backup og meta

ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား

    ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား ဆိုတာက နည်းနည်းလောက် ဆွေးနွေးကြည့်ရအောင်လား!

    “အမျိုးသမီးတယောက်က ကလေးမွေးခါနီးအထိ ကိုယ်ဝန်ရှိနေတာကို မသိဘူး” “ဟိုကောင်မလေးပေါ့ ဗိုက်ထဲက ကလေးကတိုးထွက်လာတော့မှ ကိုယ်ဝန်ရှိမှန်းသိတာ” စသဖြင့်ပြောကြတာကို ကြားဖူးကောင်းကြားဖူးကြပါလိမ့်မယ်။ ဒီလိုကြားမိတဲ့အခါ သင်တွေးပါလိမ့်မယ်။ ကိုယ့်ဗိုက်ထဲမှာ ကလေးတယောက်လုံးရှိနေတာကို မသိဖူးဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။

    ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား

    ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား ဆိုတော့ ဒါဟာ တကယ်ပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ကိုယ်ဝန်ကို ငြင်းဆန်ခြင်းလို့ ခေါ်ပါတယ်။ ဘယ်လို အနေအထားမျိုးတွေမှာ ဒီကိစ္စမျိုးဖြစ်လာနိုင်သလဲ ဆက်ကြည့်ရအောင်။

    သင့်မှာ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ရှိနေမယ်။

    ကိုယ်ဝန်ရှိလာမှာကို ကြောက်နေတာ၊စိတ်ဖိစီးမှုတွေ အရမ်းများတာမျိုး ဖြစ်နေနိုင်ပါတယ်။ ကလေးရလာမှာ၊အမေတယောက်ဖြစ်ရမှာကို ကြောက်နေမယ်ဆိုရင် သင်ကြောက်နေတဲ့ အရာတွေကို သင့်ခန္ဓါကိုယ်နဲ့ မသိစိတ်က ငြင်းဆန်တာ ဒါသဘာဝပါ။ သင့်ခန္ဓါကိုယ်ရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုပြီး ဒါကိုယ်ဝန် မဟုတ်နိုင်ပါဖူးလေ ဆိုပြီး တွေးမိနေပါလိမ့်မယ်။ တချို့အမျိုးသမီးတွေမှာကျတော့ (အိမ်ထောင်မရှိသူတွေ) ကိုယ်ဝန်ရှိလာရင် သူတို့မှာ လိင်မှုကိစ္စရှိနေတာကို လူတွေသိသွားမှာ ဒါမှမဟုတ် လူမှုရေးဖောက်ပြန်တဲ့ အိမ်ထောင်သည်တွေမှာဆိုလည်း ဇာတ်ရှုပ်တွေ ပေါ်သွားမှာစိုးတဲ့အတွက် ကိုယ်ဝန်ကို မလိုချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားတွေပါ။

    သင့်မှာ ကိုယ်ဝန်ရဲ့ လက္ခဏာတွေ မရှိဘူး

    ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ကိုယ်အလေးချိန်တက်လာတာ ဒါမှမဟုတ် မူးဝေအော့အန်တာစတာတွေ မရှိရင်လည်း ကိုယ်ဝန်ရှိတာကို မသိဖြစ်နိုင်ပါတယ်။ တချို့အမျိုးသမီးတွေမှာကျပြန်တော့ ဒီလက္ခဏာတွေ ရှိသော်ငြား သိသာလောက်အောင် မဟုတ်တဲ့အတွက် သူတို့မှာ ကိုယ်ဝန်လွယ်ထားရတယ်လို့ မထင်တတ်ကြပြန်ပါဘူး။

    ကိုယ်ဝန်မဟုတ်လောက်ဘူးလို့ထင်တာ

    သင်ဟာနဂိုထဲက အဝလွန်သူ ဒါမှမဟုတ် မကြာခဏ ကိုယ်အလေးချိန်တက်လိုက်ကျလိုက်ဖြစ်လေ့ရှိသူဆိုရင် ဒီလိုကိုယ်အလေးချိန်တက်လာတာဟာ ကိုယ်ဝန်ရှိနေတာကြောင့်လို့ သင်တွေးမိမှာ မဟုတ်ပါဘူး။ ပျို့အန်တာမျိုးရှိရင်လည်း အစားမှားတာကြောင့်လို့ပဲ ထင်မိမှာပါ။

    နဂိုထဲက ဓမ္မတာမမှန်တတ်ဘူးဆိုရင်

    စိတ်ဖိစီးမှုတွေ၊တားဆေးတွေ၊အစားအသောက်ပြဿနာတွေ၊ဆီးချိုရှိတာ ဒါမှမဟုတ် အဝလွန်တာတွေကြောင့် ဓမ္မတာမမှန်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဓမ္မတာမမှန်ခြင်းဟာ ကိုယ်ဝန်ရှိခြင်းရဲ့ ကနဦး လက္ခဏာဖြစ်ပေမယ့် သင့်အနေနဲ့ ပုံမှန်ပဲထင်ပြီး ကိုယ်ဝန်ရှိတာကို မသိလိုက်တာမျိုး ဖြစ်နေနိုင်ပါတယ်။

    ဒီလိုအနေအထားတွေကို သိဖို့ ဘာလို့အရေးကြီးတာလဲ။

    တကယ်လို့သင့်မှာ ကိုယ်ဝန်ရှိတာ သင်ကိုယ်တိုင်မသိဖူးဆိုရင် (ပုံမှန်အတိုင်းမွေးဖွားသွားနိုင်သော်ငြား၊မိခင်ရောကလေးပါ ကျန်းကျန်းမာမာရှိနေနိုင်သော်ငြား) အန္တရာယ်တွေကတော့ ရှိနေပါတယ်။

    • ကိုယ်ဝန်ကို မသိစိတ်က ငြင်းဆန်ခြင်းကြောင့် ကိုယ်ဝန်ရှိတာမသိဖူးဆိုရင် လမစေ့ဘဲမွေးတာ၊ မွေးကင်းစကလေးသေနှုန်းမြင့်မားတာ ပေါင်မပြည့်တဲ့ကလေးမွေးတာ၊မွေးအပြီးမှာ ထိတ်လန့်တုန်လှုပ်တာ ဒါမှမဟုတ် အမေက ဂရုမစိုက်တာကြောင့် ကလေးသေဆုံးတာမျိုးတွေ အထိ ဖြစ်သွားနိုင်ပါတယ်။
    • Ultrasound ရိုက်တာ၊သွေးစစ်ဆီးစစ်တာ အစရှိတဲ့ မိခင်ရောကလေးကျန်းမာဖို့အတွက် အရေးကြီးလှတဲ့ စစ်ဆေးမှုတွေ မလုပ်ရတော့ပါဖူး။
    • အစားအသောက်ကို မှန်မှန်ကန်ကန် သင့်တင့်မျှတစွာ စားတာမျိုး၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုး၊ဆေးလိပ်ဖြတ်တာမျိုး၊အရက်မသောက်တာမျိုးတွေကို မလုပ်သင့်မှန်း သင်မသိနိုင်ပါဖူး။
    • သင်နဲ့ သင့်ကလေးမှာ သွေးတိုးတာ၊ကိုယ်ဝန်ကြောင့် ဆီးချိုရှိတာ ဒါမှမဟုတ် အာဟာရချို့တဲ့တာ စတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေရင်လည်း သင်မသိနိုင်ပါဖူး။

    သင်မသိလိုက်တဲ့ ကိုယ်ဝန်ရှိနေမှန်း ဘယ်လိုသိနိုင်မလဲ။

    ငြင်းဆန်ချင်တဲ့ ကိုယ်ဝန်ရှိနေပြီဆိုရင် သိနိုင်ဖို့ နည်းနည်းခက်ကောင်းခက်ပါလိမ့်မယ်။ ကိုယ်ဝန်ရှိနေတာ မသိဘဲ တခြားနေထိုင်မကောင်းတာရှိလို့ ဆေးခန်းသွားပြတာမျိုးလည်း ရှိချင်ရှိမယ်။ ပျို့အန်မအီမသာဖြစ်တာ၊ ကိုယ်အလေးချိန် တက်လာတာ၊အရမ်းပင်ပန်းနွမ်းနယ်နေတာ၊ရင်သားကြီးလာတာ ဒါမှမဟုတ် တချို့အစားအသောက်တွေကို မစားနိုင်တော့တာ၊အနံ့မခံနိုင်တော့တာမျိုးတွေကို သတိထားသင့်ပါတယ်။

    သင့်မှာကိုယ်ဝန်ရှိနေပေမယ့် သင်ကိုယ်တိုင် သတိမထားမိတာ၊မသိတာမျိုးကို ကိုယ်ဝန်ငြင်းဆန်ခြင်း ဒါမှမဟုတ် ငြင်းဆန်ချင်တဲ့ ကိုယ်ဝန်လို့ ခေါ်ပြီး ဒီအခြေအနေဟာ သင့်အနေနဲ့ ကိုယ်ဝန်ကို မလိုချင်တာ ဒါမှမဟုတ် ကိုယ်ဝန်ရဲ့ လက္ခဏာတွေကို သတိမထားမိတတွေကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ကိုရော သင့်ကလေးကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတွေ အများကြီး ဆက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်က အပြောင်းအလဲတွေကို သတိထားဖို့လိုတဲ့အပြင် ကျန်းမာရေးစစ်ဆေးမှုကိုလည်း ပုံမှန်လုပ်ဖို့ လိုအပ်လှပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement