မွေးဖွားပြီးကာလ

မွေးဖွားပြီးကာလ မှာ မိခင်များအနေနဲ့ ကြုံလာရနိုင်တဲ့ မီးတွင်းကာလ ကျန်းမာရေး ပြဿနာများ၊ ဖြေရှင်းနည်းများကို လေ့လာထားနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မွေးဖွားပြီးကာလ

မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

ဗိုက်အောင့် ဗိုက်နာတယ်ဆိုတာက မီးမဖွားခင် ကာလမှာပဲ ဖြစ်တတ်တာ မဟုတ်ပါဘူး။ မီးဖွားပြီးချိန်မှာလည်း ဖြစ်နိုင်ပါတယ်။ မွေးဖွားပြီးချိန် ကစလို့ ရက်သတ္တပတ် ၆ ပတ်တာကာလမှာ ခန္ဓာကိုယ်က ပုံမှန် အနေအထားရောက်အောင် ပြန်လည် လုပ်ဆောင်နေချိန်ပါ။ ဒီကာလမှ ဗိုက်အောင့်တာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး အခြေအနေတွေကို ခံစား ကျော်လွှားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ....... ဒီအခြေအနေတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲ ...... ဆိုတာနဲ့ ဘယ်အခြေအနေတွေဆိုရင် ကုသမှု ခံယူဖို့ လိုမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မွေးဖွားပြီးချိန် ဗိုက်အောင့်တာ စိုးရိမ် ရလား ....... မွေးဖွားပြီးချိန် ဗိုက်အောက်ပိုင်းနား ဆီးစပ်တစ်ဝိုက်မှာ အောင့်တာကို ခံစားရတာမျိုးက အဖြစ်များပါတယ်။ အများစုကတော့ အန္တရာယ် မရှိပါဘူး။ ဘာကြောင့် […]

မွေးဖွားပြီးကာလ ကို ရှာဖွေမည်။

မွေးဖွားပြီးကာလ

ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။ ကလေးမွေးရင် ဗိုက်နာမှာ ကြောက်လို့၊ လိုချင်တဲ့ ရက်မရမှာစိုးလို့ဆိုပြီး ဗိုက်ခွဲပြီးကလေးမွေးတဲ့ အလေ့အထက ခုနောက်ပိုင်း အရမ်းကို ခေတ်စားလာတာ အားလုံး အသိပါ။ ခွဲမွေးတာဟာ ကလေးမွေးချင်လို့ ဗိုက်အနာမခံရတာမှန်ပေမယ့် ခွဲစိတ်ပြီး နောက်ပိုင်း ရက်တွေ မှာတော့ ချုပ်ရိုးကတစ်မျိုး၊ ခွဲထားတဲ့ အနာကနာတာတစ်မျိုး၊ ဆီးမသွား လေမလည် နိုင်တာကတစ်မျိုးနဲ့ အမျိုးမျိုးတွေ ခံရမှာ မေမေတို့ပါ။ ဒါ့အပြင် ချုပ်ရိုးကို သေချာ ဂရုမစိုက်မိတဲ့အခါမျိုးဆို ချုပ်ရိုးကွဲတာ ၊ ပိုးဝင်ပြီး ပြည်တည် အနာကျက်တာတွေ ဖြစ်နိုင်တဲ့အတွက် ခွဲစိတ်ပြီး ကလေးမွေးထားတဲ့ ရှောင်သ့င် ဆောင်သင့်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။ ။ ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ […]


မွေးဖွားပြီးကာလ

ခွဲမွေးထားတဲ့မေမေ တို့ရေ ဒါလေးတွေသိထားဖို့လိုပါမယ်နော်

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ပီတိအဖြစ်ရဆုံးအချိန်နဲ့ အစွန့်စားရဆုံးအချိန်က သားသားမီးမီးလေးတွေကိုမွေးဖွားတဲ့အချိန်ပါ။ မေမေဖြစ်ရလို့ ပီတိဖြစ်ရပေမယ့် ခွဲမွေးထားတဲ့မေမေ ျဖစ္ရတာကေတာ့ အတော်လေးတော့စွန့်စားရတဲ့အလုပ်ပါ။ ဒီစွန့်စားမှုက ဒီလောက်နဲ့ပြီးသွားလားဆိုတော့ မဟုတ်သေးပါဘူး။နောက်ဆက်တွဲသေချာဂရုစိုက်မှုလည်း လိုအပ်ပါမယ်။ ဒါမှ မိခင်ကျန်းမာပြီး ကလေးကိုသေချာဂရုစိုက်နိုင်မှာပါ။ ကလေးတစ်ယောက်မွေးဖွားတော့မယ်ဆိုရင် ကလေးတစ်ယောက်ကို ကိုယ်ဝန်စလွယ်ချိန်ကတည်းကမေမေတို့အနေနဲ့ အစားအသောက်အနေအထိုင်တော်တော်များများဆင်ခြင်ကြရပါတယ်။နေမကောင်းဖြစ်တဲ့အခါမှာလည်းဆေးကို ထင်သလိုသောက်လို့မရတဲ့အပြင် အရမ်းကြိုက်ပါတယ်ဆိုတဲ့ အစားအစာတွေရှိရင်တောင် ကလေးနဲ့မတည့်မှာစိုးလို့ မစားရတာမျိုးရှိပါသေးတယ်။ ဒီလိုကာလက ၈ လကျော် ၉ လအထိကြာမြင့်နိုင်ပါတယ်။ ပြီးရင်စဉ်းစားရမယ့်နောက်တစ်ချက်ရှိပါသေးတယ်။ ကလေးကိုနေ့စေ့လစေ့မွေးတဲ့အခါ ဘယ်လိုမွေးမလဲဆိုတာပါ။ ရိုးရိုးမွေးမလား၊ခွဲမွေးမလားပေါ့။ ကိုယ့်ရဲ့ OG ကအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုညွှန်ကြားပေးမှာဖြစ်ပါတယ်။ အခုပြောပြချင်တာက ကလေးကို ခွဲမွေးမယ်ဆိုရင်မေမေတို့အနေနဲ့ ကိုယ့်ကျန်းမာရေးအတွက် သိထားဖို့လိုမယ့် အကြောင်းအရာလေးတွေပါ။ ခွဲမွေးထားတဲ့မေမေ တို့ သိထားဖို့လိုမှာလေးတွေ အသေးစားခွဲစိတ်မှုမဟုတ်ပါ ကလေးကိုခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်ပါဘူး။ အကြီးစားခွဲစိတ်မှုတစ်ရပ်ပါ။ ဒါကြောင့် ခန္ဓာကိုယ်ကိုသေချာလေးဂရုစိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်ပြီး ၆ ပတ်အတွင်းမှာသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်သေးသင့်သလို လမ်းတောင် ခပ်ကြမ်းကြမ်းမလျှောက်သင့်သေးပါဘူး။ရေချိုးတဲ့အခါ ချုပ်ရိုးကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း

နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း “နင်နော်အစားတွေ တွေ့ကရာ လျှောက်မစားနဲ့၊ ငါ့မြေးနေမကောင်းလို့ကတော့နင်ပဲ”မမိုးမိုးတစ်ယောက်ယောက္ခမဖြစ်သူ၏ ပြောစကားကိုထမင်းစားရင်း ပြန်ကြားယောင်နေသည်။ ထမင်းကိုငါးကြော်လေးနှင့်သာ စားနေခြင်းဖြစ်သည်။ တစ်နေ့တစ်နေ့ထိုဟင်းနှင့်သာ စားနေရ၍ငြီးငွေ့နေသော်လည်း ယောက္ခမကို ကြောက်ရသည်က တစ်ကြောင်း၊ နို့တိုက်နေချိန်မိမိစားချင်တာအစုံစားလိုက်မိလျှင်နို့စို့နေသော ၃ လသား မိမိသားလေး ထိခိုက်နိုင်သည်ဟူသော စကားကို ယုံကြည်မိသည်က တစ်ကြောင်း အစားတော်တော်ဆင်ခြင်နေရသည်။ “နို့တိုက်မိခင်ဆိုတာအစားမရှောင်ရဘူး။ အာဟာရပြည့်အောင်စားရတယ်” ဟု ရပ်ကွက်ထဲမှသားဖွားဆရာမလေးကပြောသော်လည်း “နင့်ဆရာမက ငါမွေးမှငါ့သမီးအရွယ်ပါအေ၊ ငါပြောတဲ့အတိုင်းလုပ်စမ်းပါ” ဆိုသော ယောက္ခမစကားကိုမလွန်ဆန်နိုင်ခဲ့။ “အမေ အစားရှောင်နေတာလား၊ ဒီလောက်သေချာမှာနေသားနဲ့၊ အခုတော့ကလေးကဆေးရုံအရောက်နောက်ကျသွားပြီ၊ ဆုံးသွားပြီ” “ဟုတ်ရဲ့လား သေချာကြည့်ပေးပါဦး။ သားလေးက နို့တောင်ပုံမှန်စို့နေသေးတာ၊ ခုနကမှ ပြာပြီးမောလာတာ။ ခဏလေးပဲ ရှိသေးတာ” ဆေးရုံအရေးပေါ်တွင်ပြောနေကြခြင်းဖြစ်သည်။ မမိုးမိုး၏ သားလေး နို့စို့ရင်း ရုတ်တရက်တအားမောပြီး ပြာလာ၍ ဆေးရုံအမြန်ခေါ်လာကြခြင်းဖြစ်သည်။ ဆေးရုံရောက်တော့ဆရာဝန်၏ စကားကရင်နင့်စရာ၊ ကလေးက အသက်မပါလာဘူးတဲ့။ “ပြောရတာတော့စိတ်မကောင်းပါဘူး။ ကလေးက ကလေး ဘယ်ရီဘယ်ရီ(Infantile beri […]


မွေးဖွားပြီးကာလ

အလုပ်လုပ်သောမိခင်တွေက ပိုကျန်းမာပျော်ရွှင်ကြသလား

အလုပ်လုပ်ခြင်းနဲ့ ကလေးငယ်တွေကို တစ်ချိန်တည်းမှာ ပြုစုစောင့်ရှောက်ခြင်းဟာ ခက်ခဲပေမယ့် အလုပ်လုပ်နေတဲ့ မိခင်တွေဟာ အိမ်မှာနေတဲ့ မိခင်တွေ ထက် (အထူးသဖြင့် ကလေးတွေဟာ ကလေးငယ်တွေနဲ့ ကျောင်းမနေခင်အရွယ်တွေ ဖြစ်ရင်) ပိုမိုကျန်းမာ ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ လေ့လာမှုတစ်ခုက အချိန်ပိုင်းအလုပ်လုပ်နေတဲ့ မိခင်တွေမှာ စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ နည်းပါးတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို အိမ်မှာနေတဲ့ မိခင်တွေနဲ့ နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်လုပ်နေတဲ့ မိခင်တစ်ယောက် ရရှိတဲ့ အကျိုးကျေးဇူးများ သုတေသနမှာတော့ ကျွမ်းကျင်သူတွေက National Institute for Child Health and Human Development မှ ကောက်ထားတဲ့ အမေရိကန်မှ မိခင် ၁၃၀၀ကျော်ရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ အလုပ်လုပ်နေတဲ့ မိခင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်