backup og meta

ကိုယ်ဝန်ဆောင်နဲ့ နာနတ်သီး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နဲ့ နာနတ်သီး
    ကိုယ်ဝန်ဆောင်ေနချိန်မှာမေမေတိုင်း စိတ်ပူတတ်တဲ့ အကြောင်းအရင်းတစ်ရပ်ရှိတယ်။ ဒါကတော့ ငါစားလိုက်ရင် ကလေးများထိခိုက်သွားမလားဆိုတဲ့ အချက်ပါ။ အခုတစ်ခေါက်လည်း နာနတ်သီးကြိုက်ပေမယ့်ဘေဘီလေးကို ထိခိုက်မှာစိုးလို့ မစားရဲဘူးဖြစ်နေတဲ့မေမေဗိုက်တို့အတွက် နာနတ်သီးနဲ့ ပတ်သက်ပြီးပြောပြပေးပါရစေနော်။

    ကိုယ်ဝန်ဆောင်မေမေ နဲ့ နာနတ်သီး

    နာနတ်သီးမှာ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မေမတေို့ကို ကျန်းမာစေနိုင်ပါတယ်။ အဆီပါဝင်မှုနည်းပြီး အမျှင်ဒါတ်နဲ့ အာဟာရြကွယ်ဝတဲ့ စားစရာတစ်ခုပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးကို အများကြီးမဟုတ်ရင်တောင် အသင့်အတင့်လောက်စားပေးလို့ရပါတယ်နော်။
    ဗီတာမင် စီ (ဗီတာမင် C)

    ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအားတိုးစေနိုင်ပြီး ဆဲလ်တွေထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးရဲ့ အသားအရေ၊ အရိုးနု၊ အရိုး နဲ့ အရွတ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်းထောက်ပံ့ပေးနိုင်ပါတယ်။ တစ်နေ့ကို နာနတ်သီး တစ်ကွင်းစာလောက်တော့ စားလို့ရပါတယ်နော်။

    မဂ္ဂနိစ်

    အရိုးဖွံ့ဖြိုးမှုနဲ့ အရိုးပါးမှုတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ အင်ဇိုင်းတစ်မျိုးပေါ့။ ကိုဝန်ဆောင်မေမေတို့ရော ဖိုးဖိုးဖွားဖွားတွေအတွက်ပါ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။

    ဗီတာမင် B1

    ဗီတာမင် B1 (သီရာမင်း)က ကြွက်သား၊ အာရုံကြောစနစ်နဲ့ နှလုံးကို ကျန်းမာစေနိုင်ပါတယ်။

    ဗီတာမင် B6

    ဗီတာမင် B6 (pyridoxine) ပဋိပစ္စည်းတွေကိုဖြစ်ပေါ်စေပြီး ခန္ဓါကိုယ်ကို အားပြည့်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာတွေ၊ ဖျားနာတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။သွေးအားနည်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ကော့ပါး

    ကော့ပါးပါဝင်တဲ့ နာနတ်သီးကဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှု အတွက် အထောက်အကူပြုပေးပြီးသွေးနီဥဆဲလ်တွေဖြစ်ပေးစေဖို့လည်း အထောက်အကူပြုပေးပါတယ်။

    အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။
    သံဓါတ်နဲ့ ဖောလစ်အက်ဆစ်
    သံဓါတ်ပါဝင်တာကြောင့်သွေးနီဥဆဲလ်တွေဖြစ်ပေါ်မှုကို အားဖြည့်ပေးပြီးဖောလစ်အက်ဆစ်ပါဝင်တာကြောင့် ကလေးမှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ နာနတ်သီးလေးစားတာကမေမေရောဘေဘီလေးအတွက်ပါ ကျန်းမာစေနိုင်တာပါ။

    စိတ်ခံစားမှုကောင်းစေနိုင်တယ်

    နာနတ်သီးက စိတ်ကြည်လင်လန်းဆန်းစေနိုင်သလို စိတ်ခံစားမှုလည်းကောင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဓါတ်ကျမှု၊ အားငယ်မှုတွေကို သိသိသာသာသက်သာစေနိုင်မှာပါ။

    သွေးပေါင်ကျစေနိုင်တယ်

    ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့သွေးတိုးဝေဒနာကင်းဖို့အတွက်လည်း နာနတ်သီးကို စားပေးလို့ရပါတယ်။ နာနတ်သီးမှာပါတဲ့ bromelain ကသွေးကျဲစေပြီး သွေးတိုးကျစေနိုင်သလိုသွေးခဲတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    စားပေးသင့်တဲ့ ပမာဏ

    ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ နာနတ်သီးစားမယ်ဆိုရင် အခုပြောတဲ့ ပမာဏအတိုင်း စားပေးလို့ရပါတယ်။

    • ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်အတွင်း လုံးဝမစားပါနဲ့။
    • ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်အတွင်း တစ်ခါစားရင် ၅၀ ဂရမ်ကနေ ၁၀၀ ဂရမ်လောက်ပမာဏကို တစ်ပတ် ၂ ကြိမ်ကနေ ၃ကြိမ်အထိစားလို့ရပါတယ်။
    • ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်အတွင်း တစ်ခါစားရင် နည်းနည်းချင်းစီနဲ့ တစ်ပတ်ကို ၂၅၀ ဂရမ်စားပေးလို့ရပါတယ်။ နာနတ်သီးက စိမ်းမနေဖို့နဲ့ အမှည့်လွန်မနေဖို့တော့ သတိထားရပါမယ်။

    ကိုယ်ဝန်ဆောင်တွေမေမေတို့ရေ အရသာရှိတဲ့နာနတ်သီးလေးစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေဒ အကျိုကျေးဇူးတွေကိုရယူလိုက်ပါနော်…………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement