backup og meta

ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ

    ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၄၀မှာ ကလေးမွေးဖွားနိုင်တယ်လို့ တွက်ချက်ကြတာကို ကျွန်တော်တို့အားလုံးသိပြီးသားပါ။

    တကယ်လို့ ရက်သတ္တပတ်ပေါင်း ၄၀ကျော်လာတဲ့အချိန်ထိမမွေးသေးရင် သင်က မသက်မသာဖြစ်တာတွေ၊စိတ်မရှည်တာတွေနဲ့ မွေးဖွားမယ့်လုပ်ငန်းစဉ်စဖို့ စိတ်လှုပ်ရှားနေတာတွေဖြစ်နေတတ်ပါတယ်။

    ဒါပေမယ့် မွေးဖွားရက်က နီးလာပြီး ကလေးက လက္ခဏာမပြသေးရင် သင်က အနည်းငယ်တော့ တွန်းအားပေးရပါလိမ့်မယ်။ ဆေးဘက်ဆိုင်ရာအကူအညီတွေအပြင် အိမ်မှာစမ်းကြည့်နိုင်တဲ့ ကလေးစတင်မွေးဖွားနိုင်မယ့် သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။

    သင်က သဘာဝအတိုင်း မွေးဖွားဖို့အဆင်ပြေနေပေမယ့်အချို့သော အခြေအနေတွေမှာ အကူအညီ အနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သင့်ရဲ့ကျန်းမာရေးအကြံပေးက သင်နဲ့သင့်ကလေးဟာ နောက်မှမွေးတာထက် မကြာခင်မွေးလိုက်တာက ပိုပြီးကောင်းကျိုးရှိမယ်လို့ ဆုံးဖြတ်လိုက်ရင် သူက Inducing labor ကိုအကြံပြုနိုင်ပါတယ်။

    Induce labor အတွက် ပထမနည်းလမ်းက ဆေးဘက်ဆိုင်ရာအကူအညီယူဖို့ဖြစ်ပြီး နောက်တစ်နည်းကတော့ အိမ်မှာပဲ များပြားလှစွာသောအချက်တွေကိုလိုက်လုပ်ပြီးမွေးဖွားဖို့ဖြစ်ပါတယ်။

    ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ

    Medical induction အတွက် သုံးနိုင်မယ့်နည်းလမ်းတွေ

    (၁) ဆေးဝါးအသုံးပြုခြင်း

    ဆရာဝန်က ဆေးပြား သို့မဟုတ် ဂျယ်လ်ကို မွေးလမ်းကြောင်းထဲထည့်လိုက်ခြင်း သို့မဟုတ် IVကို ဖြတ်သွားစေခြင်းအားဖြင့် သားအိမ်ကိုညှစ်စေပါတယ်။ ဒီလိုဆေးတွေမှာ ပါဝင်နိုင်တာတွေကတော့

    • Oxytocin: ခန္ဓါကိုယ်က သားအိမ်ညှစ်အားကောင်းဖို့အတွက် သဘာဝအတိုင်း Oxytocin ဟော်မုန်းတွေကိုထုတ်ပေးပါတယ်။ Pitocin နဲ့ Syntocinonတွေဟာ oxytocinလို ဖြစ်ပေါ်စေနိုင်တဲ့ ဆေးဝါးနာမည်တွေပါ။ ဒါတွေကိုအနည်းငယ်အသုံးပြုရုံနဲ့ IVကိုဖြတ်သွားနိုင်ပြီး သားအိမ်ညှစ်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။
    • Prostaglandin: Suppositories တွေကို မွေးလမ်းကြောင်းထဲညနေပိုင်းမှာထည့်လိုက်ပြီဆိုရင် သားအိမ်က နံနက်ခင်းပိုင်းမှာကလေးမွေးဖွားနိုင်ဖို့ အသင့်ဖြစ်ပါပြီ။ ဒီနည်းလမ်းရဲ့ ကောင်းကျိုးကတော့ မိခင်ဟာမွေးခန်းထဲမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တာပါပဲ။

    (၂) Artificial rupture of membranes (AROM)

    Amniotomy လို့လည်းသိကြတဲ့ ဒီနည်းလမ်းဟာ ကလေးမီးဖွားရလွယ်ကူစေဖို့ သားဖွားဆရာမ သို့မဟုတ် သားဖွားဆရာဝန်တွေ သုံးတဲ့နည်းလမ်းပါ။ ရေမြွှာပေါက်သွားပြီဆိုရင် prostaglandin ထုတ်လုပ်မှုတိုးလာပြီး သားအိမ်ညှစ်အားကောင်းလာစေပါတယ်။ စောစောမွေးဖွားနိုင်ဖို့အတွက် အချို့သော ကျန်းမာရေးအကြံပေးတွေဟာ amniotic အမြှေးပါးကို ခွဲချလိုက်ဖို့ (ရေမြွာဖောက်ဖို့) အကြံပေးတတ်ကြပါတယ်။

    သဘာဝအတိုင်းစောစောမွေးဖွားစေခြင်းကတော့

    သဘာဝအတိုင်းပဲစောစောမွေးဖွားလိုသူတွေအတွက် သဘာဝအတိုင်း ဆေးဘက်ဆိုင်ရာနည်းလမ်းတွေမပါဘဲ သားအိမ်ခေါင်းပွင့်စေပြီး စောစောမွေးဖွားစေမယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေဟာ အန္တရာယ်ကင်းနိုင်သလား၊ အကျိုးရှိသလားဆိုတာကို သေချာသိရဖို့ နောက်ထပ် လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ လိုအပ်ပါသေးတယ်။ အိမ်မှာမွေးဖွားနိုင်ဖို့အတွက် အချို့သောနည်းလမ်းတွေကတော့

  • Nipple Stimulation(သားမြတ်ထိပ်ကို လှုံ့ဆော်ခြင်း) – ဒါဟာစောစောမွေးဖွားနိုင်ဖို့ သဘာဝပုံစံဖြစ်ပြီး လျှပ်စစ်breastfeeding pump ကိုသုံးပြီး သင်ကိုယ်တိုင် အလွယ်တကူပြုလုပ်နိုင်ပါတယ်။ Nipple stimulation ခေါ် ရင်သားကိုနှိပ်နယ်ပေးခြင်းဟာoxytocin ဟော်မုန်းကိုထုတ်ပေးနိုင်ပြီး ဒါက သားအိမ်ကို စတင်ညှစ်စေပါတယ်။ ဒီနည်းလမ်းက ကလေးမွေးပြီးပြီးချင်း မိခင်နို့တိုက်တာနဲ့တူတူပါပဲ။ သားအိမ်ညှစ်အားကိုလှုံ့ဆော်ခြင်းက သွေးထွက်ခြင်းကို နှေးကွေးစေပါတယ်။
  • လေ့ကျင့်ခန်း – လမ်းလျှောက်ခြင်းလှေကားတက်ခြင်းတွေကလည်း မွေးဖွားခြင်းကိုအစပြုစေနိုင်ပါတယ်။ ဒီနည်းလမ်းက သင့်ကလေးရဲ့ခေါင်းကိုသင့်ခန္ဓါကိုယ်ထဲမှာပဲ အောက်ကိုလှည့်သွားစေပါတယ်။ ကလေးခေါင်းဟာသားအိမ်ဝကိုရောက်ပြီဆိုရင် မွေးဖွားဖို့လွယ်ကူသွားပါပြီ။ ၁၅မိနစ်မှ မိနစ်၂၀ထိလမ်းလျှောက်ပါ သို့မဟုတ် တစ်ထပ် သို့မဟုတ် ၂ထပ်အမြင့်ကို တက်ပါ။ အပြင်ထွက်ပြီးလေကောင်းလေသန့်ရှူတာကလည်း ကောင်းကျိုးရှိစေပါတယ်။ ဒီနည်းလမ်းနဲ့ လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့စွမ်းအင်ကိုတိုးမြင့်စေပြီး နောက်ထပ်လာတော့မယ့် တာဝန်အတွက် အသင့်ဖြစ်နေစေပါတယ်။
  • Herbal supplements (သဘာဝဆေးမြစ်များ)– evening primrose (ညနေပိုင်းမှပွင့်သောအဝါရောင်ပန်း)အဆီကို ဆေးတောင့်အဖြစ် တစ်ရက်၃ကြိမ်သောက်ဖို့ညွှန်းကြပြီး နောက်ထပ်နည်းလမ်းကတော့ သူ့ကိုသားအိမ်ဝမှာတိုက်ရိုက်ပွတ်ပေးခြင်းက သားအိမ်ဝကိုပျော့ပျောင်းစေပြီး မွေးဖွားဖို့ အဆင်သင့်ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီအတိုင်းပါပဲ။ raspberry လက်ဖက်ရည်ကိုလည်း မွေးဖွားမယ့်ရက်မတိုင်ခင် ရက်သတ္တပတ်တွေမှာ ကြိုသောက်ကြဖို့ ညွှန်းတတ်ကြပါသေးတယ်။
  • ဘယ်သဘာဝနည်းလမ်းကိုမဆို မစမ်းသပ်ကြည့်ခင်မှာ သားဖွားဆရာမ သို့မဟုတ် ဆရာဝန်ကိုသေချာပြောပြပါ။ ဒီနည်းလမ်းတွေဟာ အန္တရာယ်ကင်းတယ်လို့ သက်သေပြထားတာမရှိတဲ့အတွက် ကိုယ်ဝန်မှာတစ်ခုခုဖြစ်လာနိုင်ခြေမြင့်မားတာကြောင့် ဆရာဝန်တွေကိုပြောပြဖို့ အထူးအရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement