New England Cenenarian ရဲ့ သုတေသနရလဒ်အရဆိုရင် နောက်ကျမှ ရင်သွေး ရယူတဲ့ မိခင်တွေဟာ ဘဝတစ်သက်တာမှာ ပျော်ရွှင်ဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ငယ်ရွယ်စဉ်မှာ ရင်သွေးရယူတာဟာ ဘဝရပ်တည်ရေးအတွက် ရုံးကန်ပူပန်နေရမှုတွေကြောင့် ရင်သွေးကို ပြုစုစောင့်ရှောက်မှုပိုင်းမှာ ပိုမိုလစ်ဟင်းတတ်တာကြောင့် ဘဝတစ်သက်တာလုံး စိတ်ဖိစီးမှုကြုံလေ့ရှိတယ်လို့ ဆိုပါတယ်။ အသက်ကြီးမှ ရယူတဲ့ ကလေးငယ်လေးတွေဟာ ဉာဏ်ပိုကောင်းပြီး မိဘတွေကို ပိုပြီး အထောက်အကူပြုနိုင်ကြတယ်လို့လည်း တခြားစစ်တမ်းတစ်ခုက ဆိုပါသေးတယ်။
ဒါဆို အသက်အရွယ်ရမှ ကလေးယူတာက စိတ်ချရတယ်လို့ ဆိုလိုချင်တာလား? ဒီလိုလည်းမဟုတ်ပါဘူး။ ယေင်္ကျားဖောင်စီး၊ မိန်းမမီးနေဆိုတဲ့ စကားပုံလည်းရှိပါတယ်။ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ ဘယ်အသက်အရွယ်မှာမဆို အန္တရာယ်များတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်စွာနဲ့ ဘေးကင်းရန်ကင်း မီးဖွားနိုင်ဖို့ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။