backup og meta

မျိုးဥကြွေခြင်း ဆိုတာဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျိုးဥကြွေခြင်း ဆိုတာဘာလဲ

    ကျန်းမာသော အမျိုးသမီးတိုင်းသည် တစ်လ တစ်ခါ မျိုးဥကြွေကြပါသည်။ မျိုးဥကြွေခြင်းသည် အမျိုးသမီးများ၏ကိုယ်ထဲတွင်ဖြစ်သော သဘာဝဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ သို့သော် လူအတော်အများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး မသိကြသလို ယင်းဖြစ်စဉ်သည် လူသားများကို ဘယ်လို ကူညီပေးသလဲ အများစုက သေချာစွာ မသိကြပါ။

    မျိုးဥကြွေခြင်း ဆိုတာဘာလဲ။

    မျိုးဥကြွေခြင်း သည် အမျိုးသမီးများတွင် ဓမ္မတာလာခြင်းဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မျိုးဥကြွေနေချိန်တွင် မျိုးအိတ်ထဲမှ မ မျိုးဥကလေးသည် ထွက်ကျလာပြီး သားဥပြွန်တလျှောက်ဆင်းသွားကာ သနေ္ဓတည်ရန်အဆင်သင့်အနေအထားဖြစ်နေပါသည်။

    ဘယ်အချိန်မှာ မျိုးဥကြွေခြင်း ဖြစ်သလဲ။

    အများစုသော မိန်းကလေးများသည် အသက် ၉ နှစ်နှင့် ၁၅နှစ်ကြားတွင် ရာသီလာကြပါသည်။ ထိုအချိန်မှ စပြီး ကိုယ်ဝန်ဆောင်နိုင်လာပါသည်။ အမျိုးသမီးတစ်ဦးသည် မျိုးပွားသည့်အရွယ်အတွင် စမ္မတာပေါ်နေစဉ် ၁၀ ရက်မြောက်နေ့နှင့် ၁၉ ရက်မြောက်နေ့အတွင်းတွင် မျိုးဥကြွေပါသည်။ ဓမ္မတာလာချိန်တွင် ပထမဦးဆုံးရက်မှ စပြီး ရေတွက်ခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် အမျိုးသမီးများ၏ ရာသီစက်ဝန်းသည် ၂၈ ရက်မှာ ၃၂ ရက်အကြာတစ်ခါလည်ပါသည်။ ယင်းဖြစ်စဉ်သည် လတိုင်းလိုလိုဖြစ်နေပြီး အသက် ၅၁ နှစ်ဝန်းကျင်တွင် ရာသီမလာတော့ဘဲ သွေးဆုံးသွားပါသည်။

    မျိုးဥကြွေခြင်း ကို ဘယ်လိုမှန်းဆနိုင်သလဲ။

    မျိုးဥကြွေသည့်ရက်ကို ပြသသည့် ပြက္ခဒိန်တွင် သင် မျိုးဥကြွေချိန်ကို မှန်းဆနိုင်ပါသည်။ ယင်းပြက္ခဒိန်ကို အခမဲ့ ရယူနိုင်သော အင်တာနက်စာမျက်နှာများစွာ ရှိပါသည်။ သင်မျိုးဥကြွေချိန်ကို သတ်မှတ်ပေးရန် သင့်ကို အောက်ပါမေးခွန်းများ မေးပါလိမ့်မည်။

    · ပြီးခဲ့သော လတွင် ရာသီလာခဲ့သည့် ပထမဆုံးသောရက်ကဘာလဲ။

    · သင်တစ်ခါ ရာသီလာလျှင် ဘယ်နှရက်ကြာလဲ။

    ထိုအချက်များသည် သင်ကိုယ်တိုင်ကလည်း မှတ်ထားသင့်သော အရာများဖြစ်ပါသည်။

    မျိုးဥကြွေခြင်း နှင့် ပတ်သက်သော မူမမှန်ဖြစ်စဉ်များ

    အမျိုးမျိုးသောအကြောင်းများကြောင့် မျိုးဥကြွေခြင်း နှင့် ပတ်သက်သော မူမမှန်ဖြစ်စဉ်များဖြစ်ပြီး မျိုးမအောင်ခြင်း၊ ကလေးမရနိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။ အဖြစ်များစေသော အကြောင်းများမှာ အောက်ပါတို့ဖြစ်ပါသည်။

    · မျိုးဥအိမ်တွင် ရေအိတ်များဖြစ်သောရောဂါစု

    ထိုသို့ဖြစ်ခြင်းသည် မျိုးဥကြွေခြင်းကိုဖြစ်စေသော ဟော်မုန်းများ မျှခြေမညီခြင်းကြောင့် ဖြစ်နိုင်သလို အင်ဆူလင်ဓါတ်များ အလုပ်မလုပ်နိုင်ခြင်း၊ အဝလွန်ခြင်း၊ အမွေးအမျှင်များ မူမမှန်စွာကြီးထွားခြင်း၊ ဝက်ခြံများစွာပေါက်ခြင်း စသည့် ကျန်းမာရေးပြသနာများနှင့်လည်း စပ်ဆက်နေတတ်ပါသည်။

    · ဦးနှောက်ရှိ ဟိုက်ပိုသားလမတ် မူမမှန်ခြင်း

    ယင်းဖြစ်စဉ်ကို အများအားဖြင့် အများအားဖြင့် ရာသီစက်ဝန်းမမှန်သော အမျိုးသမီးများတွင် အများဆုံးတွေ့ရပါသည်။ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် အပြောင်းအလဲမြန်ခြင်း စသည့်အကြောင်းများကြောင့်လည်း ဟိုက်ပိုသားလမတ် မူမမှန်ဖြစ်စဉ်များ ဖြစ်တတ်ပါသည်။

    · မျိုးဥအိမ် သည် အရွယ်မတိုင်မီ လုပ်ဆောင်ရည်ကျဆင်းခြင်း

    ထိုရောဂါသည် ကိုယ်ခန္ဓာထဲတွင် ကိုယ်ခံအားစနစ်မူမမှန်ခြင်း၊ မျိုးရိုးဗီဇများ မူမမှန်ခြင်း၊ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပြီး အသက် ၄၀အောက် အမျိုးသမီးများတွင် အဖြစ်များပါသည်။

    မျိုးဥကြွေစေရန် လှုံ့ဆော်လို့ရပါသလား။

    မျိုးဥကြွေခြင်းကို လှုံ့ဆော်လို့ရပါသည်။ အောက်ပါတို့သည် မျိုးအိမ်မှ မျိုးဥများကိုထွက်လာစေရန် လှုံ့ဆော်ပေးသော ဆေးများဖြစ်ပါသည်။

    · ကလိုမီဖင်း ဆစ်ထရိတ် citrate (Clomid, Serophene)

    ထိုဆေးသည် ဦးနှောက်ရှိ ပစ်ကျူထရီ ဂလင်းကို လှုံ့ဆော်ပေးပြီး မျိုးအိတ်များကို ပိုထုတ်ပေးခြင်းဖြင့် လှုံ့ဆော်ပေးခြင်းဖြစ်ပါသည်။

    · မတ်ဖော်မင် (Glucophage)

    မျိုးဥအိမ်တွင် ရေအိတ်များဖြစ်သောရောဂါရှိသော အမျိုးသမီးမျာသည် မတ်ဖော်မင်ကိုသောက်ခြင်းဖြင့် အင်ဆူလင်ဟော်မုန်းများ အာနိသင်ကောင်းလာစေပြီး မျိုးဥကြွေခြင်းကိုလည်း ဖြစ်စေပါသည်။

    အချုပ်ဆိုရသော် အများစုသော အမျိုးသမီးများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး အန္တရာယ်ရှိသည့် အခြေအနေများ မူမမှန်မှုများကို အမှုမဲ့အမှတ်မဲ့နေတတ်ကြပါသည်။ ထို့ကြောင့် ရာသီစက်ဝန်းလာချိန် နှင့် အခြားအချိန်များတွင် ပါ သင့်ကိုယ်တွင် ပြောင်းလဲနေသော မူမမှန်ဖြစ်စဉ်များရှိမရှိ ဂရုပြုကြည့်ရှုရပါမည်။ ရောဂါရှိနေသော်လည်း မကုသဘဲထားလျှင် ယင်းမူမမှန်ဖြစ်စဉ်ကြောင့် နောင်တွင် ကလေးမရနိုင်တော့သည်အထိ အခြေအနေဆိုးရွားသွားနိုင်ကြောင်း သိထားရပါမည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement