backup og meta

ကလေးယူရန် အစီအစဉ်ရှိလျှင် ဆရာဝန်နှင့် ပြသင့်ပါသလား


Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးယူရန် အစီအစဉ်ရှိလျှင် ဆရာဝန်နှင့် ပြသင့်ပါသလား

    သင့်ဘဝထဲကို ရင်သွေးငယ်တဦးဝင်လာရန် သင်အဆင်သင့်ဖြစ်နေပြီဆိုလျှင် မကြာမီတွင် သင်သည် ပျော်ရွှင်စရာများကို ပိုင်ဆိုင်ရတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကိုယ်ဝန်ရနိုင်ချေကိုများလာစေရန် ပြုမူနေထိုင်သင့်သည့်နည်းလမ်းများကို ဆရာဝန်နှင့် တိုင်ပင်ခြင်းဖြင့် သင့်တွင်ကြုံတွေ့ရနိုင်သော ကလေးရရန်ခက်ခဲနေသည့် ပြသနာများကိုပါ ပြေပျောက်စေနိုင်ပါသည်။

    ကိုယ်ဝန်ဆောင်ရန်အတွက် ကြိုးစားနေဆဲကာလတွင် ဆရာဝန်နှင့် ရက်ချိန်းပြရန် အစီအစဉ်များ ရေးဆွဲပါ။

    သင်သည် ကလေးယူရန်အစီအစဉ် ရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့် တွေ့ဆုံကာ သင်သည် မိခင်လောင်းတဦးဖြစ်ရန် အဆင်သင့်ဖြစ်မဖြစ် ပုံမှန်စစ်ဆေးမှုများပြုလုပ်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် အချိန်မရွေးပြုလုပ်နိုင်သလို ကိုယ်ဝန်ယူရန် အစီအစဉ်မဆွဲမီ တစ်နှစ်အကြိုလောက်ကတည်းက စီစဉ်သင့်ပါသည်။

    သို့သော် သင့်ကျန်းမာရေး အခြေအနေနှင့် သင်သောက်နေသောဆေးများ၊ သင့်နေထိုင်မှုပုံစံများက ကိုယ်ဝန်ဆောင်ရန် အဟန့်အတားတခုဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သင်နှင့် သင့်ကလေး၏ကျန်းမာရေးကို စိတ်ချရစေရန် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့်တိုင်ပင်ပြီး ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျန်းမာရေး စစ်ဆေးမှုများခံယူသင့်ပါသည်။

    မျိုးဆက်ပွားကျန်းမာရေး အထူးကုဆရာဝန်နှင့် ရက်ချိန်းများပြသပါ။

    သင်သည် အသက် ၃၅ နှစ်အောက် အမျိုးသမီးဖြစ်ပြီး အမျိုးသားနှင့်အတူ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို တစ်နှစ်ကျော်ပြုလုပ်သည့်တိုင် ကလေးမရပါက မျိုးဆက်ပွားကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    သင်သည် အသက် ၃၅နှစ်အထက်ဖြစ်ပါက

    အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ၆ လခန့်ပြုလုပ်သည့်တိုင် ကလေးမရပါက မျိုးဆက်ပွားကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    ကလေးမရခြင်းသည် အချို့သော အခြေအနေများကြောင့် ဖြစ်နိုင်သဖြင့် အောက်ပါကျန်းမာရေးအခြေအနေများရှိပါက အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    · ခါးအရိုးကွင်းထဲတွင်ရှိသော အတွင်းပိုင်းအင်္ဂါများရောင်ရမ်းသော ရောဂါ

    · သားအိမ်တွင် အသားလုံးများဖြစ်ခြင်း

    · သားအိမ်နံရံရှိတစ်သျူးများ အခြားနေရာတွင်ဖြစ်တည်နေသောရောဂါ

    · မျိုးဥအိမ်တွင် ရေအိတ်များဖြစ်ခြင်း

    · လိင်မှတဆင့် ကူစက်သောရောဂါများ(Ganorrhoea နှင့် Chalamydia ပိုးများ )

    · မျိုးဥပြွန်တွင်ရောဂါပိုးဝင်ခြင်း၊ နေရာမှားသန္ဓေတည်ခြင်း နှင့် ခွဲစိတ်မှုများခံယူခဲ့ခြင်းတို့ကြောင့် သားဥပြွန်ပိတ်သွားခြင်း

    · ဗိုက်နှင့် ခါးအောက်ပိုင်းခွဲစိတ်မှုများခံယူဖူးခြင်း

    · ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ သိုင်းရွိုက်ဟော်မုန်းရောဂါစသည့် နာတာရှည်ရောဂါများရှိခြင်းတို့ဖြစ်ပါသည်။

    အကယ်၍ သင့်ဆရာဝန်ကသင့်တွင် တိကျသောရောဂါလက္ခဏာများရှာမရဖြစ်နေပါကလည်း အချို့သောရောဂါလက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများက သင်ကိုယ်ဝန်ရနိုင်ချေအတွက် လျော့နည်းစေသော အကြောင်းရင်းမျာဖြစ်လာပါလိမ့်မည်။

    ထို့ကြောင့် သင်သည် အောက်ပါလက္ခဏာများလည်း ခံစားနေရပြီး ကိုယ်ဝန်လည်းမရဖြစ်နေပါက

    ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့် ပြသသင့်ပါသည်။

    · နေ့စဉ်နေ့တိုင်း ခါးအောက်ပိုင်းတွင် နာကျင်နေလျှင်

    · ဦးခေါင်းဆံပင်များကျွတ်နေလျှင်

    · ဝက်ခြံများ ဆိုးရွားစွာပေါက်လျှင်

    · မျက်နှာနှင့်ကိုယ်တွင် အမွှေးအမျှင်များ ထူထဲလာလျှင်

    ကိုယ်ဝန်မဆောင်မီတွင် စစ်ဆေးသင့်သော စစ်ဆေးမှုများ

    1. သားအိမ်ချွဲမြှေးယူပြီးစစ်ဆေးခြင်း

    2. သိုင်းရွိက်ဟော်မုန်းစစ်ဆေးခြင်း

    3. သုတ်ကောင်ရေစစ်ခြင်း

    4. မျိုးဥကြွေချိန်တွင် ကိုယ်ပူချိန်တိုင်းတာခြင်း

    5. HIV ပိုးစစ်ခြင်း

    6. ရေယုန်များရှိမရှိ စစ်ဆေးခြင်း

    7. အသည်းရောင် အသားဝါ A ,B ပိုးများစစ်ဆေးခြင်း

    8. လိင်မှတဆင့် ကူးစက်သော ရောဂါများစစ်ဆေးခြင်း

    9. မိန်းမကိုယ်တွင် Ganorrhoea နှင့် Chalamydia ပိုးများရှိမရှိစစ်ဆေးခြင်း

    10. ဂျိုက်သိုးများကို စစ်ဆေးခြင်း(ဂျိုက်သိုးကို စစ်ဆေးရာတွင် ခန္ဓါကိုယ်ထဲတွင် ဂျိုက်သိုးအတွက် တုန့်ပြန်နိုင်သည့် ကိုယ်ခံအားရှိမရှိစစ်ဆေးခြင်းဖြစ်သည်။ မရှိပါက ကာကွယ်ဆေးကို ကိုယ်ဝန်မဆောင်မီ ထိုးရမြည်ဖစ်ပြီး ဆေးထိုးပြီး အချိန်အပိုင်းအခြားတခုကြာမှသာလျှင် ကိုယ်ဝန်ဆောင်ရမြည်ဖစ်သည်။)

    11. ရေကျောက်စစ်ဆေးမှုများ

    12. Parvo B 19 ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း

    13. Cytomegalo ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း

    14. Toxoplasma ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း

    15. မိခင်လောင်းနှင့် ဖခင်လောင်းတို့၏ Rh (အပေါင်းအနှုတ်သွေး) အမျိုးအစားကို စစ်ဆေးခြင်း

    16. သွေးနီဥများစစ်ဆေးခြင်း နှင့်သွေးအားများစစ်ဆေးခြင်း

    17. ကြွက်နို့ ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း

    18. မိန်းမကိုယ်တွင်ဖြစ်သော မှိုရောဂါများစစ်ဆေးခြင်း

    မည်သို့ပင်ဆိုစေကာမူ သင်သည် ရင်သွေးယူရန်ပြင်ဆင်ထားပြီးဖြစ်ပါလျှင် ကြုံတွေ့လာရမည့် အခက်အခဲပြသနာများကို ဖြေရှင်းနိုင်ရန် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူများနှင့် တိုင်ပင်ကာ သူတို့ပေးသော အကြံဉာဏ်များ၊ လမ်းညွှန်မှုများနှင့် ကုသမှုများ ခံယူသင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement