backup og meta

ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

    ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

    ကလေးမွေးရင် ဗိုက်နာမှာ ကြောက်လို့၊ လိုချင်တဲ့ ရက်မရမှာစိုးလို့ဆိုပြီး ဗိုက်ခွဲပြီးကလေးမွေးတဲ့ အလေ့အထက ခုနောက်ပိုင်း အရမ်းကို ခေတ်စားလာတာ အားလုံး အသိပါ။ ခွဲမွေးတာဟာ ကလေးမွေးချင်လို့ ဗိုက်အနာမခံရတာမှန်ပေမယ့် ခွဲစိတ်ပြီး နောက်ပိုင်း ရက်တွေ မှာတော့ ချုပ်ရိုးကတစ်မျိုး၊ ခွဲထားတဲ့ အနာကနာတာတစ်မျိုး၊ ဆီးမသွား လေမလည် နိုင်တာကတစ်မျိုးနဲ့ အမျိုးမျိုးတွေ ခံရမှာ မေမေတို့ပါ။ ဒါ့အပြင် ချုပ်ရိုးကို သေချာ ဂရုမစိုက်မိတဲ့အခါမျိုးဆို ချုပ်ရိုးကွဲတာ ၊ ပိုးဝင်ပြီး ပြည်တည် အနာကျက်တာတွေ ဖြစ်နိုင်တဲ့အတွက် ခွဲစိတ်ပြီး ကလေးမွေးထားတဲ့ ရှောင်သ့င် ဆောင်သင့်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။ ။

    ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

    ဗိုက်ခွဲပြီး ကလေးမွေးထားတဲ့ မေမေတို့ အတွက် အဓိက အရေးကြီးတဲ့ ၃ ချက် ကတော့

    • သွားလာလှုပ်ရှားမှု
    • အစားအသောက်နဲ့
    • ချုပ်ရိုးကို ဂရုစိုက် ဖို့ ပဲ ဖြစ်ပါတယ်။

    သွားလာလှုပ်ရှားမှု ။ ။

    ဒါတွေလုပ်ပါ။

    • ထိုင်နေလို့ရပါတယ်။ ကလေးနဲ့ နီးနီးကပ်ကပ်နေပြီး ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ။
    • ပင်ပန်းလာတယ်ဆို အနားယူပါ။
    • လမ်းလျှောက်ပေးပါ။ ဗိုက်နာလို့ဆိုပြီး လမ်းမလျှောက်ဘဲနဲ့ မနေပါနဲ့။ လမ်းအနည်းငယ်လျှောက်ပေးတာကြောင့် ဝမ်းချုပ်ခြင်းသက်သာသလို သွေးအနည်ထိုင်ခြင်းကိုပါ လျော့ပါးစေပါတယ်။
    • ချောင်းဆိုးချင်၊ နှာချေချင်တဲ့ အခါမှာ ချုပ်ရိုးပေါ် ခေါင်းအုံးလေး ဖိပြီး မှ ချောင်းဆိုးပါ။ နှာချေပါ။
    • ရေချိုးခန်းလောက်တော့ သွားနိုင်မှာပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုက အနာအတွက်ရော ကလေးအတွက်ရော အရေးကြီးတာကြောင့် ပုံမှန်အတိုင်း ရေချိုးပေးလို့ရပါတယ်။ အနာကိုတော့ ရေနဲ့ မထိပါစေနဲ့။

    ဒါတွေ မလုပ်ပါနဲ့။ ။

    • အလေးအပင်တွေမမပါနဲ့။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ အလေးအပင်မတာ ၆ လနောက်ပိုင်းမှ ပြန်လုပ်ပေးပါ။
    • အနာကို ရေမစိုပါစေနဲ့။
    • ဗိုက်ခွဲမွေးပြီး ၄၅ ရက်နောက်ပိုင်းအထိ အတူနေတာကို ရှောင်သင့်ပါတယ်။
    • ကိုယ်အိပ်နေတဲ့အချိန် ကလေးကိုကြည့်ပေးဖို့ အိမ်အလုပ်တွေ ကူလုပ်ပေးဖို့ မိသားစု အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။

    အစားအသောက် ။ ။

    ကလေးမွေးပြီးနောက် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုကို ဆင်ခြင်ဖို့ အရင်တုန်းကထက် ပိုပြီး အရေးကြီးလာပါပြီ။

    ဒါတွေလုပ်ပါ။

    • ရေများများသောက်ပါ။ ဒါမှ နို့များများထွက်မှာပါ။
    • အာဟာရတွေ အကုန်ရဖို့ အစားအသောက်တွေ အကုန်စုံအောင် စားပေးပါ။
    • ဝမ်းချုပ်တာကို ကြိုကာကွယ်ဖို့အတွက် အမျှင်ဓာတ်များတဲ့ ဖြည့်စွက်စာတွေ စားပေးပါ။ သောက်ပေးပါ။

    ဒါတွေ မလုပ်ပါနဲ့။ ။

  • လုံးဝ အစားမရှောင်ပါနဲ့။ မိခင် အစားရှောင်လိုက်ရင် ကလေးမှာလည်း အာဟာရ ချို့တဲ့တာ ဖြစ်သွားနိုင်ပါတယ်။
  • ကလေးမွေးပြီး ဝလာမှာစိုးလို့ဆိုပြီး အစားသိပ်မစားတာမျိုးလည်း မလုပ်နိုင်ပါနဲ့။
  • ချုပ်ရိုးကို ဂရုစိုက်ပါ။ ။

    ဗိုက်ခွဲမွေးပြီး နောက်ပိုင်း ချုပ်ရိုးကလည်း အရေးကြီးတာကြောင့် ဒါလေးတွေ သိစေချင်ပါတယ်။ ။

    ဒါတွေလုပ်ပါ။

    • ချုပ်ရိုးခြောက်နေဖို့ အရေးကြီးပါတယ်၊
    • သန့်ရှင်းနေဖို့လည်း အရေးကြီးတာကြောင့် ရေနွေးလေး ဆပ်ပြာအပျော့လေးသုံးပြီး ချုပ်ရိုးကိုသန့်စင်ပေးပါ။

    ဒါတွေ မလုပ်ပါနဲ့။ ။

    • ချုပ်ရိုးကို လက်နဲ့ သွားသွား မဆွပါနဲ့။
    • အနာကို ရေမထိအောင် ထားပါ။
    • ပိုးသေအောင် ဆိုပြီး အရက်ပြန် တွေ၊ ပိုးသတ်သန့်စင်ဆေးရည်တွေ အရမ်းကြီး စွတ်မထည့်ပါနဲ့။
    • ချုပ်ရိုးကို လေဝင်လေထွက်ကောင်းအောင် ထားဖို့လိုတာကြောင့် ပလာစတာ အရမ်းကြီး စည်းမထားပါနဲ့။ ။

    ဘယ်လို အချိန်တွေ မှာ ဆရာဝန်ဆီ ပြန်သွားဖို့လိုမလဲ ။ ။

    • ချုပ်ရိုးပိုးဝင်တာ၊ ချုပ်ရိုးကနေ ပြည်ထွက်နေတာ
    • အနာပိုးဝင်တဲ့ အရှိန်ကြောင့် ကိုယ်ပူပြီး ဖျားတာ၊ ဗိုက်အောင့်တာ
    • မိန်းမကိုယ်ကနေ သွေးဆင်းတာ မရပ်တာ
    • ချုပ်ရိုးပြန်ပွင့်သွားတာ
    • ဆီးမသွားနိုင်၊ ဝမ်းမသွားနိုင်တဲ့ အခါမျိုးဆို ဆရာဝန်ဆီပြန်သွားပြီးပြဖို့လိုအပ်ပါပြီ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement