backup og meta

ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ

    ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာပဲ စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ နို့ချိုတိုက်ကျွေးနေချိန်မှာလည်း စားသောက်မှုပုံစံကို ဂရုစိုက်ဖို့လိုမှာပါ။ ဒါ့အပြင်ခွဲမွေးထားတဲ့မေမေတစ်ယောက်အနေနဲ့လည်း စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းကတော့ ခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်တာကြောင့် ခန္ဓါကိုယ်ကျန်းမာဖို့အတွက် စားသောက်မှုပုံစံကိုသေချာလေးဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ဆိုတာ ပြောပြပေးမယ်နော်။

    ခွဲမွေးထားရင် အနာကျက်ဖို့ ဘယ်လောက်စောင့်ရမလဲ…………..

    ခွဲမွေးတာက အသေးစားခွဲစိတ်မှုတစ်ခုမဟုတ်တာကြောင့်ဆေးရုံမှာ ရိုးရိုးမွေးတဲ့သူတွေထက်ပိုနေဖို့လိုအပ်သလို အနာကျက်ဖို့အတွက်လည်း ရက်သတ္တပတ် ၆ ပတ်လောက်အထိစောင့်ဖို့လိုပါမယ်။ ဒီကာလအတွင်းမှာ ချုပ်ရိုးကိုရေထိတာမျိုး၊ အလေးအပင်မတာမျိုး၊လေ့ကျင့်ခန်း ခပ်ကြမ်းကြမ်း လုပ်တာမျိုးတွေ မလုပ်မိဖို့ လိုပါမယ်။

    ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ

    ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ဆိုတော့ ဘာတွေစားရမလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။

    ခွဲမွေးထားတဲ့မေမေတစ်ယောက် အနာကျက်ဖို့ အရေးကြီးတဲ့ အချက် တစ်ချက် ရှိပါတယ်။ ဒါကတော့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ပါ။

    ပရိုတင်း ကြွယ်ဝအောင်စားပေးပါ

    ပရိုတင်း ကြွယ်ဝဖို့က မေ့ထားလို့မဖြစ်တဲ့ အချက် တစ်ခုပါ။ ပရိုတင်းက တစ်ရှုးအသစ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ နို့တိုက်နေတဲ့ မိခင်တစ်ယောက် အာဟာရပြည့်ဝနေဖို့ကလ်ညး မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် အဆီမပါတဲ့ အသား၊ ပဲ၊အဆီနည်းတဲ့ဒိန်ချဉ်၊ အဆီထုတ်နွားနို့တို့ကို စားသုံးပေးပါ။

    ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေ စားပေးပါ

    ပေါင်မုန့်အညို၊ ဆန်လုံးညိုတွေစားသုံးပေးတာကမေမေအတွက်ရော၊ဘေဘီလေးအတွက်ပါကောင်းစေနိုင်ပါတယ်။ ဒါတွေအပြင်ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေမှာဘေဘီလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့မေမေကျန်းမာစေဖို့လိုအပ်တဲ့ သံဓါတ်နဲ့ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။

    ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ

    နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ဘေဘီလေးဆီကို ကယ်လ်ဆီယမ်ပမာဏ ၂၅၀ မီလီဂရမ်ကနေ ၃၅၀ မီလီဂရမ်အထိပေးနေရတာပါ။ ဒါကြောင့်သွေးစီးဆင်းမှုကောင်းစေပြီး ချုပ်ရိုးမြန်မြန်သက်သာစေဖို့ရော၊ကြွက်သားတွေပြေလျော့စေဖို့ရော၊ အရိုးပွတာတွေကိုပါကာကွယ်ဖို့အတွက် ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားပေးဖို့ မမေ့ပါနဲ့။

    ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ

    ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေက တစ်ရှုးအသစ်တွေဖြစ်ပေးစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်သလိုကော်လာဂျင်တွေကို ထွက်ရှိစေပြီး အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပဲနံ့သာရွက်တို့ကို စားပေးပါ။ လိမ္မော်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ကန်စွန်းဥတို့ကို စားပေးပါ။

    သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ

    ခွဲမွေးထားရတဲ့မေမေတစ်ယောက် ခန္ဓါကိုယ်မှာ အားပြည့်ကျန်းမာစေဖို့အတွက် သံဓါတ်က မဖြစ်မနေလိုအပ်တာပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ သံဓါတ်ကြွယ်ဝတဲ့ ကြက်ဥအနှစ်အနီရောင်အသားတို့ကို စားသုံးပေးပါ။

    အရည်များများသောက်ပါ

    ရေဓါတ်ြပည့်ဝမှုကလည်း အများကြီးအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ခွဲမွေးထားတဲ့မေမေအနေနဲ့ တစ်နေ့ကိုရေ ၈ ခွက်ကနေ၁၀ ခွက်အထိသောက်သုံးပေးပါ။ အုန်းစိမ်းရည်သောက်ပေးလို့ရသလို သံပရာရည်သောက်ပေးလို့လည်းရပါတယ်။

    ဒါတွေအပြင် ခွဲမွေးထားတဲ့မေမေတို့အနေနဲ့ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ ပဲနံ့သာစေ့၊ နနွင်းတို့လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးလို့ရပါတယ်။

    ဒါတွေကိုတော့ရှောင်ပါ

    ခွဲမွေးထားတဲ့မေမေတစ်ယောက်အနေနဲ့ ကိုယ်တိုင်ရောဘေဘီလေးပါကျန်းမာစေဖို့

    • အချိုရည်တွေ
    • ကော်ဖီ
    • လက်ဖက်ရည်
    • လက်ဖက်သုပ်
    • အယ်လ်ကိုဟောပါတဲ့သောက်စရာတွေ
    • ပြုပြင်ထားတဲ့အစားအစာတွေ
    • ပြဒါးများတဲ့အစားအစာတွေ
    • ပူစပ်တဲ့အစားအစာတွေကိုရှောင်ရပါမယ်။

    သတိထားရမယ့်အချက်တွေကတော့…..

    ခွဲမွေးထားတဲ့မေမေ တစ်ယောက်အနေနဲ့ ဒီအချက်လေးတွေကိုလိုက်နာပေးသင့်ပါတယ်နော်။

    • တစ်ခါတည်းနဲ့အများကြီးမစားပါနဲ့။ နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ။
    • အစားကိုမြန်မြန်မစားပါနဲ့။ဖြည်းဖြည်းချင်းနဲ့ကြေညက်အောင် ဝါးစားပေးပါ။
    • အိပ်ရေးဝဝအိပ်ပေးပါ။
    • အပြင်စာတွေ မစားပါနဲ့။ အိမ်မှာချက်ပြုတ်ထားတ့ အစားအစာတွေကိုပဲစားပါ။
    • သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေကိုမစားပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement