backup og meta

ခေါင်းတစ်ခြမ်းကိုက်ခြင်း က သင့်ကိုယ်ဝန်ဆောင်ခြင်းကို ဘယ်လိုသက်ရောက်စေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်း က သင့်ကိုယ်ဝန်ဆောင်ခြင်းကို ဘယ်လိုသက်ရောက်စေလဲ

    ခေါင်းတစ်ခြမ်းကိုက်ခြင်း သည် သွေးကြောများကြောင့် ခေါင်းကိုက်ခြင်း ဖြစ်ပြီး ဦးနှောက်အတွင်း သွေးကြောများကျယ်ရာမှ အစပြုသည်ဖြစ်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း သည် ဖိစီးမှု သို့ အာရုံနောက်မှုတို့ကြောင့် ခေါင်းကိုက်ခြင်းနှင့် ကွဲပြားပါသည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် သင်ကိုယ်ဝန်မဆောင်ခင်အထိ ထီထိုးနေသလိုပင်။ ကိုယ်ဝန်မရှိခင်ကတည်းက ခေါင်းတစ်ခြမ်းကိုက်ခဲမှု ရှိနေလျှင် ကိုယ်ဝန်ဆောင်စဉ် ပိုပြီးခေါင်းကိုက်နိုင်သည် သို့မဟုတ် ခေါင်းကိုက်မှုလျော့ပါးသွားနိုင်သည်။

    သင်ကိုယ်ဝန်ဆောင်ချိန်တွင် ပထမဆုံး ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် ပုံမှန်သာဖြစ်သည်။ တချို့လေ့လာမှုများတွင် ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဟော်မုန်းများ အနည်းငယ် ဆက်စပ်မှုရှိသည်ကို တွေ့ရ၏။ အမျိုးသမီးများသည် အမျိုးသားများထက် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ပိုများသည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် စစချင်း ခေါင်းအုံနေရာမှ တဖြည်းဖြည်းနှင့် တဆစ်ဆစ်တဒိန်းဒိန်းနှင့် တောက်လျှောက်ကိုက်ကာ နားထင်၊ ခေါင်းအရှေ့ပိုင်း သို့ အောက်ခြေပိုင်းတွင် ကိုက်လေ့ရှိသည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် တစ်ခါတစ်ရံ ပျို့အန်နိုင်သည်။ တချို့လူများတွင် Aura (အော်ရာ) လက္ခဏာများ ခံစားရနိုင်သည်။ Aura ဆိုသည်မှာ လှိုင်းဆန်သို့မဟုတ် လွှသွားပုံလိုင်းများ သို့မဟုတ် တဖျပ်ဖျပ်လက်သောအလင်းပြောက်များ မြင်ရခြင်းဖြစ်သည်။ ဘေးမြင်ကွင်းများကွယ်ပြီး ရှေ့တည့်တည့်သို့သာမြင်ရခြင်း သို့မဟုတ် မြင်ကွင်းတွင် အမည်းပြောက်များ မြင်ရခြင်းမျိုး ခံစားရနိုင်သည်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးမှ ခေါင်းတစ်ခြမ်းကိုက်လျှင် အန္တရာယ်ရှိသလား။

    • ခေါင်းကိုက်ခြင်းသည် အဖျားနှင့်တွဲနေလျှင်
    • ခေါင်းကိုက်ခြင်းသည် နာရီအနည်းငယ်အထိကြာနေလျှင် သို့မဟုတ် မှန်မှန်ပြန်ဖြစ်နေလျှင်
    • အမြင်ဝါးလာလျှင်
    • သင်ခံစားနေရသည့် ခေါင်းကိုက်ခြင်းမျိုးကို ဆရာဝန်အား အသေးစိတ်ပြောပြရန် အရေးကြီးပါသည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းအား ဘယ်လိုကုသမလဲ။

    ခေါင်းကိုက်မှတ်တမ်းထားခြင်း

    ဒီမှတ်တမ်းတွင် ခေါင်းကိုက်သည့်အခါ၊ ဘာကြောင့်ကိုက်ရသလဲ ၊ ဘယ်လောက်ကြာသလဲ ချမှတ်ရမည်။ ခေါင်းကိုက်မှတ်တမ်းထားရှိခြင်းဖြင့် ခေါင်းကိုက်စေသည့်အရာများကို သိနိုင်ပြီး ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။

    အဖြစ်များသည့်အကြောင်းရင်းများ 

    ဖြစ်ရသည့်အကြောင်းရင်းများသည် တစ်ဦးနှင့်တစ်ဦး မတူပါ။ ထို့ကြောင့် ခေါင်းကိုက်မှတ်တမ်းထားရန် အရေးကြီးပါသည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်း အတွက် အိမ်သုံးကုထုံးများ

    • ခေါင်းတွင် မျက်နှာသုတ်ပုဝါ အေးအေးလေးတင်ပါ
    • ရေအေးအေးနှင့် ရေချိုးလိုက်ပါ
    • တစ်ရေးတစ်မောအိပ်ပါ
    • ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပါ
    • တရားထိုင်ခြင်း သို့ ယောဂတို့လို စိတ်ပြေလျော့အောင်လုပ်နည်းများ လုပ်ပါ။

    ခေါင်း၊ မျက်လုံး သို့ လည်ပင်းတစ်လျှောက် အပူ သို့ အအေးကပ်ခြင်းသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့်ဖြစ်စေ နာကျင်မှုကို သက်သာစေသည့် အကောင်းဆုံးနည်းလမ်းများဖြစ်သည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းအား သက်သာစေမည့် ဆေးများ

    ပါရာစီတမော – ကိုယ်ဝန်ဆောင်စဉ် ရွေးချယ်သင့်သော အကိုက်အကဲပျောက်ဆေးဖြစ်သည်။ သို့သော် ဘယ်ဆေးမှမသောက်ခင် ဆရာဝန်ကို အရင်မေးပါ။

    ကိုယ်ဝန်ဆောင်များသည် အက်စ်ပရင် သို့ ibuprofen ဆေးများ (ဥပမာ Advil, Motrin) တို့ကိုမသောက်သင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အကောင်းဆုံး အကိုက်အခဲပျောက်ဆေးအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement