backup og meta

အချင်းကပ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချင်းကပ်ခြင်း

    အချင်းကပ်ခြင်း အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။

    အချင်းကပ်ခြင်းဆိုတာ ဘာလဲ။

    အချင်းကပ်ခြင်း ဆိုသည်မှာ အချင်းသည် မိခင်၏ သားအိမ်နံရံထဲတွင် တွယ်ကပ်နေခြင်းဖြစ်ပြီး ထိုသို့ဖြစ်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင်ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။

    ယေဘူယျအားဖြင့် ကလေးမွေးပြီး ချိန်တွင် အချင်းသည် သူ့ အလိုလို ကွာကျပါသည်။ သိုကသော် အချင်းကပ်နေသူများတွင်မူ အချင်းစများသည် သားအိမ်နံရံတွင် ကပ်နေပြီး သွေးထွက်လွန်ခြင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်းတို့ဖြစ်စေနိုင်ပါသည်။

    ထို့ကြောင့် သင့်ဆရာဝန်က သင့်ကို အချင်းကပ်နေကြောင်း သံသယရှိပါက ကလေးကို ခွဲမွေးပြီး သားအိမ်ကိုပါ ခွဲစိတ်ဖြတ်ထုတ်ရမည်ဖြစ်သည်။

    အချင်းကပ်ခြင်း၏ရောဂါလက္ခဏာများက ဘာလဲ။

    အချင်းကပ်ခြင်းသည် သေနိုင်သော အခြေအနေဖြစ်သော်လည်း သိသာသော လက္ခဏာများ မတွေ့ရပါ။

    တစ်ခါတရံတွင် ကလေးမွေးပြီးသည့်တိုင်အောင် မတွေ့ရသည်များလည်းရှိပါသည်။ အချို့သော မိခင်လောင်းများတွင် အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း၊ ကိုယ်ဝန် လနှောင်းပိုင်းတွင် မိန်းမကိုယ်မှ သွေးထွက်ခြင်း စသည့် အရေးကြီးသော ရောဂါလက္ခဏာများကို တွေ့ရတတ်သည်။

    ထို့ကြောင့် သင်သည် ကိုယ်ဝန်နှောင်းပိုင်းတွင် သွေးဆင်းခြင်းများဖြစ်ပါက သင့်ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းပြောပြရမည်ဖြစ်ပါသည်။

    (အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

    အချင်းကပ်ခြင်းကို ဖြစ်စေသော အကြောင်းများ

    အချင်းကပ်ခြင်းကို ဖြစ်စေသော အကြောင်းများကို တိကျစွာ မသိရသေးသော်လည်း ယင်းသို့ဖြစ်ခြင်းသည် အချင်းအရှေ့ရောက်ခြင်း၊ ယခင်က ဗိုက်ခွဲပြီး ကလေးမွေးဖူးခြင်းများနှင့် ဆက်စပ်မှုရှိနိုင်ပါသည်။

    လေ့လာချက်များအရ အချင်းအရှေ့ရောက်သော ကိုယ်ဝန်ဆောင်များ၏ ၅-၁၀ % တွင် အချင်းကပ်ခြင်းဖြစ်ကြောင်းတွေ့ရသည်။

    ထို့ပြင် ကလေးကို ဗိုက်ခွဲမွေးခြင်းသည်လည်း ရေရှည်တွင် ကိုယ်ဝန်ပြန်ဆောင်လျှင် အချင်းကပ်ခြင်းဖြစ်နိုင်ချေရှိကြောင်း တွေ့ရပါသည်။

    အချင်းကပ်ခြင်း နောက်ဆက်တွဲဆိုးကျိုးများနှင့် နောက်ဆက်တွဲကျန်းမာရေး ပြသနာများ

    အချင်းကပ်ခြင်းကြောင့်အဖြစ်အများဆုံးမှာ လမစေ့ဘဲ ကလေးမွေးခြင်း နှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ခြင်းတို့ဖြစ်ပါသည်။ အချင်းကပ်နေသူများတွင် လမစေ့ဘဲမွေးခြင်းသည် ပိုပြီး အတွေ့ရများပါသည်။

    နေ့စေ့ လစေ့ မမွေးသောသူများတွင်မူ အချင်းသည် အလိုလိုကွာကျရန်ခက်သောကြောင့် သားအိမ်ထဲကို လက်ထည့်ပြီး ခွာရခြင်းများဖြစ်ကာ မိခင်သည် သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိပါသည်။ ထို့ပြင် ထိုသို့ပြုလုပ်ခြင်းဖြင့် သားအိမ်တစ်ရှူးများ ထိခိုက်ပျက်စီးခြင်းဖြစ်နိုင်ပါသည်။

    အချင်းကပ်ခြင်းကို ဘယ်လိုသိနိုင်မလဲ။

    သင့်တွင် အချင်းကပ်နေကြောင်း ဆရာဝန်က သံသယရှိပါက သင့်အခြေအနေကို စစ်ဆေးပြီး အချင်းသည် သားအိမ်တွင် တည်ရှိနေသော အနေအထားကို သိရှိရန် လိုအပ်လျှင် အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ပြုလုပ်ပါမည်။

    ထိုစစ်ဆေးမှုများသည် နာကျင်ခြင်းမရှိသလို သင်နှင့် သင့်သန္ဓေသားအတွက်လည်း စိတ်ချရသော စစ်ဆေးမှုများလည်းဖြစ်ပါသည်။ ထို့ပြင် သွေးစစ်ခြင်းဖြင့် သန္ဓေသားမှထွက်သော alpha-fetoပရိုတင်းဓာတ်ကို သိရှိနိုင်ပါသည်။ alpha-fetoပရိုတင်းဓာတ်သည် အချင်းကပ်သူများတွင် မြင့်မားနေနိုင်ပါသည်။

    အချင်းကပ်ခြင်းကို ဘယ်လိုကုသနိုင်မလဲ။

    သင့်တွင် အချင်းကပ်နေပြီဟု ရောဂါရှာဖွေချက်များက အတည်ပြုပြီးလျှင် သင့်ဆရာဝန်က သင့်ကိုယ်ဝန်ကို ဂရုစိုက်စောင့်ရှောက်ခြင်း၊ သားအိမ်ကို ဖြစ်နိုင်လျှင် ဖြတ်ထုတ်စရာမလိုဘဲ ခွဲမွေးနိုင်ရန် အချိန်ဇယားများရေးဆွဲခြင်း စသည့်လိုအပ်သည်များကို ပြုလုပ်ပါလိမ့်မည်။

    ထို့ကြောင့် သင်သည် နောက်ထပ် ကလေးယူရန် ဆန္ဒ ရှိ မရှိကို ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ထို့ပြင် ခွဲစိတ်ကုသနိုင်မည့် နည်းလမ်းများကိုလည်း တိုင်ပင်ကာ သင်နှင့် အသင့်တော်ဆုံးကို ရွေးချယ်သင့်သည်။

    အချင်းကပ်ခြင်းနှင့် ဆက်နွယ်နေသည့်အရာများ

    အချုပ်ဆိုရသော် သင့်ဆရာဝန်က အချင်းကပ်ခြင်းကို သံသယရှိပါက သင်သည် သင့်ကိုယ်ဝန်၊ သန္ဓေသားနှင့် နောက်ထပ်ကိုယ်ဝန်များနှင့် ပက်သက်ပြီး အလွန်စိုးရိမ်သွားပါလိမ့်မည်။ ထိုစိုးရိမ်စိတ်များကို ဖယ်ရှားရန်အတွက် သင်သည် အချင်းကပ်ခြင်းနှင့် ပက်သက်ပြီး သိသင့်သည့် သတင်းအချက်အလက်များကို ရှာဖွေလေ့လာပါ။

    ထို့နောက်ထိုအကြောင်းအရာများနှင့် ပက်သက်ပြီး သိလိုသည်များကို သင့်ကျန်းမာရေးစောင့်ရှောက်သူများအားမေးမြန်းခြင်း၊ ဘဝတူကိုယ်ဝန်သည်များနှင့် မျှဝေခြင်းများပြုလုပ်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement