backup og meta

မိမိဖာသာ ကိုယ်ဝန်ဖျက်ချခြင်း၏ အန ္တရာယ်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိဖာသာ ကိုယ်ဝန်ဖျက်ချခြင်း၏ အန ္တရာယ်

    ဟိုအရင်တည်းက ကမ္ဘာပေါ်က အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ခြခြင်းဟာ တရားဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ရဲ့ ကျန်းမာရေးကို အထိခိုက်ခံပြီး ကိုယ်တိုင် ဖျက်ချခြင်း(သို့) အန္တရာယ်ရှိတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ပြီး မလိုချင်တဲ့ ကိုယ်ဝန်တွေကို အသုံးသတ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။

    အခုခေတ်မှာတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ ဆေးပညာ ရှုထောင့်အရ အများဆုံးလုပ်ဆောင်ပေးနေရတဲ့ လုပ်ဆောင်မှု ဖြစ်ပြီး ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးခြင်းဟာ အလွန်တရာ နည်းပါးပါတယ် (ဆယ်သိန်းမှာ ခြောက်ယောက်) လို့ WHO က ပြောပါတယ်။

    WHO က မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုတာဟာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မရှိတဲ့ သူတစ်ယောက်က လုပ်ဆောင်ခြင်း (သို့) ဆေးပညာအရ အနည်းဆုံးလိုအပ်တဲ့ စံနှုန်းမရှိတဲ့ ပတ်ဝန်းကျင်မှာ ဖျက်ချခြင်း (သို့) နှစ်မျိုးလုံးကို ဆိုလိုပါတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

    မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုတာဟာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မရှိတဲ့ သူတစ်ယောက်က လုပ်ဆောင်ခြင်း (သို့) ဆေးပညာအရ အနည်းဆုံးလိုအပ်တဲ့ စံနှုန်းမရှိတဲ့ ပတ်ဝန်းကျင်မှာ ဖျက်ချခြင်း (သို့) နှစ်မျိုးလုံးကို ဆိုလိုပါတယ်။ မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဟာ တရားမဝင်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းတစ်ဝက်လောက်ဟာ လုံခြုံစိတ်ချရခြင်း မရှိပဲ ဒီလိုဖျက်ချခြင်းတွေရဲ့ ၉၈%ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြစ်ပွားပါတယ်။ ဒါဟာ မိခင်သေဆုံးခြင်းရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။

    မလေးရှားမှာ ကိုယ်ဝန်ဖျက်ချနှုန်း

    မလေးရှားဟာ ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ဥပဒေရှိတာကြောင့် ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ မကျန်းမာရင် တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်ဖျက်ချခြင်းဟာ ဓလေ့ထုံးတမ်းစဉ်လာအရ တားမြစ်ချက်တစ်ခု ဖြစ်နေပါသေးတယ်။ ကိုယ်ဝန်ဖျက်ချတဲ့ ၂၁နှစ်ကနေ ၄၃ နှစ်ကြား အမျိုးသမီး ၃၁ယောက်ကို မြို့ပေါ်က သားဆက်ခြားဆေးခန်းက စည်းရုံးနိုင်ခဲ့ပါတယ်။ အမျိုးသမီးဆယ်ယောက်က တစ်ခါပဲ ကိုယ်ဝန်ဖျက်ချဖူးတယ်လို့ ဖြေကြားပြီး ကျန်တဲ့သူတွေကတော့ ၂ကြိမ်ကနေ ၈ကြိမ်ကြား ဖျက်ချဖူးတယ်လို့ ဖြေကြားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချဖို့ အချက်အလက်တွေ၊ ဝန်ဆောင်မှုတွေ ရှာဖွေတဲ့အခါမှာ အဆင်မပြေမှုတွေ ရှိခဲ့သော်လည်း သူတို့ကတော့ ကိုယ်ဝန်ဖျက်ချခဲ့တာပါပဲလို့ တွေ့ရှိချက်တွေက ဖေါ်ပြပါတယ်။

    သူတို့မှာ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ အကျိုးဆက်တွေကို ကြောက်ရွံ့ပြီး ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အချက်အလက်တွေကို ပိုပြီးသိလိုကြပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးတဲ့ အမျိုးသမီးတွေမှာ ဘယ်လိုခံစားမှုမှ မရှိတာကနေ ဖျက်ချမှုအကြောင်း မတွေးချင်ခြင်း၊ သက်သာရာရခြင်း၊ ဝမ်းနည်းခြင်း၊ ပျောက်ဆုံးခြင်း အစရှိတဲ့ ခံစားမှုအမျိုးမျိုး ရှိတတ်ပါတယ်။ ကိုယ်ဝန်ဖျက်ချမယ့်ဆုံးဖြတ်ချက်တွေကိုတော့ သူတို့ကိုယ်တိုင် ပြုလုပ်ပြီးတော့ အမျိုးသားရဲ့ သဘောတူညီမှုကို ရယူတာ တွေ့ရပါတယ်။ ကိုယ်ဝန်ဖျက်ချဖို့ သူတို့ရဲ့လိုအပ်ချက်တွေကတော့ မဖျက်ချခြင်းနဲ့ ဖျက်ချပြီးမှာ တိုင်ပင်ဆွေးနွေးမှုနဲ့ ကိုယ်ဝန်ဖျက်ချအပြီးမှာ ဆရာဝန်နဲ့ ပြန်လည်ပြသမှု လိုအပ်ခြင်းတွေ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဖျက်ချတာဟာ အန္တရာယ် ရှိပါတယ်။

    PubMed က ကိုယ်ဝန်ဖျက်ချဖို့ သုံးတဲ့နည်းလမ်းတွေကတော့ ဆေးတွေ၊ ကိရိယာတွေ၊ သားအိမ်ခေါင်းချဲ့ခြင်းတွေနဲ့ ကိုယ့်ကိုကိုယ် အန္တရာယ်ပြုခြင်းတွေ ပါဝင်ပါတယ်။ နည်းလမ်းအများစုဟာတော့ နာကျင်စေပြီး အသက် အန္တရာယ် ရှိပါတယ်။

    • မိန်းမကိုယ်ထိပ်မှာ မျှော့များ ထားခြင်း
    • မိန်းမကိုယ်ထိပ်မှာ ငရုတ်သီးမှုန့်တင်ခြင်း
    • Lye မျိုချခြင်း
    • ယမ်းမှုန့် မျိုချခြင်း
    • လှေကားမှ လှိမ့်ချခြင်း
    • ဗိုက်ကို ရိုက်နှက်ခြင်း
    • ရေပူဖြင့် ရေချိုးခြင်း
    • ထင်းရှူးဆီ စားခြင်း
    • ဘိန်းစားခြင်း

    ကိုယ်ဝန်ပျက်ဆေးရဲ့ သက်ရောက်မှု

    ကိုယ်ဝန်ပျက်ဆေးတွေဟာ အမျိုးသမီးတွေကြားမှာ အလွန်ထင်ရှားပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သင်ကိုယ်တိုင် ဆေးဘက်ဝင်အပင်တွေအသုံးပြုတယ်ဆိုရင်တောင် ကျွမ်းကျင်သူက ညွှန်ကြားပေးတာမဟုတ်ရင် အလွန် အန္တရာယ် ရှိပါတယ်။

    ဆေးဘက်ဝင်အပင်တွေ အသုံးပြုပြီး ကိုယ်ဝန်ဖျက်ချခြင်း

    FDAက ဆေးဘက်ဝင်အပင်တွေ အသုံးပြုမှုအပေါ်မှာ ထိန်းချုပ်မှု အားနည်းပါတယ်။ ဒါပေမယ့် ဆေးဘက်ဝင်အပင်တွေမှာ ထုတ်လုပ်ထားတဲ့ဆေးနဲ့ တူညီတဲ့ ပမာဏ ပါဝင်ခဲပါတယ်။ ပါဝင်တဲ့ဓါတုပစ္စည်းတွေဟာ တစ်နှစ်နဲ့ တစ်နှစ်၊ တစ်နေရာနဲ့ တစ်နေရာ ကွာခြားမှု ရှိပါတယ်။ ကွာခြားချက်ကတော့ သူတို့ဟာ အစွမ်းထက်နိုင်ပေမယ့် လိုတာထက် ပိုသုံးမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    OTC ဆေးများ

    ကိုယ်ဝန်ဖျက်ချဖို့ မှန်ကန်တဲ့ဆေးတွေ သုံးစွဲတာဟာ လုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့် အမျိုးသမီး အတော်များများဟာ အခြားသူတွေကို သူတို့ရဲ့ ရည်ရွယ်ချက်ကို မပြောပြချင်တဲ့အတွက် မှားယွင်းတဲ့ဆေးတွေကိုသာ အသုံးပြုလေ့ရှိကြပါတယ်။ အဆိုးဆုံး ပြဿနာကတော့ ဆေးအတုတွေ သုံးမိခြင်းပါပဲ။ တခါတလေမှာ ဒီဆေးအတုတွေမှာ ခဲဓါတ်နဲ့ အဆိပ်အတောက်တွေ ပါဝင်ပြီး သင့်ခန္ဓါကိုယ်ကို ဒုက္ခပေးနိုင်ပါတယ်။

    နောက်တစ်ခုကတော့ ကူးစက်ရောဂါရရှိခြင်းပဲဖြစ်ပါတယ်။ သားအိမ်ခေါင်းဟာ ကိုယ်ဝန်ဖျက်ချစဉ်မှာ ကျယ်နေတာကြောင့် ရောဂါပိုးဝင်နိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ မျိုးပွားလမ်းကြောင်းထဲ ဝင်သွားနိုင်ပြီးတော့ သားအိမ်၊ သားဥပြွှန်နဲ့ တင်ပါးဆုံတို့မှာ ကူးစက်ရောဂါဖြစ်နိုင်ပြီးတော့ အမျိုးသမီးကို မြုံစေနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ သေတောင်သေနိုင်ပါတယ်။

    ကိုယ်ဝန်ဖျက်ချခြင်းရဲ့ ပြဿနာများ

    အောက်ဖေါ်ပြပါအချက်တွေဟာ ကိုယ်တိုင်ကိုယ်ဝန်ဖျက်ချရင် ကြုံတွေ့နိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

    • သွေးဆင်းမှုကြောင့် သေဆုံးခြင်း
    • ထုံဆေး၊ မေ့ဆေးပြယ်မှုကြောင့် သေဆုံးခြင်း
    • သားအိမ် ရောဂါပိုးဝင်တာကြောင့် ဖြည်းညင်းစွာ သေဆုံးခြင်း
    • သားအိမ်ပေါက်ခြင်း
    • သားအိမ်ခေါင်း ဒဏ်ရာရခြင်း (နောက်မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက် ဖြစ်နိုင်ပါတယ်)
    • ရင်သားကင်ဆာ (estrogen မညီမျှမှုကြောင့်)
    • သားဥအိမ် ကင်ဆာ
    • သားအိမ်ခေါင်းကင်ဆာ
    • အသည်းကင်ဆာ
    • အချင်းမှာ ပုံသဏ္ဍာန် မမှန်မှုများ (သို့) အချင်းပိတ်ခြင်း (နောက်မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက် ဖြစ်နိုင်ခြင်း (သို့) နောက်ကိုယ်ဝန်မှာ သွေးအများအပြား ဆင်းခြင်း) တို့ ဖြစ်နိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement