော့ မဖြစ်နိုင်ပါဖူး။ ဒီဗိုက်ပတ်ဟာ မိခင်အသစ်စက်စက်လေးတွေအတွက် ဆိုးကျိုးကိုတောင် ဖြစ်စေနိုင်ပါဦးမယ်။ ဘာလို့လည်းဆိုတော့ ပုံမှန်အားဖြင့် ဝမ်းဗိုက်အတွင်းက ကြွက်သားတွေကို ပိုပြီး သန်စွမ်းလာအောင် များများလေ့ကျင့်ပေး၊သုံးပေးဖို့လိုပေမယ့် ဗိုက်စည်း အသုံးပြုထားတဲ့အချိန်တွေမှာ ဝမ်းဗိုက်ကကြွက်သားတွေကို နည်းနည်းပဲ သုံးရစေလို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement