backup og meta

ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

    ကလေးအမေတိုင်းလိုလိုဟာ ကလေးမွေးပြီးရင် ပင်ပန်းခြင်းနဲ့ စိတ်ပူပန်ခြင်းကို ခံစားရနိုင်ပါတယ်။ ကလေးအတွက် တာဝန်ယူမှုတွေ အပါအဝင် အအိပ်နည်းခြင်း၊ ကိုယ်ပိုင်အချိန် နည်းပါးခြင်းတွေကြောင့် ကလေးအမေတွေဟာ ကလေးမွေးပြီး ဘာကြောင့် baby blues ဖြစ်လဲဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် baby blues ကို ကာကွယ်လို့ရပါသလား။ ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

    ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတော့

    (၁) ကလေးအိပ်တဲ့အချိန် ကိုယ်ပါ လိုက်အိပ်ပါ။

    ကလေးမွေးပြီးကာခ မိခင်တွေအနေနဲ့ အများဆုံးကြုံတွေ့ရတာကတော့ အိပ်ရေးမဝခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ရိုးရှင်းကောင်းရိုးရှင်းပါလိမ့်မယ်။ ဒါပေမယ့် လူအများစုဟာ ကလေးအိပ်နေတဲ့အချိန်မှာ အိမ်သန့်ရှင်းရေး လုပ်နေတာမျိုး ကျေးဇူးတင်လွှာရေးနေတာမျိုးသာ လုပ်တတ်ပါတယ်။ သင်ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက် ဒီအလုပ်တွေလုပ်ရမယ်ဆိုရင် အကူအညီယူသင့်ပါတယ်။ အအိပ်မပျက်တဲ့ မိခင်အများစုဟာ စိတ်ကျမှု ဖြစ်ခြင်း နည်းပါးပါတယ်။ နောက်တစ်ခေါက် သင့်ကလေးအိပ်တဲ့အခါ သင်ပါ လိုက်အိပ်သင့်ပါတယ်။

    (၂) ငါးအများကြီးစားပါ

    လေ့လာမှု အတော်များများက omega 3 fatty acid, EPA နဲ့ DHA တို့ဟာ ကလေးမွေးပြီးကာစ မိခင်တွေမှာ စိတ်ကျမှု ဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။ Omega 3 ကို ဆယ်မွန်ငါး၊ cod၊ တူနာငါးနဲ့ ငါးသေတ္တာတို့မှာ ပါဝင်ပါတယ်။ သူတို့ကို ဖြည့်စွက်စာအနေနဲ့လဲ ရရှိနိုင်ပါတယ်။ ဒီ အက်ဆစ်နှစ်ခုဟာ ကိုယ်ခန္ဓါက ထုတ်လုပ်မပေးနိုင်ပေမယ့် ကလေးဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီ fatty acid တွေ လုံလုံလောက်လောက်စားတဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါ ရရှိမှုနည်းပါးပါတယ်။ တစ်နေ့ကို DHA 625 mg နဲ့ EPA 410 mg လောက် စားသင့်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ဟာ လိုအပ်တဲ့ အာဟာရဓါတ်တွေဖြည့်တင်းဖို့ တစ်ပတ်ကို ငါး ၁၂ အောင်စ စားသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

    (၃)တတ်နိုင်ရင် လေ့ကျင့်ခန်းလုပ်ပါ။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ စားသုံးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ကျန်းမာသန်စွမ်းစေပါတယ်။ သင့်မှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓါ ရှိနေခဲ့ရင် ကလေးမွေးပြီး baby blues ရမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ လေ့လာမှုတွေက ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်ဝန်ဆောင်အပြီးမှာ လေ့ကျင့်ခန်းမ လုပ်သူတွေဟာ စိတ်ကျရောဂါ ပိုမိုခံစားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ အလေးမခြင်း (သို့) မာရသွန် ပြေးခြင်းလိုမျိုးတော့ လုပ်စရာမလိုပါဘူး။ ယောဂ ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း အစရှိတဲ့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ကိုလည်း ကြည်လင်စေပြီး မိခင်ဘဝအတွက် ပိုမို စိတ်ကျေနပ်မှု ရရှိစေမှာပါ။

    (၄) ကိုယ်တစ်ယောက်တည်း အချိန်ဖြုန်းပါ။

    မိခင်အတော်များများဟာ သူတို့နိုးနေချိန်တွေမှာ ကလေးနဲ့ အချိန် မကုန်ဆုံးရရင် ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ တကယ်လို့ ၁၅ မိနစ်လောက် ကိုယ်ပိုင်အချိန်ယူမိရင်တောင် ဒါဟာ အိမ်အလုပ်တွေ လုပ်နေတာမျိုးဖြစ်တတ်ပါတယ်။ တကယ်တော့ မွေးကင်းစကလေးတွေအတွက် တည်ငြိမ်တဲ့ မိခင်တစ်ယောက်ဟာ ပိုမိုငြိတွယ်လွယ်ပါတယ်။ ကလေးနဲ့ပဲ အချိန်တိုင်း ကုန်ဆုံးနေရင် ဒါဟာ သင့်အတွက်ပိုမို စိတ်ဖိစီးစရာဖြစ်ရုံတင်မကပါ ကလေးအတွက်ပါ အကျိုးမရှိပါဘူး။ ဒါကြောင့် ကိုယ်ပိုင်အချိန်အနည်းငယ်ယူပြီး ရေချိုးကန်ထဲစိမ်ခြင်း၊ တရားထိုင်ခြင်းတွေ လုပ်ခြင်းအားဖြင့် ပိုမိုစိတ်တည်ငြိမ်မှာ ဖြစ်ပါတယ်။

    (၅) အခြားသူတွေကို တာဝန်လွှဲပါ။

    မွေးကင်းစ ကလေးနဲ့ဆိုရင် သင်ဟာ အိမ်မှာပဲနေပြီး ကလေးကိုသာ ပြုစုချင်ပါလိမ့်မယ်။ အမျိုးသမီးအချို့အတွက်ကတော့ အိမ်မှာနေခြင်းဟာ အိမ်အလုပ်တွေ ပြီးအောင် လုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ အိမ်အတွက် စဉ်းစားပေးပြီး ကောင်းတဲ့အလုပ် ဖြစ်သော်လည်း အချို့ကိစ္စတွေကို အိမ်သားတွေနဲ့ သူငယ်ချင်းတွေကို လွှဲပေးသင့်ပါတယ်။ သင့်အမျိုးသား (သို့) ညီမကို ကလေးခဏ ချီပေးထားဖို့ (သို့) သင့်အမေကို အဝတ်လျှော်စက် အသုံးပြုစေဖို့ အကူအညီတောင်းရန် မရှက်သင့်ပါဘူး။ သူတို့ဟာ သင်အကူအညီ တောင်းတဲ့အတွက် ဝမ်းသာမှာဖြစ်ပြီး သင်ဟာလည်း ကလေးနဲ့ ပိုမို ရင်းနှီးလာမှာ ဖြစ်ပါတယ်။

    (၆) ကလေးမမွေးခင် ကျွမ်းကျင်သူနဲ့ တွေ့ပါ။

    ကိုယ်ဝန်ရှိနေစဉ်မှာ စိတ်ကျနေမယ်ဆိုရင် ကလေးမွေးတဲ့အခါ baby blues ဖြစ်ဖို့ ရာနှုန်းပိုများပါတယ်။ ဒီလိုအခါမျိုးဆို ကလေးမမွေးခင် ကျွမ်းကျင်သူနဲ့ သွားရောက်ပြသသင့်ပါတယ်။ ဆရာဝန်က စိတ်ကျရောဂါ သက်သာဆေးတွေနဲ့ baby blues ဖြစ်မလာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ကြားပြသပေးမှာဖြစ်ပါတယ်။

    မွေးကင်းစ ကလေးရဲ့ မိခင် ၈၀% လောက်ဟာ baby blues ဖြစ်တတ်ကြပါတယ်။ သင်တကယ်လို့ စိတ်ထိခိုက်နေတယ်ဆိုရင် မိခင်ဘဝဆိုတာ ပြီးပြည့်စုံစရာ မလိုဘူးဆိုတာကိုသာ သတိရပါ။ သင့်မှာ အခက်အခဲတွေ ရှိနေပေမယ့် ဒီလိုစိတ်ပြောင်းလဲမှုတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ခက်ခဲတဲ့အချိန်တွေကို လွယ်ကူစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement