backup og meta

ကိုယ်ဝန်ဆောင်မေမေထောပတ်သီးစားလို့ဖြစ်ပါ့မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေထောပတ်သီးစားလို့ဖြစ်ပါ့မလား

    ကိုယ်ဝန်ဆောင်မေမေတစ်ယောက်က သာမန်လူတစ်ယောက်နဲ့မတူပါဘူး။ စားလိုက်သမျှအစားအသောက်တိုင်းက ကောင်းကျိုးရှိရင် နှစ်ဦးစလုံးအတွက် အကျိုးရှိမှာဖြစ်ပြီး ထိခိုက်မယ်ဆိုရင်လည်း မေမေရောဘေဘီလေးမှာပါထိခိုက်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေရချိန်မှာ တစ်ခုခုစားချင်တိုင်းအဆင်ပြေပါ့မလားဆိုတာကို အရင်တွေးကြည့်သင့်ပါတယ်။

    အခုချိန်က ထောပတ်သီးတွေပေါ်ချိန်မို့ နေ့လယ်နေ့ခင်း ထောပတ်သီးဖျော်ရည် ချိုချိုအေးအေးလေးသောက်ချင်ပေမယ့် ဘေဘီလေးကို ထိခိုက်မလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက စိုးရိမ်မှုအတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။

    ကိုယ်ဝန်ဆောင်မေမေ ထောပတ်သီးနဲ့တည့်ရဲ့လား….

    ကိုယ်ဝန်ဆောင်မေမေက ထောပတ်သီးစားလို့ရပါတယ်။ ထောပတ်သီးစားသုံးမှုက မေမေရော ဘေဘီလေးမှာပါ ထိခိုက်မှုမရှိတဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေတောင်ပေးပါသေးတယ်။ မေမေထောပတ်သီးစားသုံးပေးမှုက မေမေနဲ့ ဘေဘီလေးအတွက် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရစေတာလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အတူတူဆက်ကြည့်ရအောင်လား။

    ထောပတ်သီးမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ…..

    ထောပတ်သီးထဲမှာ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အာဟာရတွေတော်တော်များများပါဝင်နေပါတယ်။

    • ဖောလိတ်

    • ပိုတက်ဆီယမ်

    • ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ

    • ကယ်လ်လိုရီ

    • ဆိုဒီယမ်

    • အမျှင်ဓာတ်

    • ပရိုတင်း

    • ဗီတာမင် A

    • ဗီတာမင် C

    • ဗီတာမင် B (B1/B2/B5/B6)

    ဗီတာမင် E

    • ဗီတာမင် K

    • ကယ်လ်ဆီယမ်

    • သံဓာတ်

    • ကာဗိုဟိုက်ဒရိတ်

    • choline

    • ကော့ပါး

    • ဇင့်

    • မဂ္ဂနီဆီယမ် တို့ပါဝင်နေပါတယ်။

    ဘယ်အချိန်မှာ ထောပတ်သီးစားတာအကောင်းဆုံးဖြစ်မလဲ….

    ထောပတ်သီးက ဖောလိတ်ပါဝင်မှုများတာကြောင့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ စားပေးတာက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်ဖြစ်မလာအောင် ကူညီပေးနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ထောပတ်သီးစားပေးပါလို့ပြောရတဲ့ အကြောင်းအရင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ထောပတ်သီးကိုစားသုံးပေးတာက မေမေအတွက်ရော ဘေဘီလေးအတွက်ပါ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာပါ။

    ဘေဘီလေးကို မွေးရာပါချို့ယွင်းချက်ကင်းစေတယ်

    ထောပတ်သီးမှာ ဖောလိတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် မွေးရာပါချို့ယွင်းမှုမရှိအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားနည်းတာက မေမေ့မှာ သွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ထောပတ်သီးက သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းရောဂါကို ကာကွယ်တဲ့အနေနဲ့ စားသုံးပေးသင့်ပါတယ်။

    အစာကြေစေနိုင်တယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ အစာမကြေတာ၊ ဝမ်းချုပ်တာတွေက အမြဲလိုလိုခံစားရလေ့ရှိတဲ့ရောဂါပါ။ ဒီပြဿနာတွေကင်းစေဖို့ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတာကို စားဖို့လိုအပ်ပါမယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်တယ်

    ကိုယ်ဝန်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်တာကို သက်သာစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝဖို့လိုပါမယ်။ ဒီပြဿနာကိုလည်း ထောပတ်သီးစားသုံးမှုကအကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။

    သွေးတွင်း အဆီဓာတ်နဲ့သကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

    ထောပတ်သီးကို ပုံမှန်စားသုံးပေးမှုက ကိုယ်ဝန်ဆောင်မေမေတို့ကို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်တွေတိုးမလာစေဖို့ အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကြွက်တက်တာကို သက်သာစေနိုင်တယ်

    ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ကြုံရနိုင်တဲ့ ပြဿနာတစ်ခုက ကြွက်တက်တာပါ။ ဒိလိုမျိုး ခြေထောက်တွေကြွက်တက်တာကို ထောပတ်သီးက အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ကြွယ်ဝသလို ကယ်လ်ဆီယမ်လည်းပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်တာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။

    ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေနိုင်တယ်

    ထောပတ်သီးမှာ choline ပါဝင်နေသလို ဖောလိတ်လည်းကြွယ်ဝစွာပါဝင်နေမှုက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    အာဟာရစုပ်ယူနိုင်စွမ်းကောင်းစေတယ်

    ထောပတ်သီးက အာဟာရတွေထောက်ပံ့ပေးရုံတင်မဟုတ်ဘဲ အခြားအစားအစာတွေမှာပါတဲ့ အာဟာရဓာတ်တွေကိုပါ အကောင်းဆုံးစုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။

    ကိုယ်ဝန်ဆိပ်တက်တာကို လျော့ကျစေတယ်

    ပိုတက်ဆီယမ်ကြွယ်ဝမှုက သွေးပေါင်မတက်အောင်ကာကွယ်ပေးနိုင်ရုံမက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ သွေးဆိပ်တက်တာကိုပါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မေမေ့မှာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း သိသိသာသာလျော့ကျစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement