backup og meta

ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း

    ကိုယ်ဝန်ဆောင်နေစဉ် မှာ မိခင်အနေနဲ့ အစစအရာရာ ဂရုစိုက်ရမယ်ဆိုတာ မှန်ပါတယ်။ ဒီလိုဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေက မွေးဖွားမယ့်အချိန်ထိ ကိုးလကျော်နီးပါး အိမ်မှာပဲ ငြိမ်ငြိမ်လေးထိုင်နေရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ထားပေမယ့် တခြားအမျိုးသမီးတွေလိုပဲ လုပ်ငန်းခွင်ဝင်တာ၊ အပြင်ထွက်လည်တာ၊ သွားသွားလာလာတွေ လုပ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားခြင်း ကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာနားလည်ထားရင် အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေနိုင်မှာပါ။

    ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း အတွက် ဆောင်ရန် ရှောင်ရန်များ

    ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း လုပ်မယ်ဆိုရင်

    ဘာတွေ လိုက်နာသင့်သလဲ။

  • ကိုယ်သွားမယ့်နေရာမှာ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန် ရှိ မရှိ၊ ရှိရင်လည်း ဘယ်နေရာမှာလဲ၊ ကိုယ်တည်းတဲ့နေရာနဲ့ ဘယ်လောက်ဝေးလဲဆိုတာကို သေချာစုံစမ်းထားပါ။ ဒါမှ မတော်တဆ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာခဲ့ရင် ဖြေရှင်းနိုင်မှာပါ။
  • သောက်လက်စ ဆေးဝါးတွေကို ထည့်သွားပါ။ အပိုဆောင်သွားပါ။
  • လေယာဉ်၊ သင်္ဘော၊ ရထားနဲ့ သွားမယ်ဆိုရင် အလယ်နားလောက်က ခုံကို ရွေးချယ်ပါ။ ဒါမှ ခရီးသွားရတာ သက်သောင့်သက်သာရှိပြီး အိမ်သာကိုလည်း အလွယ်တကူ သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်တွေက ခြေထောက်သွေးခဲလွယ်တာကြောင့် ခရီးသွားနေစဉ်အတွင်း မိနစ် ၃၀ ကြာတစ်ခါ မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်ကို ညင်ညင်သာသာ လှုပ်ရှားပေးပါ။
  • ကားနဲ့ သွားမယ်ဆိုရင်လည်း မကြာခဏ ကားရပ်ပြီး အညောင်းဖြေပါ။
  • နောက်မှီပါတဲ့ ခုံကို ရွေးပါ။ ဒါမှ ခြေထောက်တွေကို ဆန့်တန်းဖြေလျော့နိုင်ပြီး သက်သောင့်သက်သာ သွားနိုင်မှာ ဖြစ်ပါတယ်။
  • အချိန်ကြာကြာ ခရီးသွားရမယ်ဆိုရင် ခြေထောက်ဖောရောင်ခြင်း မဖြစ်စေဖို့ ကျန်းမာရေး အသားကပ်ခြေအိတ်တစ်စုံ ဆောင်သွားပါ။
  • အမြင့်ပိုင်းဒေသများကို သွားမယ်ဆိုရင် စိုထိုင်းဆနည်းတာကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်စေဖို့ ရေများများသောက်ပါ။
  • လှိုင်းမူးခြင်း၊ ပျို့အန်ခြင်းများ မဖြစ်ရန် လှိုင်းလုံးကြမ်းများကို ခံနိုင်ရည်ရှိတဲ့ သင်္ဘောအကြီးများကို ရွေးစီးပါ။
  • ခါးပတ်ပတ်ရာမှာ သက်သောင့်သက်သာဖြစ်စေဖို့ ကြိုးတစ်ဖက်ကို ဗိုက်အောင့်ကပင့်၊ နောက်တစ်ဖက်ကို ရင်ဘတ်ကနေ ဝမ်းဗိုက်ဘေးကို ဆင်းပတ်ပါ။
  • ယာဉ်မစီးခင် အမူးပြေဆေး ကြိုသောက်ထားပါ။
  • အိမ်သာဝင်ရာမှာ အခက်အခဲ မဖြစ်စေဖို့ ပေါ့ပါးချောင်ချိပြီး သက်သောင့်သက်သာဖြစ်တဲ့ အဝတ်အစားများကို ဝတ်ဆင်ပါ။
  • ရုတ်တရက် ရာသီဥတု အပြောင်းအလဲဒဏ်ကို ခံနိုင်ဖို့ အထပ်ထပ် ဝတ်သွားပါ။
  • လေကောင်းကောင်းရတဲ့ နေရာများတွင် နေပါ။
  • လမ်းမှာ အဆာပြေစားနိုင်ဖို့ ပေါ့ပေါ့ပါးပါး မုန့်လေးတွေ ဆောင်ထားပါ။
  • ဘာတွေ ရှောင်သင့်သလဲ။

  • တစ်ယောက်တည်း ခရီးမသွားပါနဲ့။
  • လေကြောင်းခရီးနဲ့ နာရီကြာကြာ ခရီးမသွားပါနဲ့။ သွေးခဲပိတ်ဆို့မှု ဖြစ်ပွားနိုင်ခြေ များလို့ပါ။ မဖြစ်မနေ သွားရမယ်ဆိုရင် မကြာခဏ လမ်းထလျှောက်ပါ။
  • ပေ ၇,၀၀၀ ထပ်မြင့်သော အမြင့်သို့ ခရီးမသွားသင့်ပါ။
  • ကိုယ်ဝန် ပထမ သုံးလပိုင်းမှာ ပျို့အန်ခြင်းတွေ ဖြစ်တတ်တာကြောင့် အဲ့ဒီလတွေမှာ ခရီးသွားခြင်းက ပျော်ရွှင်မှုနဲ့ စိတ်အပန်းပြေမှုထက် ပင်ပန်းနွမ်းနယ်မှုနဲ့ မအီမသာဖြစ်ဖို့ ပိုများပါတယ်။
  • ကိုယ်ဝန် ၃၆ ပတ်နောက်ပိုင်းမှာ တစ်ယောက်တည်း ခရီးထွက်ခြင်း (သို့မဟုတ် အမြွာကိုယ်ဝန်ဆောင်ဆိုရင် ၃၂ပတ် နောက်ပိုင်းတွင် ခရီးသွားခြင်း) ကို သတိထားသင့်ပါတယ်။ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။
  • ယာဉ်မထွက်ခွာခင်နဲ့ ယာဉ်စီးနေစဉ်အတွင်းမှာ ဂတ်စ်ပါသော အအေးနဲ့ အစားအသောက်များ မစားသုံးပါနဲ့။
  • လေအဝင်အထွက်မကောင်းဘဲ လူထူထပ်တဲ့ နေရာများကိုလည်း ရှောင်ပါ။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးသွားလို့ ရပါတယ်။ ဘယ်လမှာပဲဖြစ်ဖြစ် မသွားခင်မှာ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဘာနဲ့ သွားမှာလဲ၊ လမ်းမှာ ဘယ်လောက်ကြာမှာလဲ စတာတွေကို ဆရာဝန်ကို ပြောပြထားပါ။ ဒါမှ ကိုယ့်ရဲ့ ကိုယ်ဝန်အခြေအနေပေါ် မူတည်ပြီး သွားသင့် မသွားသင့် ဆုံးဖြတ်ပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement