စိတ်ပိုင်းဆိုင်ရာ အခြေအနေ

မီးဖွားပြီးစမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပြောင်းအလဲဖြစ်တတ်တာ သဘာဝပါ။ ဒါတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေကို လေ့လာဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

စိတ်ပိုင်းဆိုင်ရာ အခြေအနေ

ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ လက္ခဏာများ

လူအများစုက ကလေးမွေးခြင်းသည် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်ဟု ထင်ကြသည်။ သို့သော် အချို့ကိစ္စများတွင် အမျိုးသမီးများသည် စိတ်ခံစားမှုမကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေကို ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ဟုခေါ်ပါသည်။ အမျိုးသမီးများသည် ကလေးမွေးဖွားပြီးနောက် ရုတ်တရက် ဟော်မုန်း အပြောင်းအလဲများကြောင့် မိခင်တွင် စိတ်ခံစားလွယ်ခြင်း၊ အငိုလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပူပန်သောကရောက်ခြင်းတို့ကို ခံစားရစေပါသည်။ ကံကောင်းသောအချက်မှာ ထိုအခြေအနေသည် အကြာကြီး မဖြစ်နေဘဲ မွေးဖွားပြီး ရက်အနည်းငယ်တွင် ပျောက်သွားတတ်သည်။ သို့သော် လက္ခဏာများမှာ မသက်သာဘဲ ပိုဆိုးလာလျှင် စိတ်ကျရောဂါလားဆိုတာ ဆန်းစစ်ဖို့ အောက်ပါအချက်တွေနဲ့ စစ်ဆေးကြည့်သင့်ပါသည်။ ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ အဖြစ်များသော လက္ခဏာများ အဓိကလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဝမ်းနည်းခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်းကို တောက်လျှောက်ခံစားရသည်။ ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများကို စိတ်ဝင်စားမှုမရှိပါ။ ယခင်က စိတ်ပျော်ရွှင်မှုပေးနိုင်သော […]

စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကို ရှာဖွေမည်။

စိတ်ပိုင်းဆိုင်ရာ အခြေအနေ

ကိုယ်ဝန်ဖျက်ချခြင်းသည် မုဒိမ်းကျင့်ခံရခြင်းနှင့် မိသားစုဝင်အချင်းချင်းအဓမ္မပြုကျင့်ခြင်းကြောင့် ရရှိလာသောကိုယ်ဝန်ကိုဖြေရှင်းဖို့ အတွက် အဖြေမဟုတ်ပါ။

ကိုယ်ဝန်ဖျက်ချခြင်းသည် နောက်ထပ် စိတ်ဒဏ်ရာတစ်ခု ဖြစ်စေသည်။ လူအများစုထင်ကြသည်က ကိုယ်ဝန်ဖျက်ချခြင်းပြုလုပ်လိုက်လျှင် မုဒိမ်းကျင့်ခံရသော အမျိုးသမီးတစ်ယောက်၏ ဒဏ်ရာမှလျင်မြန်စွာ လွတ်မြောက်စေနိုင်မည်ဟုထင်ကြပါသည်။ သို့မဟုတ် အနည်းဆုံးတော့သူမကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက် မုဒိမ်းကျင့်ခံရခြင်းကိုအမှတ်ရနေခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ထင်ကြပါသည်။ မုဒိမ်းကျင့်ခံရပြီးနောက် ကိုယ်ဝန်ဖျက်ချဖူးသော အမျိုးသမီးအများစု၏ ထွက်ဆိုချက်များအရ ကိုယ်ဝန်ဖျက်ချခြင်းသည် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနှင့် ပက်သက်သည့်ထိခိုက်ခံစားရမှုများကိုပိုဆိုးစေသည်ဟု ထွက်ဆိုကြပါသည်။ အမျိုးသမီးအများစုဖော်ပြထားသည်က ကိုယ်ဝန်ဖျက်ချခြင်းကို အဓမ္မပြုကျင့်ခြင်းနည်းတစ်မျိုး (Medical rape) ဆေးပညာအရ နိုင်ထက်စီးနင်းပြုကြခြင်းဟု ဖော်ပြကြပါသည်။ အလွယ်တကူနားလည်နိုင်တာကတော့ ကိုယ်ဝန်ဖျက်ချခြင်းသည်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း ခံရခြင်းကိုပို၍ဆိုးဝါးစေသော ဒုတိယမြောက်ဒဏ်ရာတစ်ခုဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ဖျက်ချဖို့အတွက် မျက်နှာကိုအုပ်ထားသော လူစိမ်းဆရာဝန်က သူမ၏လိင်အင်္ဂါထဲသို့ နာကျင်စေသော ပစ္စည်း ထိုးထည့်ရပါသည်။ သူမကခွဲခန်းကုတင်ပေါ်တွင်လှဲနေစဉ်အတွင်း သူမခန္ဓါကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိပါ။ အကယ်၍ သူမသည် ဆရာဝန်ကို ကိုယ်ဝန်ဖျက်ချခြင်းရပ်တန့်ဖို့ပြောမည်ဆိုပါကလည်း သူမပြောစကားကို လျစ်လျူရှူနေနိုင်သလို၊ ရပ်တန့်ဖို့လည်းနောက်ကျနေပြီဖြစ်ကြောင့် ပြောထားလည်းဖြစ်နိုင်ပါသည်။ အမျိုးသမီးအများစုအတွက်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းနှင့်ကိုယ်ဝန်ဖျက်ချခြင်းအကြား ကြုံတွေ့ရသည့်ဆက်နွယ်မှုသည် အလွန်ပြင်းထန်ပါသည်။ အမျိုးသမီးများအနေနှင့်ဖျက်ချလိုက်သည့် ကလေးသည်မုဒိမ်းကျင့်မှုကြောင့်ရရှိခဲ့သည့်ကလေးဟုတ်သလားမဟုတ်ဘူးလားဆိုသည်နှင့်ပက်သက်ပြီး လည်းပြင်းထန်သောခံစားချက်များရှိကြပါသည်။ ဤအရာသည်မုဒိမ်းကျင့်ခံရဖူးသည့်အမျိုးသမီးများသည် […]


စိတ်ပိုင်းဆိုင်ရာ အခြေအနေ

ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင် လုပ်ပါ

ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင် လုပ်ပါ ...... ဒီလို ပြောရပေမယ့် ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရယူဖို့က မိဘအသစ်တွေအနေနဲ့ နောက်ဆုံးမှ စဉ်းစားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့ လိင်မှုဘဝဟာ သင့်ဆက်ဆံရေးအတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်မှုဘဝကို ဘယ်လိုပြန်လည်ရယူရမလဲဆိုတာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင် လုပ်ပါ ဆိုရာဝယ် ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ဆိုရင် သင့်ခန္ဓာကိုယ် အနာကျက်သွားပြီဆိုတာသေချာပါစေ။ အမျိုးသမီးအများစုက ကလေးမွေးဖွားပြီး လေးပတ်ကနေ ခြောက်ပတ်အကြာမှာ ချပ်ရိုးတော်တော်များများက ကျက်ပါပြီ။ ချုပ်ရိုးကျက်လို့ အတူနေမယ်လို့ စဉ်းစားရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တားဆေးသုံးဖို့ စစီစဉ်သင့်ပါပြီ။ ဘယ်လိုပဲ မွေးပြီးခါစဖြစ်ဖြစ်၊ နို့တိုက်နေတယ်ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေရှိတယ်ဆိုတာကို သတိထားရပါမယ်။ နောက်တစ်ခုက သင့်မှာ lochia လို့ ခေါ်တဲ့ ကလေးမွေးဖွားပြီးရင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်