backup og meta

ကလေးမွေးဖွားစဉ်မွန်းခြင်း


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးဖွားစဉ်မွန်းခြင်း

    မွေးဖွားစဉ်ကလေးမွန်းခြင်းဆိုသည်မှာအဘယ်နည်း?

    ကလေးမွန်းခြင်းဆိုသည်မှာ လုံလောက်သောအောက်ဆီဂျင် ထောက်ပံ့မှုမရရှိခြင်းဖြစ်သည်။ အ ကယ်၍ကလေးမမွေးစဉ်၊မွေးနေစဉ်နှင့်မွေးပြီးအချိန်တွင်ကလေးသည် လုံလောက်သော အောက်ဆီဂျင်မရရှိဘူးဆိုပါက ထိုအခြေအနေကိုကလေးမွေးဖွားစဉ်မွန်းခြင်းဟုခေါ်ပါသည်။

    မွေးဖွားစဉ်မွန်းခြင်းတွေကိုဖြစ်ပွားစေသည့်အကြောင်းအရင်းများသည်မည်သည်တို့ဖြစ်သနည်း။

    ကလေးမွေးဖွားစဉ်မွန်းခြင်းဖြစ်ပွားရသည့်အကြောင်းအရင်းများမျာ

    • မိခင်သွေးထဲတွင်အောက်ဆီဂျင်ပါဝင်မှုနည်းပါခြင်း
    • အချင်းစောကွာခြင်း
    • ကလေးမွေးရခက်ခဲခြင်း
    • ချက်ကြိုးပြဿနာများ
    • မိခင်သို့မဟုတ်ကလေးတွင်ပိုးဝင်ခြင်း
    • ကလေးမွေးစဉ်မိခင်တွင်ဖိအားများခြင်းသို့မဟုတ်ဖိအားနည်းခြင်း
    • ကလေးတွင်အသက်ရှူခြင်းဆိုင်ရာပုံမမှန်မှုများဖြစ်ပေါ်နေခြင်း
    • ကလေးသွေးအားနည်းခြင်း

    မွေးဖွားစဉ်ကလေးမွန်းလျှင်ကလေးကိုမည်သို့သက်ရောက်မှုရှိနိုင်ပါသလဲ?

    နေ့စေ့လစေ့မွေးသောကလေးအယောက်တစ်ထောင်အနက်လေးယောက်သည်မွေးဖွားစဉ်မွန်းခြင်းကိုခံစားရတတ်ပါသည်။ လမစေ့ဘဲမွေးသောကလေးများသည်မွေးဖွားစဉ်မွန်းခြင်းကိုခံစားရနှုန်းပိုများသည်။ မွေးဖွားစဉ်မွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုသည် အောက်စီဂျင်ဘယ်လောက်များများ ပြတ်လပ်သွားသလဲ သို့မဟုတ် အောက်စီဂျင်ဘယ်လောက်ကြာကြာ ပြတ်လပ်သွားသလဲသို့မဟုတ် ကလေးသည်သင့်လျော်သော ကုသမှုကိုဘယ်လောက်မြန်မြန်ရသလဲစသည့်အချက်များပေါ်မူတည်ပါသည်။

    ကလေးမွန်းခြင်းမိနစ်အနည်းငယ်ဖြစ်ပေါ်ပါက အောက်စီဂျင်နှင့်သွေးထောက်ပံ့မှုမရရှိခြင်းသည် ဆဲလ်ပျက်စီးမှုကိုဖြစ်စေပါသည။် ဦးနှောက်သို့သွေးနှင့်အောက်စီဂျင်ထောက်ပံ့မှုပြန်လည်ရရှိပြီးနောက်တွင် သွေးရုတ်တရက်ပြန်လည်စီးဆင်းခြင်းထိခိုက်မှုကြောင့် ပျက်စီးသွားသောဆဲလ်များမှ အဆိပ်အတောက်များ ထုတ်လွှတ်ခြင်းကြောင့် သွေးပြန်လည်စီးဆင်းခြင်းဒဏ်ရာရမှုဖြစ်ပွားနိုင်သည်။ အနည်းငယ်သို့မဟုတ် တော် သင့်ရုံမွန်းကျပ်ခြင်းသည် သေရာပါပျက်စီးမှုကို မဖြစ်ပွားစေနိုင်သော်လည်း မွန်းကျပ်ခြင်းကြာရှည်စွာဖြစ်ပါက ကလေး၏ဦးနှောက်နှလုံးနှင့်အခြားအရေးကြီးသောအင်္ဂါများသို့ သေရာပါမည့်ဒဏ်ရာမျိုးဖြစ်ပွားစေနိုင်ပါသည်။ နေ့မစေ့လမစေ့ဘဲမွေးသောကလေးများတွင်မွန်းခြင်းသည် ကလေးများတွင်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ၊ ဦး နှောက်နှင့်ပက်သက်သောပုံမမှန်သည့်ပြဿနာများ၊အာရုံစူးစိုက်၍မရသောအလွန်အမင်းအတက်ကြွလွန်ပုံမမှန်မှုများ သို့မဟုတ် အမြင်ဆိုင်ရာပုံမမှန်မှုများဖြစ်ပွားစေပါသည်။ ဆိုးဝါးသေားမွန်းခြင်းသည်ကိုယ်အင်္ဂါများ ပုံမှန် လုပ်ဆောင်နိုင်မှုလျော့ကျခြင်းနှင့်သေဆုံးခြင်းကိုပါဖြစ်ပွားစေနိုင်ပါသည်။

    မွေးဖွားစဉ်မွန်းခြင်း၏လက္ခဏာတွေကဘာတွေလဲ။

    ကလေးတစ်ယောက်သည် အောက်ပါလက္ခဏာများရှိပါက မွေးဖွားစဉ်မွန်းကြပ်ခြင်းကို ခံစားနေရ သည် ဟုဆိုနိုင်ပါသည်။

  • လုံးဝအသက်မရှူလျှင်သို့မဟုတ် အလွန်အားလျော့စွာအသက်ရှူလျှင်
  • အသားဖြူဖျော့နေလျှင် သို့မဟုတ်ပြာနေလျှင်
  • နှလုံးခုန်နှုန်းအလွန်နှေးနေလျှင်
  • ကိုယ်လက်ကြွက်သားများတုံ့ပြန်မှုအလွန်နည်းနေလျှင်သို့မဟုတ်အလွန်အားနည်းနေလျှင်
  • သွေးထဲတွင်အက်ဆစ်ပမာဏပါဝင်မှုများနေလျှင်
  • ရေမွှာရေတွင်ကလေး၏ငယ်ချေးများပါနေလျှင်
  • ကလေးတက်လျှင်
  • ကလေးမွေးဖွားစဉ်မွန်းလျှင်မည်သို့ကုသရမည်နည်း။

    အနည်းငယ်သာမွန်းသောကလေးများသည် အသက်ရှူခြင်းအထောက်အပံ့နှင့် အနီး ကပ် စောင့်ကြည့် ရန်သာလျှင်လိုပါသည်။ မွန်းခြင်းပိုဆိုးပါက အသက်ရှူကိရိယာ ၊အသက်ရှူကုထုံးနှင့် ဆေးများလိုအပ်ပါသည်။ အူများပုံမှန်ပြန်လည်အလုပ်လုပ်သည့်အချိန်အထိစောင့်ပြီးမှအစာကျွေးသင့်ပါသည်။

    ပိုအဆင့်မြင့်သောကုသမှုများတွင်အောက်ပါအချက်များပါဝင်ပါသည်။

    • သမားရိုးကျအသက်ရှူစက်များကြောင့်ကလေး၏နုနယ်သောအဆုတ်များကိုထိခိုက်ခြင်းမှရှောင်ရှားရန်အတွက် ပိုပြီးနူးညံ့သောနည်းလမ်းဖြင့်လေများကိုတဖြည်းဖြည်းမှုတ်သွင်းပေးမည့်အသက်ရှူအထောက်အကူပြုပစ္စည်းဖြင့်အသက်ရှူစေခြင်း
    • အသက်မရှူနိုင်ခြင်းနှင့် အဆုတ်အတွင်းဖိအားများခြင်းကိုကုသရန်အတွက် နိုက်ထရစ်အောက်ဆိုဒ် ရှူစေခြင်း နိုက်ထရစ်အောက်ဆိုဒ်ကို အဆုတ်ထဲတွင်ရှိသောသွေးကြောများကို ကျယ်စေရန် လေပြွန် ထဲသို့တိုက်ရိုက်ဝင်စေသည်။ ထိုအခါတွင် ခန္ဓါကိုယ်ထဲတွင် အောက်စီဂျင်ပါဝင်သောသွေး သည်လည် ပတ်စေသည်။
    • ဦးနှောက်ထိခိုက်မှုလျော့ကျစေရန် မွေးပြီးခြောက်နာရီအတွင်းကလေးကိုအအေးခံခြင်း
    • ကလေး၏နှလုံးနှင့်အဆုတ်တို့ ကောင်းစွာအလုပ်မလုပ်နိုင်ပါက ကောင်းစွာအလုပ်လုပ်ဖို့ ကူညီပေးနိုင်ရန်ခန္ဓါကိုယ်အပြင်ဘက်မှအမြှေးပါးအောက်စီဂျင်ပေးခြင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement