backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားလို့ရလား

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေစားလိုက်သမျှက တိုက်ရိုက်ပြဲဖစ်ဖြစ် သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ် ဘေဘီလေးဆီရောက်သွားတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မေမေရဲ့ စားသောက်မှုအလေ့အထပုံစံက ဗိုက်ထဲမှာရှိတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက်အနေနဲ့ အစားအသောက်ကိုဂရုစိုက်သင့်တယ်ဆိုတာကို ပြောနေစရာမလိုအောင်ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ့်ရဲ့ အစားတစ်လုတ်ကြောင့် ဘေဘီလေးမထိခိုက်စေဖို့ ဘယ်အစားအသောက်တွေက တည့်တယ်၊မတည့်ဘူးဆိုတာကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဇီးဖြူသီးထောင်းလေးစားချင်ပေမယ့် ဇီးဖြူသီး စားလို့ရပါ့မလားလို့တွေးနေတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါမယ်။

    ဇီးဖြူသီး ဆိုတာ

    ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။

    အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တေါကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။

    ဇီးဖြူသီးမှာ ဘာတွေပါလဲ

    ဇီးဖြူသီးလေးမှာ

    • ရေဓာတ်
    • အဆီဓာတ်
    • ပရိုတင်း
    • အမျှင်ဓာတ်
    • ကာဗိုဟိုက်ဒရိတ်
    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားလို့ရလား ………….

    ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားလို့ရလားဆိုတော့ စားလို့ရပါတယ်။ ဇီးဖြူသီးက စားလိုက်စမှာ ဖန်ပေမယ့် ရေသောက်ချလိုက်တဲ့အခါ ချိုတဲ့အရသာကိုရပါတယ်။ အစိမ်းရောင်စိုစိုလေးက မျက်လုံးကိုအေးစေသလို မှည့်လာတဲ့အခါမှာလည်း ချိုချဉ်အရသာမျှတပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် C နဲ့ အမျှင်ဓါတ်ွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးပြုတဲ့ အသီးတစ်မျိုးလို့ပဲဆိုရပါမယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားရင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိစေနိုင်မလဲ…………

    တော်တော်များများလက်ခံထားနိုင်တဲ့အချက်က ဇီးဖြူသီးက လေချုပ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်ဘူးဆိုတာဖြစ်မယ်ထင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဇီးဖြူသီးစားပေးမယ်ဆိုရင်

    • ကိုယ်ခံအားကောင်းလာမယ်

    ဇီးဖြူသီးက ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဗီတာမင် C ပါဝင်မှုကလည်း တုပ်ကွေးမိတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ရောဂါကူးစက်ခံရမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အပိုဆုကတော့ မွေးဖွားပြီးချိန်မှာ နို့ထွက်များစေတာပါ။

    အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ဝမ်းချုပ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။

    ဇီးဖြူသီးက အစာမကြေတာကို သက်သာစေနိုင်သလို အစာခြေရည်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးတာကြောင့် အစာကြေလွယ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပြည့်ရင်ကယ်မဖြစ်စေဖို့ စားပေးသင့်ပါတယ်။

    ဗီတာမင် C ကြွယ်ဝမှုကြောင့် သွေးကြောတွေကို ပျော့ပျောင်းစေပြီး သွေးစီးဆင်းမှုကိုကောင်းစေသလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။

    ချိုချိုချဉ်ချဉ်အရသာရှိတဲ့ ဇီးဖြူသီးက ကိုယ်ဝန်ဆောင်မေမေတွေ ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်မှာခံစားရလေ့ရှိတဲ့ မူးဝေတာ၊ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေနိုင်သလို ကိုယ်ဝန်ဆောင်ကာလမူးဝေအော့အန်တာကိုပါ သက်သာစေနိုင်ပါတယ်။ ခန္ဓါကိုယ်ကို အင်အားပြည့်စေမှာပါ။

    ဇီးဖြူသီးက ကယ်လ်ဆီယမ်ကြွယ်ဝတာကြောင့် မေမေကိုအရိုးနဲ့သွားတွေကြံ့ခိုင်စေနိုင်ပါတယ်။ ဘေဘီလေးအတွက်လည်း အရိုးနဲ့သွားတွေ အကောင်းဆုံးဖွံ့ဖြိုးစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

    ဇီးဖြူသီးမှာ ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေခံစားရလေ့ရှိတဲ့ ခြေလက်တွေ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    ရေဓါတ်ပါဝင်မှုများတာကြောင့် ဆီးရွှင်စေနိုင်ပါတယ်။ ဆီးကနေတဆင့် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို သိသိသာသာလျှော့ချပေးပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုမြင့်တက်မှုကြောင့်ဖြစ်လာတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုက မေမေအတွက်ရော ဘေဘီလေးအတွက်ပါမကောင်းတာကတော့ အမှန်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းက ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေရာကနေ သွေးတွင်းသကြားဓါတ်မြင့်တက်ပြီး ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်လာရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုကို အစားအစားကနေတဆင့် ကာကွယ်ချင်တယ်ဆိုရင်တော့ ဇီးဖြူသီးစားပေးပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီး ဖျော်ရည်သောက်သုံးပေးတာက ဘေဘီလေးရဲ့ မှတ်ဉာဏ်ကိုကောင်းမွန်စေနိုင်ပါတယ်။

    ဘယ်လောက်ပမာဏစားရမလဲ……

    ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေတစ်ယောက်အနေနဲ့ တစ်နေ့ကို ဇီးဖြူသီး တစ်လုံးကနေ ၂ လုံးအထိစားပေးလို့ရပါတယ်။ ဇီးဖြူသီးမှုန့်ကိုတော့ တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပဲ စားပေးပါ။

    ဇီးဖြူသီးစားတာကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ…………

    ဇီးဖြူသီးက ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးများတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးပါ။ ဇီးဖြူသီးကို အများကြီးစားမယ်ဆိုရင် အစာမကြေတာ၊ ဝမ်းချုပ်တာဝမ်းလျှောတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အများကြီးမစားဖို့တော့ ပြောချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement