(၄) ကိုယ်တစ်ယောက်တည်း အချိန်ဖြုန်းပါ။
မိခင်အတော်များများဟာ သူတို့နိုးနေချိန်တွေမှာ ကလေးနဲ့ အချိန် မကုန်ဆုံးရရင် ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ တကယ်လို့ ၁၅ မိနစ်လောက် ကိုယ်ပိုင်အချိန်ယူမိရင်တောင် ဒါဟာ အိမ်အလုပ်တွေ လုပ်နေတာမျိုးဖြစ်တတ်ပါတယ်။ တကယ်တော့ မွေးကင်းစကလေးတွေအတွက် တည်ငြိမ်တဲ့ မိခင်တစ်ယောက်ဟာ ပိုမိုငြိတွယ်လွယ်ပါတယ်။ ကလေးနဲ့ပဲ အချိန်တိုင်း ကုန်ဆုံးနေရင် ဒါဟာ သင့်အတွက်ပိုမို စိတ်ဖိစီးစရာဖြစ်ရုံတင်မကပါ ကလေးအတွက်ပါ အကျိုးမရှိပါဘူး။ ဒါကြောင့် ကိုယ်ပိုင်အချိန်အနည်းငယ်ယူပြီး ရေချိုးကန်ထဲစိမ်ခြင်း၊ တရားထိုင်ခြင်းတွေ လုပ်ခြင်းအားဖြင့် ပိုမိုစိတ်တည်ငြိမ်မှာ ဖြစ်ပါတယ်။
(၅) အခြားသူတွေကို တာဝန်လွှဲပါ။
မွေးကင်းစ ကလေးနဲ့ဆိုရင် သင်ဟာ အိမ်မှာပဲနေပြီး ကလေးကိုသာ ပြုစုချင်ပါလိမ့်မယ်။ အမျိုးသမီးအချို့အတွက်ကတော့ အိမ်မှာနေခြင်းဟာ အိမ်အလုပ်တွေ ပြီးအောင် လုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ အိမ်အတွက် စဉ်းစားပေးပြီး ကောင်းတဲ့အလုပ် ဖြစ်သော်လည်း အချို့ကိစ္စတွေကို အိမ်သားတွေနဲ့ သူငယ်ချင်းတွေကို လွှဲပေးသင့်ပါတယ်။ သင့်အမျိုးသား (သို့) ညီမကို ကလေးခဏ ချီပေးထားဖို့ (သို့) သင့်အမေကို အဝတ်လျှော်စက် အသုံးပြုစေဖို့ အကူအညီတောင်းရန် မရှက်သင့်ပါဘူး။ သူတို့ဟာ သင်အကူအညီ တောင်းတဲ့အတွက် ဝမ်းသာမှာဖြစ်ပြီး သင်ဟာလည်း ကလေးနဲ့ ပိုမို ရင်းနှီးလာမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။