backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားကြမလဲ။

    ဗိုက်ထဲက ကလေးလေး ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားလာဖို့ နဲ့ မိခင်ကျန်းမာဖို့ အတွက် ကိုယ်ဝန်ဆောင် ချိန်မှာ မှန်ကန်လုံလောက်တဲ့ အစာအာဟာရ ရရှိဖို့က အရေးကြီးပါတယ်။ ဒါ့အပြင် မိခင်စားသောက်တဲ့ အစာအာဟာရဟာ ဗိုက်ထဲက ကလေးငယ်လေးအတွက် ရရှိနိုင်တဲ့ တစ်ခုတည်းသော အာဟာရဓာတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရနိုင်မယ့် အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားကြမလဲ။ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားကြမလဲ။

    ပထမဆုံးအနေနဲ့

    () ပရိုတင်းဓာတ် နဲ့ သံဓာတ်

    ပရိုတင်းဓာတ်ဟာ ကလေးလေးရဲ့ ခန္ဓာကိုယ် အပြင် ဦးနှောက် ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးပါတယ်။ ပရိုတင်းဓာတ် ရဖို့အတွက် အဓိကအနေနဲ့ အမဲသား၊ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ ဆယ်လမွန်ငါး စတာတွေ စားပေးရပါမယ်။

    အနီရောင်ရှိတဲ့ အသားစားပေးခြင်းအားဖြင့် ပရိုတင်းဓာတ်သာမက သံဓာတ်လည်းရစေတဲ့အတွက် ဗိုက်ထဲက ကလေးငယ်ဆီကို လုံလောက်တဲ့ သွေးနဲ့ အောက်စီဂျင်တွေကို ရစေနိုင်ပါတယ်။

    ဒါ့အပြင် သံဓာတ်ဟာ ကလေးလေး ခန္ဓာကိုယ်ကြီးထွားဖို့အတွက်ရော၊ ဦးနှောက်ဖွံ့ဖြိုးစေနိုင်ဖို့ အတွက်ပါ အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အနီရောင်ရှိတဲ့ အသားအပြင် အသည်း စတဲ့ ကလီစာတွေ၊ ဂေါ်ဖီပန်းစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊ ပဲအမျိုးမျိုး စတဲ့ အစေ့အဆံတွေ စားရင်လည်း သံဓါတ်ရနိုင်ပါတယ်။

    () ကယ်ဆီယမ်ဓာတ်

    ကယ်စီယမ်ဓာတ်ဟာ မိခင်အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတဲ့ ပြဿနာဖြစ်တာကို လျှော့ချပေးနိုင်တဲ့ အပြင် ဗိုက်ထဲမှာရှိတဲ့ ကလေးလေးရဲ့ သွားနဲ့ အရိုးတွေ ဖွံ့ဖြိုးလာဖို့ ကူညီပေးနိုင်ပါတယ်။ ကယ်စီယမ်ဓာတ်ရဖို့ ဆယ်လမွန်ငါး၊ ချိစ်၊ ဒိန်ချဉ်၊ ပဲ အမျိုးမျိုး၊ နို့ ၊ ဂေါ်ဖီထုပ်၊ တိုဖူး၊ ကြက်ဥ စတာတွေ စားပေးဖို့လိုအပ်ပါတယ်။

    () ကစီဓာတ်

    ဆန်၊ ဂျုံ ၊ ကြက်ဥစတာတွေစားပေးခြင်းဖြင့် ကစီဓာတ်တွေ ရနိုင်ပါတယ်။ ကစီဓာတ်ကလည်း ကလေးလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပါတယ်။

    () Folic acid

    Folic acid ဟာ ကလေးလေးတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မွေးရာပါချို့တဲ့တာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ folic acid ပါဝင်တဲ့ အစိမ်းရင့်ရောင် အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ ကြက်ဥတွေ၊ အသည်းတွေ စတာတွေကို စားပေးဖို့ အကြံပေးချင်ပါတယ်။

    အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် ဗီတာမင် အမျိုးမျိုးနဲ့ ခုခံအားကောင်းစေတဲ့ antioxidant တွေ၊ အမျှင်ဓာတ်တွေ အများအပြား ပါဝင်တဲ့ သဘာ၀ သစ်သီးတွေ (ဥပမာ- ထောပတ်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ လိမ္မော်သီး) နဲ့ ဟင်းသီးဟင်းရွက်တွေ (ဥပမာ- မုန်လာဥနီ၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီစိမ်း၊ခရမ်းချဉ်သီး ) စတာတွေ များများစားဖို့ လိုပါတယ်။

    ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ဖို့နဲ့ ကိုယ်ဝန်ဆောင်ဖြည့်စွက် ဗီတာမင်တွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးဖို့ကလည်း အရေးကြီးပါတယ်။

    ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ပါဝင်တဲ့ ယမကာတွေ၊ အသားစိမ်း၊ ငါးစိမ်းတွေ၊ သေချာမကျက်တဲ့ အစားအသောက်တွေ၊ တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။

    Caffeine ပါတဲ့ ကော်ဖီ၊ dark chocolate တွေ၊ အဆီအရမ်းများတဲ့ အစားအစာတွေ၊ အကင်တွေ ကို လည်း လျှော့ဖို့ အကြံပေးချင်ပါတယ်။

    မိမိရဲ့ အစားအသောက်ဟာ ကလေးလေးအတွက် အာဟာရ ဖြစ်စေနိုင်လို ဘေးအန္တရာယ်လည်း ဖြစ်စေနိုင်တဲ့ အတွက် ကောင်းမွန်မှန်ကန်တဲ့ အစားအသောက်တွေကို မျှတအောင်စားပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် မွေးထုတ်နိုင်ကြပါစေ။

    ရေးသားသူ- Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement