backup og meta

မမျှော်လင့်ထားသောကိုယ်ဝန်က သင့်ကိုအံ့သြသွားစေမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မမျှော်လင့်ထားသောကိုယ်ဝန်က သင့်ကိုအံ့သြသွားစေမလား

    အမျိုူသမီးအများစုသည် ကိုယ်ဝန်ဆောင်မည်ကို လများစွာကြိုတင်ပြီး စီစဉ်ထားလေ့ရှိကြပါသည်။ သို့သော် တစ်ချို့တွင် လိင်သဘာဝနှင့် သားဆက်ခြားဆိုင်ရာ အခြေခံအသိများ နားလည်လွဲသွားခြင်းကြောင့် မလိုအပ်သည့် ကိုယ်ဝန်မျိုး ရလာနိုင်ပါသည်။ ထို့ကြောင့် တစ်ရက်ရက်မှာ မမျှော်လင့်သောကိုယ်ဝန်မျိုး သင်ရလာနိုင်မလားဆိုတာကို တွေးတောဖူးပါသလား သို့မဟုတ် သင်လိုချင်သည့်အချိန်မှပဲ ရလိမ့်မည်ဟု ယုံကြည်ချက်ရှိပါသလား။

    သားဆက်ခြားခြင်းအကြောင်း သင်ဘယ်လောက်ထိ သိထားသလဲ။

    ကွန်ဒုံး၊ တားဆေး၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်း စသည်ဖြင့် သားဆက်ခြားနည်း အမျိုးမျိုးရှိပါသည်။ ၎င်းတို့သည် ၉၀% နီးပါးထိ အောင်မြင်နိုင်သောနည်းများ ဖြစ်ပါသည်။ ထို့အတူ အမျိုးသမီးသားကြောဖြတ်ခြင်း သို့မဟုတ် အမျိုးသားသာကြောဖြတ်ခြင်းတို့ မအောင်မြင်သည်လည်း ရှားပါသည်။ သို့သော် သားဆက်ခြားနည်းများကိုသုံးနေရင်းပင် မတော်တဆဆိုတာ ဖြစ်လာနိုင်ပါသည်။ ဒါဆို ဘာကြောင့် ဖြစ်ရမလဲ။

    သားဆက်ခြားဆေးများကို မှားယွင်းစွာသုံးနေပါက ကလေးရနိုင်ချေ များပါသည်။ ဥပမာအားဖြင့် သင်ပါ့တနာမှ ကွန်ဒုံးသုံးသည်ဆိုပါစို့။ ကွန်ဒုံးတွင် အပေါက်သေးသေးလေး ပေါက်နေသည်ကို သင်ရောသင့်ပါတနာပါ သတိမထားလိုက်တာမျိုး သို့မဟုတ် ချစ်တင်းနှောနေစဉ် ကွန်ဒုံးပေါက်သွားသောကြောင့် အရေးပေါ်ဆေး ဝယ်သောက်လိုက်ရတာမျိုးတို့ ဖြစ်တတ်ပါသည်။

    ထိုဆေးမျိုးသည် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၅ ရက်အတွင်းသာ ကာကွယ်ပေးနိုင်ပါသည်။ သို့သော် တစ်ခါတစ်ရံ နေ့စဉ်သောက်ရမည့်ဆေး တစ်ရက်လွတ်သွားတတ်ပြီး ကိုယ်ဝန်ရလာနိုင်ပါသေးသည်။ မမျှော်လင့်သည့်ကိုယ်ဝန် ရလာခြင်း၏အဓိက အကြောင်းရင်းသည် သားဆက်ခြားနည်း မသုံးသောကြောင့်ပင်ဖြစ်သည်။ တစ်ချို့သည် နေ့စဉ်သောက်ရမည်ကို မေ့သွားတာမျိုး သို့မဟုတ် ပါတနာမှ မသုံးစေချင်တာမျိုးတို့ ဖြစ်နိုင်ပါသည်။

    သင့်ခန္ဓါကိုယ်အကြောင်း သေချာသိပါရဲ့လား။

    တစ်ချို့အမျိုးသမီးများက ရာသီမထိန်ခင်အထိ ကိုယ်ဝန်ရှိနေကြောင်း မသိတတ်ကြပါ။ အရင်တုန်းက မျိုးပွားနိုင်စွမ်းနှင့်ပါတ်သတ်၍ ရုန်းကန်ခဲ့ရဖူးလျှင် ရာသီပုံမှန်မလာတတ်ခြင်း သို့မဟုတ် သွေးဆုံးခါနီး ရာသီထိန်နေတာမျိုးဆိုလျှင်တော့ မမျှော်လင့်ပဲကိုယ်ဝန်ရှိလာနိုင်ပါသည်။

    ထို့အပြင် တစ်ချို့အမျိုးသမီးများကျ ရာသီပုံမှန်မလာသောကြောင့် သားဥပုံမှန်မကြွေတတ်ပါ။ သို့မဟုတ် သူတို့ရာသီချိန်ကို ကောင်းကောင်းသိကြောင်း ယုံကြည်ထားကြ၏။ ထို့ကြောင့် သားဆက်ခြားခြင်းကို မသိကျိုးကျွံပြုထားရမှ ကလေးရလာနိုင်ပါသည်။ သားဆက်ခြားနည်းများကိုမသုံးပါက ဘာကမှ သင်ကိုယ်ဝန်မရနိုင်ကြောင်း အာမမခံနိုင်ပါ။

    ထို့ကြောင့် သင့်မှာကလေးရှိပြီးသားဆိုလျှင် သင့်ရော သင့်ပါတနာပါ အနာဂတ်အတွက် အစီအစဉ်ချပြီး မှန်မှန်ကန်ကန်သားဆက်ခြားသင့်ပါသည်။ အသင့်မဖြစ်ခင် ကိုယ်ဝန်ရလာခြင်းက နှစ်ဦးစလုံးအတွက် စိန်ခေါ်မှုကြီး ဖြစ်လာနိုင်ပါသည်။ ကလေးကို ဆက်မွေးမည် မမွေးမည်ကတော့ သင်တို့နှစ်ယောက်လုံး၏ ပုဂ္ဂလိကဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement