backup og meta

မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ

    အမျိုးသမီး တစ်ဝက်ခန့်က ကလေးမွေးပြီး ရက်အနည်းငယ်လောက် ဝမ်းနည်းစိတ် အနည်းငယ် ဝင်တတ်တာသဘာဝဖြစ်ပါတယ်။ ဝမ်းနည်းစိတ်ဝင်တာက တစ်ပတ်၊ နှစ်ပတ်ထက် ပိုကြာနေပြီဆိုရင်တော့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ များလာပါပြီ။ ဒါကြောင့် ကလေးမွေးထားတဲ့ မိခင်များအတွက် မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    မီးဖွားပြီးနောက်ဖြစ်သောစိတ်ကျရောဂါ

    စစ်တမ်းများအရ ပထမဆုံးအကြိမ် မိခင်ဖြစ်လာသော အမျိုးသမီး ၈၀% တွင် မီးဖွားပြီးနောက်ဖြစ်သော ဝမ်းနည်းပူဆွေးခြင်း ဖြစ်တတ်ကြောင်း တွေ့ရှိထားပါတယ်။ လက္ခဏာတွေက  များသောအားဖြင့် ကလေးမွေးပြီး ၂ရက်ခန့်အကြာမှာ ပေါ်လာတတ်ပါတယ်။

    ဒီလိုဖြစ်ရခြင်းက ကိုယ်ဝန်ဆောင်ဟော်မုန်းများ ရုတ်တရတ် ထိုးကျသွားသလို ကလေးအတွက် တောက်လျှောက် ဂရုစိုက်မှုပေးရမယ့် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲမှုများ ရှိလာတာကြောင့်ဖြစ်ပါတယ်။

    မီးဖွားပြီးနောက်ဖြစ်သော ပူဆွေးဝမ်းနည်းခြင်းသည် ၄ ရက်မြောက်နေ့တွင် ထိပ်ဆုံးထိရောက်နိုင်ပြီး တစ်နှစ်လောက်ထိအောင် ကြာသွားနိုင်ပါသည်။ များသောအားဖြင့် ဟော်မုန်းပြောင်းလဲမှုများ ရပ်သွားသည့် ၂ ပတ်အကြာမှာ ပြန်ကောင်းလာတတ်ပါတယ်။

    ပြန်မကောင်းလာဘဲနဲ့

    • စိတ်အတက်အကျမြန်လာတာ
    • အကြောင်းအရင်းမရှိ ငိုချင်နေတာ
    • ကလေးနဲ့ သံယောဇဉ်တွယ်ဖို့ ခက်နေတာ
    • မိသားစုတွေနဲ့ ခပ်ခွာခွာ‌နေလာတာ
    • အစားအသောက်မမှန်တာ
    • အိပ်တာ မမှန်တာ
    • အမြဲတမ်း နုံးနေတာ
    • မျှော်လင့်ချက်မရှိသလို ခံစားရတာ
    • အပြစ်တင်စိတ်တွေ ဝင်လာတာ
    • ကလေးနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ချင်လာတာ
    • သတ်သေဖို့ အတွေးတွေ ဝင်လာပြီဆိုရင်တော့ စိတ်ကျရောဂါဘက်ကို ကူးပြောင်းသွားပါပြီ။

    မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ

    မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ ဆိုတော့

    ကြောက်စေမည့်အရာများကို ရှောင်ပါ 

    မီးဖွားပြီးစ အမျိုးသမီးတွေက ထိလွယ် ရှလွယ်ကြပါတယ်။ သူတို့ မြင်နေသမျှအရာအားလုံး သူတို့နဲ့ ပတ်သတ်နေတယ်လို့ တွေးကြပါတယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ ဒီအတွေးတွေမှာပဲ ပိတ်မိနေတတ်ကြပါတယ်။

    သင့်စိတ်ထဲမှာ မကောင်းတာတွေ မတွေးမိစေဖို့ တတ်နိုင်သမျှ အကောင်းမြင်နိုင်မယ့် ပုံရိပ်တွေကိုပဲ ကြည့်ပါ။ ထိတ်လန့်စရာ ဇာတ်ကားများ၊ သရဲစာအုပ်များ၊ သည်းထိတ်ရင်ဖိုဇာတ်လမ်းများကို ရှောင်ပါ။

    သတင်းများ အထူးသဖြင့် အလွန်ရှုပ်ထွေးပြီး စိတ်ညစ်စေမဲ့ သတင်းများကို မဖတ်ပါနဲ့။ အင်တာနက်သုံးရင် သတိနဲ့သာသုံးပါ။

    အင်တာနက်စာမျက်နှာများကို သိပ်အားမကိုးပါနှင့်

    သင်ကြည့်နေတဲ့ အင်တာနက်စာမျက်နှာများက သတင်းအချက်အလက်တွေက သင့်ကို အကူအညီ ဖြစ်စေမှ ဖြစ်မှာပါ။ တချို့ ‌ဖေ့ဘွတ်ဂရုတွေမှာ ရေးထားတာတွေက တိကျမှု ရှိချင်မှ ရှိမှာပါ။ တ်ဘွ

    မန်ဘာဝင်တွေ အားလုံးကတော့ သူတို့အခြေအနေ သူတို့အတွေ့အကြုံ အကြံဉာဏ်တွေကို ရောသပွမ်း တင်ထားမှာပဲ။ ဒါပေမဲ့ သင်သတိပြုရမှာက သူတို့က သင့်အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသလို အကောင်းဆုံးဖြေရှင်းချက်ကိုလည်း ပေးနိုင်ကြမှာ မဟုတ်ပါဘူး။

    သင့်ဘဝကို အစီအစဉ်အချမလွန်ပါစေနှင့်

    မီးဖွားပြီးစ မိခင်တွေက သူတို့ရဲ့ နဂိုဘဝကို ခပ်မြန်မြန်လေး ပြန်ရောက်ချင်ကြပါတယ်။ ကလေးမမွေးခင်က ခန္ဓာကိုယ်၊ ကလေးမွေးပြီးတာနဲ့ လုပ်မယ်လို့ တွေးထားတဲ့ အလုပ်တွေကို အမြန်ဆုံး ပြန်လုပ်ချင်ကြပါတယ်။

    ဒါပေမဲ့ ကလေးတစ်ဖက်နဲ့ဆိုတော့ အစစအရာရာ ပြည့်စုံချင်မှ ပြည့်စုံမှာပါ။ ဒါကြောင့် သင့်ကိုယ်သင် ဖိအားများများမပေးခြင်းက ပိုအဆင်ပြေပါလိမ့်မယ်။

    အထောက်အကူမရတဲ့ လူများနဲ့ ဝေးဝေးနေပါ

    သင့်စိတ်အခြေအနေကို အမြဲတမ်းဒေါသပုန်ထပြီး အပြစ်တင်နေသည့်လူများ၊ သင့်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မှတ်ယူနေသူများနဲ့ ဝေးဝေးနေပါ။ အဲ့ဒီအစား သင့်ဖက်မှာနေပြီး သင်ပြောသမျှနားထောင်ပေးမည့်သူများနဲ့ အချိန်ကိုအသုံးချလိုက်ပါ။

    သင့်ကို ကိုယ်ချင်းစာမယ့် တစ်ယောက်ယောက်ကို ရင်ဖွင့်တာ၊ ဒီလိုပူဆွေးစိတ်ကျမှုကို အတွေ့အကြံရှိသူနဲ့ စကားပြောတာက အကောင်းဆုံးပါ။ သူတို့တွေကပဲ သင့်ကို နားလည်ပြီး ကူညီပေးနိုင်မှာပါ။

    ဆေးကုသမှု ခံယူဖို့ မတွန့်ပါနဲ့

    မီးဖွားပြီး စိတ်ကျဝေဒနာက သင်ရော၊ သင့်ကလေးအတွက်ပါ အရေးကြီးပါတယ်။ တတ်ကျွမ်းနားလည်သူနဲ့ တတ်နိုင်သမျှ ခပ်မြန်မြန်ပြသပါ။ ကုထုံးတွေကို လိုက်နာပါ။ ဒါဆိုရင် သင်ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံး သက်သာလာမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement