အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ နဲ့ ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ်များ၊ ဆောင်ရန် ရှောင်ရန် အကြောင်းအရာများကို လေ့လာနိုင်မည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ ကိုယ်ဝန်ရနိုင်လား

အိမ်ထောင်ရက်သားကျသွားပြီ ဖြစ်တဲ့ လေဒီလေးတွေရဲ့ စိတ်ကူးက ကိုယ်နဲ့တူတဲ့ မီးမီးလေး၊ ချစ်ချစ်နဲ့တူတဲ့ သားသားလေး မွေးချင်တာပါ။ မိန်းကလေးတွေက မွေးရာပါ မိခင်စိတ် ပါလာကြသူတွေ ဖြစ်သလို ရင်သွေးလေးတွေကို အကောင်းဆုံး ပျိုးထောင်ပေးချင်တဲ့ စိတ်ကူးရှိသူတွေပေါ့။ ဒါပေမယ့် ဒီစိတ်ကူးကလေ ဒီတိုင်း မပြည့်နိုင်ကြပါဘူး။ လေဒီလေးတွေကို သားသားမီးမီးလေးတွေ မွေးဖွားရာမှာ အခက်တွေ့စေနိုင်တဲ့ အခြေအနေလေး တစ်ရပ်အကြောင်း အခုတစ်ခေါက် ပြောပြပေးချင်ပါတယ်။ ဒါကတော့ သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ သားသားမီးမီးလေး လိုချင်တယ်။ ရနိုင်ပါ့မလား ဆိုတဲ့ ကိစ္စလေးပါ။ https://hellosayarwon.com/womens-health/womens-health-issues/all-you-need-to-know-about-endometritis/   သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ဒါကို Uterine Hypoplasia လို့ခေါ်ပါတယ်။ ရှိသင့်တဲ့ သားအိမ် အရွယ်အစားထက် သေးနေတဲ့ သားအိမ်နဲ့ မွေးဖွားလာတဲ့ အခြေအနေ တစ်ရပ်ပါ။ မွေးရာပါ အခြေအနေ တစ်ခုပေါ့။ သားအိမ်က ပြည့်ပြည့်ဝဝ […]

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ ကို ရှာဖွေမည်။

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကိုယ်ဝန်ဖျက်ချခြင်းက ရင်သားကင်ဆာဖြစ်စေနိုင်သလား

မကြာသေးမီက လေ့လာမှုတွေအရ ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အချို့လေ့လာမှုတွေရဲ့ တွေ့ရှိချက်တွေအရ ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်းမမြင့်မားဘူးလို့ ဆိုပေမယ့် အချို့လေ့လာမှုတွေမှာတော့ ဖြစ်နှုန်းအနည်းငယ် မြင့်မားတယ်လို့ ဆိုပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ သေနှုန်းဒုတိယ အမြင့်မားဆုံး ကင်ဆာ ဖြစ်တာကြောင့် ဒီအချက်အလက်တွေဟာ စိတ်ရှုပ်ထွေးစေပါတယ်။ ဒါပေမယ့်လည်း ဒီလေ့လာမှုတွေရဲ့ လေ့လာမှုတွေကတော့ သက်သေပြထားခြင်း မရှိသေးပါဘူး။   ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်းမြင့်မား စေတယ်လို့ ဘာကြောင့် ဆိုကြတာလဲ။ အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်မှာ ဟော်မုန်းပမာဏတွေဟာ အကြောင်းရင်း အမျိုးမျိုးကြောင့် ပြောင်းလဲနိုင်ပါတယ်။ အမျိုးသမီးဟာ ပထမဆုံး ကိုယ်ဝန်ရှိရင် သူမရဲ့ ကိုယ်ခန္ဓါဟာ ကလေးကို ကြိုဆိုဖို့အတွက် ရင်သားအပါအဝင် အခြား ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ ဒီအချိန်တွေမှာ သူမရဲ့ မရင့်ကျက်သေးတဲ့ ကင်ဆာဖြစ်နိုင်တဲ့ ရင်သားတစ်ရှူးတွေဟာ ကင်ဆာ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ပထမဆုံး ရာသီစက်ဝန်းမတိုင်မီ ကိုယ်ဝန်ဆောင်ရခဲ့ခြင်း

Menarche ဆိုတာ ပထမဆုံးဓမ္မတာလာတဲ့ အချိန်ကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်ပါတယ်။ တကယ်လို့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ဓမ္မတာလာခြင်းကို ရင်ဆိုင်ရပြီဆိုရင် သူမရဲ့ခန္ဓါကိုယ်က အပြည့်အဝမဖွံ့ဖြိုးသေးစေကာမူ သူမဟာ မိခင်တစ်ယောက်ဖြစ်နိုင်နေတာပဲလို့ အဓိပ္ပါယ်ရပါတယ်။ အသက် ၁၀နှစ် သို့မဟုတ် ၁၁နှစ်ကြားမှာရှိတဲ့ မိန်းကလေးအတော်များများဟာ ကိုယ်ဝန်ဆောင်နေရတယ်လို့ စာရင်းရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ရာသီစက်ဝန်းမတိုင်ခင် တစ်လအတွင်းမှာတည်းက ကိုယ်ဝန်ဆောင်နိုင်နေပါပြီ။ ဒီမေးခွန်းဟာ အမျိုးသမီးတွေရဲ့ မျိုးဥကြွေချိန်ကို နားလည်မှုလွဲကြခြင်းအချို့ကြောင့် မြင့်တက်လာတဲ့ မေးခွန်းပါပဲ။ ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေရဲ့မျိုးုဥတွေမှာ သုက်ပိုးတွေကြောင့် မျိုးအောင်သွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ မျိုးဥကြွေခြင်းဟာ ရာသီမလာခင်မှာဘဲ ဖြစ်ပေါ်တာကြောင့် ပထမဆုံးရာသီမလာခင် လိင်ဆက်ဆံမှုရှိခဲ့တယ်ဆို ကိုယ်ဝန်ရနိုင်ပါပြီ။ ဒါ့အပြင် သင်သိထားရမျာ နောက်တစ်ခုကတော့ သုက်ပိုးတွေဟာ အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်ထဲမှာ ရက်သတ္တတစ်ပတ်နဲ့အထက် ရှင်သန်နိုင်တယ်ဆိုတာပါပဲ။ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကိုယ်ဝန်မရှိဘဲနှင့် နို့ထွက်နိုင်ပါသလား

နို့ထွက်ခြင်းဆိုသည်မှာ မိခင်နို့ထွက်စေတဲ့ဖြစ်စဉ်ကို ဖေါ်ပြတဲ့ စကားအခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ နို့ထွက်ခြင်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မိခင်အသစ်တွေမှာ ကလေးမွေးလာရင် အာဟာရဓါတ်ဖြည့်တင်းပေးဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နို့ရည်ထွက်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မဆောင်တဲ့သူတွေမှာရော နို့ရည်ထွက်နိုင်ပါသလား။   ကိုယ်ဝန်မရှိဘဲ နို့ထွက်နိုင်ပါသလား။ အဖြေကတော့ ထွက်နိုင်ပါတယ်။ သဘာဝအတိုင်းမှာ estrogen၊ progesterone နဲ့ prolactin ဟော်မုန်းတွေဟာ နို့ထွက်ခြင်းကို လှုံ့ဆော်တဲ့ ဟော်မုန်းသုံးခု ဖြစ်ပါတယ်။ ဟော်မုန်း အစားထိုး အသုံးပြုခြင်း (သို့) လှုံ့ဆော်ခြင်းတွေဟာ ဒီဟော်မုန်းတွေနေရာမှာ အစားထိုးနိုင်တာကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်မရှိပဲ နို့ထွက်နိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပြောင်းလဲမှုဆိုင်ရာ အခြေအနေအချို့ဟာ အမျိုးသမီးတွေမှာ ကိုယ်ဝန်မရှိပဲ နို့ထွက်စေပါတယ်။ ဒီအခြေအနေတွေကတော့ ပုံမှန်မဟုတ်ဘဲနို့ထွက်ခြင်း(Galactorrhoea)။ ။ ဒါဟာ ကိုယ်ဝန်မရှိပဲ နို့ထွက်တဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ Galactorrhoea ဟာ ရင်သားကနေ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သားသားလေးလား မီးမီးလေးလား မသိချင်ဘူးလား

ကိုယ်ဝန်ဆောင်ခြင်းဟာ အိမ်ထောင်သည်တွေအတွက် စိလှုပ်ရှားစရာအကောင်းဆုံးနဲ့ မမေ့နိုင်ဆုံး ကာလလေးပါ။ မိဘတွေတင်မက တခြားမိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ အားလုံးယောက်ျားလေးလား မိန်းကလေးလား သိချင်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေက ခေတ်ပေါ်နည်းတွေ ဘယ်လိုပဲထွန်းကားနေပါစေ ကြိုတင်မသိချင်ကြပါဘူး။ ဘာလို့လဲ…… အံ့အားသင့်စရာလေးတစ်ခု သင့်ရဲ့အလုပ်များလှတဲ့ဘဝကြီးမှာ အံ့အားသင့်စရာလေးတွေ ရှိထားတာထက် စိတ်ဝင်စားစရာကောင်းတာမရှိတော့ပါဘူး။ သင်ကိုယ်ဝန်ဆောင်ကာလမှာ သင်နဲ့ သင့်ခင်ပွန်းတွေ့ကြုံရမယ့် စိတ်ခံစားမှုလေးတွေကို တွေးကြည့်လိုက်ပါ။ စိတ်လှုပ်ရှားစရာ၊ စူးစမ်းစရာ၊ အံ့အားသင့်စရာတွေက သင့်ရဲ့အလုပ်များခဲ့တဲ့နေ့တွေကို တောက်ပစေမှာ…ဒါကြောင့်လည်း တချို့မိဘတွေက သားလေးလားသမီးလေးလား ကြိုပြီးမသိချင်ကြတာဖြစ်နိုင်ပါတယ်။ မီးဖွားနေစဉ်မှာ တွန်းအားတစ်ခု ဒါကြီးကတော့ထူးဆန်းပါတယ်လို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ ကိုယ်ဝန်သည်တော်တော်များများက ၁၀လကြာလွယ်လာပြီးတဲ့အခါမှ အခုကလေးက ဘာလေးလဲဆိုတာ သိချင်စိတ်နဲ့ မီးဖွားရာမှာ ပိုပြီးအားစိုက်တတ်ကြပါတယ်။ မျှော်လင့်နေရာတဲ့ ခံစားချက်လေးအပြင် ‘ယောက်ျားလေး’‘မိန်းကလေး’လို့ ဇာတ်လမ်းတွေထဲမှာလိုသိလိုက်ရတဲ့ အခိုက်အတန့်လေးကို အမေတွေ လိုချင်ကြတာဖြစ်ပါလိမ့်မယ်။ စိတ်ပျက်မှုကို လျှော့ဖို့ ‘ယောက်ျားလေးမှ’‘မိန်းကလေးမှ’စသည်ဖြင့် မျှော်လင့်ထားတဲ့ မိဘတွေက ဒီကြောင်းပြချက်ကို နားလည်ပါလိမ့်မယ်။ သားတွေပဲဒါမှမဟုတ် သမီးတွေပဲရထားတဲ့အခါ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်လို့ သိထားသင့်သည်များ

ဒီခေတ်ကြီးမှာ နည်းပညာတွေ ဆန်းသစ်ထွန်းကား လာနေပေမယ့် ကျန်းမာရေး ပြဿနာတွေကတော့ မရိုးနိုင်အောင် ဖြစ်နေဆဲပါပဲ။ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အပါအဝင်ပေါ့။ ဒီလို ပြဿနာတွေထဲက တစ်ခုက အသက်အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုဖြစ်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ပဲ ဖြစ်ပါတယ်။ ဒီ အခြေအနေဟာ ဆိုးရွားပြင်းထန်ပြီး အန္တရာယ်ရှိတဲ့အတွက် အမျိုးသမီး အများစုဟာ နေရာလွဲမှား သန္ဓေတည်မှာကို စိုးရိမ်ကြပါတယ်။ ဒါဟာ သူတို့ အလွန် မဟုတ်ပါဘူး။ နေရာလွဲမှားသန္ဓေတည်ခြင်းဟာ အသက်ဆုံးရှုံးတဲ့အထိ ဒုက္ခပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ဆိုတာဘာလဲ။ ပုံမှန်အားဖြင့် မမျိုးဥဟာ ဖိုသုက်ပိုးနဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

အမြွှာကိုယ်ဝန်ဆောင်တယ်ဆိုတာဘာလဲ

အမြွှာကိုယ်ဝန်ဆောင်ခြင်း ဆိုတာဘာလဲ။ သူဟာ ကလေးနဲ့ မိခင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသလား။ ဒီဆောင်းပါးမှာတော့ အထက်ဖေါ်ပြပါ အချက်တွေကို ရှင်းလင်းဖေါ်ပြမှာ ဖြစ်ပြီး အမြွှာကိုယ်ဝန်ဆောင်ခြင်းရဲ့ လက္ခဏာတွေကို ဖေါ်ပြမှာ ဖြစ်ပါတယ်။ အမြွှာကိုယ်ဝန်ဆောင်ခြင်း ဆိုတာဘာလဲ။ အမြွှာကိုယ်ဝန်ဆောင်ခြင်းဆိုတာ သင့်မှာ ကလေးနှစ်ယောက်နဲ့အထက် ကိုယ်ဝန်ဆောင်ခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ သင့်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကလေးအရေအတွက်ပေါ်မူတည်ပြီး အမြွှာကိုယ်ဝန်ဆောင်ခြင်း အမျိုးမျိုးရှိပါတယ်။ • ကလေးနှစ်ယောက် - အမြွှာ • ၃ ယောက် - ၃ မြွှာပူး • ၄ ယောက် - ၄ မြွှာပူး • ၅ ယောက် - ၅ မြွှာပူး • ၆ ယောက် - ၆ မြွှာပူး • ၇ ယောက် - ၇ မြွှာပူး   အမြွှာကိုယ်ဝန်ဆောင်ခြင်းကြောင့် မိခင်နဲ့ကလေးကို ဘယ်လိုအန္တရာယ်ဖြစ်လာနိုင်ပါသလဲ။ • […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သင်ကိုယ်ဝန်ရှိနေတာကို လျှို့ဝှက်ထားချင်ပါသလား

ကိုယ်ဝန်ဆောင်ချိန်ရဲ့ ပထမပိုင်းကာလဟာ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်အများဆုံးအချိန်ပါ။ ဒါကြောင့် ပထမ ၁၂ပတ်ကာလကို တခြားလူတွေမသိသေးအောင် လျို့ဝှက်ထားချင်တယ်ဆိုရင် နားလည်နိုင်စရာပါ။ လျို့ဝှက်ထားနိုင်ဖို့ အကြံတစ်ချို့ပါ : ပြောမလား မပြောဘူးလား ဒါဟာသင့်ရဲ့လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမယ့် သင့်ကလေးတွေ (အကယ်လို့ရှိပါက) ဒါမှမဟုတ် တူတွေ တူမတွေကိုတော့ မပြောပါနဲ့၊ သူတို့က ဒါဟာသတင်းကောင်းပဲဆိုပြီး လူတကာကိုလိုက်ပြောမှာပါ။ လူလည်းမသိစေချင်သေးဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ကိုလည်း ပြောချင်တဲ့ဆန္ဒပြင်းပြတယ်ဆိုရင်တော့ သင့်ခင်ပွန်းမဟုတ်ဘဲ တခြားယုံရတဲ့လူတစ်ယောက်ယောက်ကိုတော့ ပြောချင်ပြောထားနိုင်ပါတယ်။ အလုပ်မှာဆိုရင် သင်မပြောရင်တောင်မှ သင့်ရဲ့အပြုအမူပုံစံတွေပြောင်းလဲနေတာကြည့်ပြီး သံသယဝင်ကောင်းဝင်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာဆိုရင် အဖြူရောင်မုသားများကို သုံးနိုင်ပါတယ်။ “ကျန်းမာရေးအခြေအနေကြောင့် အရက်သောက်လို့မရတာပါ”(မှန်နေတာပါပဲ) ဒါမှမဟုတ် “စားတာများလို့ဗိုက်ပူလာတယ်” စသည်ဖြင့်ပေါ့။ ဒါပေမယ့် တတိယ ၃ လပိုင်းကိုရောက်ရင်တော့ လူတိုင်းသိမှာတော့အသေအချာပဲမို့ သိပ်ပြီးရှုပ်ထွေးသွားအောင်မလုပ်ဘဲ သိမ်မွေ့ညင်သာစွာပဲ ဖုံးကွယ်ပါ။ ပျို့အန်ခြင်းကိုရှောင်ရှားမယ် အလုပ်မှာဆိုရင် ဂျင်းလက်ဖက်ရည် လိုမျိုး၊ သံပရာသကြားလုံးလိုမျိုး၊ ဒါမှမဟုတ် […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကလေးနို့မပြတ်ခင် ကိုယ်ဝန်ရနိုင်ပါသလား

ကိုယ်ဝန်ဆောင်ခြင်းကအမျိုးသမီးတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ မြင်ရသောပြောင်းလဲခြင်းတွေအပြင် မမြင်နိုင်သောအပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေပါတယ်။ ခန္တာကိုယ်ရဲ့ပြောင်းလဲခြင်းတွေနဲ့ ကိုက်ညီသွားအောင် ဟော်မုန်ူတွေကလည်းတက်ခြင်း ကျခြင်းတွေဖြစ်ပေါ်သွားပါတယ်။ ‘ပရိုလက်တင်’ဟုခေါ်သောဟော်မုန်းတမျိုးကကလေးကိုမွေးဖွားပြီးသောအခါ စောင့်ရှောက်နိုင်အောင် မိခင်ရဲ့ခန္တာကိုယ်မှာရင်သားများဖွံ့ထွားလာခြင်းနဲ့ နို့ရည်ထွက်ခြင်းတို့ကိုလုပ်ဆောင်ပေးပါတယ်။ ကလေးမွေးပြီးတဲ့အခါမှာမိခင်ရဲ့ဦးနှောက်ဟာကလေးစားသောက်တဲ့ပုံစံကိုသိရှိပြီးကလေးကြီးပြင်းလာတာနဲ့အမျှ နို့ထွက်နှုန်းကိုလည်း မြှင့်တင်ပေးတတ်ပါတယ်။ နို့တိုက်ကျွေးနေချိန်မှာဓမ္မတာဟာရပ်တန့်နေတာမျိုး၊ ဆင်းသော်လည်းပုံမှန်မဟုတ်တာမျိုးကြောင့် နို့တိုက်နေစဉ် ကလေးရဖို့ကမလွယ်ကူပါဘူး။   နို့တိုက်နေစဉ်ကိုယ်ဝန်ရနိုင်ပါသေးသလား နို့တိုက်နေစဉ်အတွင်းမှာလည်းအကာအကွယ်မဲ့လိင်ဆက်ဆံမှုဖြင့် ကလေးရနိုင်ပါတယ်။ နို့တိုက်နေစဉ်မှာမျိုးပွားနိုင်စွမ်းလျော့နည်းနေတာကြောင့် ဖြစ်နိုင်ချေနည်းခြင်းသာဖြစ်ပါတယ်။ ဒါဆို နို့တိုက်ခြင်းဟာအမျိုးသမီးတို့ရဲ့ မျိုးပွားနိုင်စွမ်းတနည်းသားဥကြွေခြင်းကိုဘယ်လိုအနှောင့်အယှက်ပေးနေတာပါလဲ။ နို့တိုက်နေစဉ်အတွင်းမှာအမျိုးသမီးတွေရဲ့ခန္တာကိုယ်က ပရိုလက်တင်ဟော်မုန်း(နို့ထွက်စေသောဟော်မုန်း)တွေအများကြီးထုတ်ပေးပြီး ထိုဟော်မုန်းဟာသားဥကြွေဖို့ကိုအားပေးသောဟော်မုန်းတွေကိုတားဆီးပါတယ်။ ဒါကြောင့် ကလေးကိုနို့တိုက်တာများလေလေ၊ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်ဖို့ ကြာလေလေပါပဲ။ ကလေးညအိပ်နေတဲ့အချိန်မျိုးမှာဆိုရင်တော့ ပရိုလက်တင်ဟော်မုန်းကျဆင်းနေတတ်ပြီးမိခင်ရဲ့ခန္တာကိုယ်ကိုခဏအနားပေးထားပါတယ်။ မိခင်ဟာကလေးကိုမိခင်နို့အစား ဖြည့်စွတ်စာအစားထိုးကျွေးပြီဆိုလျှင်တော့ မျိုးပွားနိုင်စွမ်းဟာပုံမှန်ပြန်ဖြစ်သွားပါပြီ။ သို့သော်လည်းသားဥကြွေခြင်းပုံမှန်ပြန်ဖြစ်ရန်မှာ ၃လမှ ၈လအထိကြာမြင့်နိုင်ပါတယ်။ ကလေးကိုမကြာခဏနို့တိုက်ကျွေးလျှင်တော့ နို့ဟော်မုန်းကအလိုအလျောက်ကိုမြင့်တက်နေမှာဖြစ်ပြီးအချိန်အလိုက်ပြန်လည်ကျဆင်းသွားသော်လည်းရာသီသွေးပေါ်ဖို့တော့ တစ်နှစ်နီးပါးကြာမြင့်နိုင်ပါတယ်။   နို့တိုက်နေစဉ် သားဥကြွေမကြွေ ဘယ်လိုသိနိုင်မလဲ နို့တိုက်နေစဉ် ကိုယ်ဝန်ဆောင်ဖို့မဖြစ်နိုင်တာဟာ.. ရာသီဓမ္မတာလာခြင်းမရှိလို့သားဥကြွေတာကိုမသိနိုင်လို့ပါပဲ။ များသောအားဖြင့် ကလေးမွေးပြီးစမှာလအနည်းငယ်ကြာအောင် ဓမ္မတာပျောက်ဆုံးနေတတ်သော်လည်းဒါဟာသင်ကမြုံသွားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်တော့ ကလေးမွေးပြီးပထမဆုံးသွေးမပေါ်ခင်တင်ပဲသင့်ခန္တာကိုယ်ကသားဥကြွေပါတယ်။ ဒါကြောင့်မျိုးပွားနိုင်မှုရဲ့လက္ခဏာတွေကိုသတိပြုထားဖို့တော့လိုအပ်တယ်။ မိန်းမကိုယ်မှ အကျိအချွဲဆင်းခြင်းဟာသားဥကြွေခြင်းရဲ့ ပထမလက္ခဏာဖြစ်ပါတယ်။ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကလေးယူရာတွင်မှားလေ့ရှိသော အချက် ၁၀ချက်

အိမ်ထောင်သည် တော်တော်များများဟာ ကလေးယူဖို့ကြိုးစားတဲ့ နေရာမှာတူညီတဲ့အမှားမျိုးရှိနေတတ်ကြပါသည်။ ဒီအချက်တွေကြောင့် သင့်ရဲ့ကြိုးစားခြင်းရလဒ်ကို မပြောင်းလဲပါစေနှင့်။ (၁) လိင်ဆက်ဆံမှုလုံလောက်စွာမရှိခြင်း သင့်အနေနှင့် အမျိုးသား၏ သုတ်ပိုးကို ထိန်းသိမ်းသည့်အနေနှင့် လိင်ဆက်ဆံ အကြိမ်ရေတွက်နည်းခြင်း(သို့)မမျိုးဥ ကြွေချိန်တွင်သာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရခြင်းလွယ်ကူစေသည်ဟုထင်ပါလိမ့်မည်။ သို့သော် ရက်များစွာ လိင်ဆက်ဆံ မှုမရှိခြင်းကတော့ ကိုယ်ဝန်ရစေခြင်းကို ကြန့်ကြာစေပါသည် (၂) လိင်ဆက်ဆံမှုများခြင်း လိင်ဆက်ဆံမှုများခြင်းဟာ ကလေးရခြင်းကို မြန်စေသည်ဟူသော အယူအဆများလည်းရှိပါသည်။ အကြိမ်ရေများများဆက်ဆံတာက သုက်ပိုးတွေရဲ့ အင်အားကို မလျော့သွားစေပေမယ့် ကလေးရအောင်လုပ်တဲ့နေရာမှာ ပြဿနာတွေတော့ ဖြစ်စေတာပါပဲ။ (၃) ဆက်ဆံခြင်းနည်းတစ်မျိုးတည်းသာ အသုံးပြုခြင်း အများအားဖြင့် အမျိုးသမီးက အောက်မှ နေ၍ တင်ပါးမြင့်ဆက်ဆံခြင်းဟာ ကလေးရနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ကြပါတယ်။ အဲဒါက မှားပါတယ်။ သင်ဖြစ်ဖြစ် သင့်အဖော်ဖြစ်ဖြစ် အပေါ်မှာနေတာသော်လည်းကောင်း ပုံစံအသစ်ကို စမ်းသပ်ကြည့်တာသော်လည်းကောင်းလုပ်ပေမယ့်လည်း ရလဒ်ကတော့ အတူတူပါပဲ။ (၄) အမျိုးသမီးအားအပြစ်တင်ခြင်း အိမ်ထောင်ရှင် စုံတွဲတွေ ကလေးယူခြင်းကြိုးစားချိန်ကြာမြင့်လာပါက စုံတွဲအပါအဝင် လူအများစုက […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

အယ်ကိုဟောနှင့် ကဖင်းတွေဟာ ကလေးရနိုင်ခြေကို လျော့နည်းစေပါတယ်။

ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ ကပချီနို၊ အက်စ်ပရက်စို၊ လက်တီ မဆုံးနိုင်တော့ ပါဘူး။ ကဲ…… ဒါဆို ကျွန်တော်တို့ ကဖင်းတွေ ကြိုက်တယ်ဆိုတာ ဝင်ခံလိုက်ပါပြီ။ ကဖင်းဓါတ်ဆိုတာ ယေဘုယျအားဖြင့် စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတဲ့ ဆေးတစ်မျိုးပါ။ coffeeresearch.org ဆိုတဲ့ ဝက်ဆိုက်က ၅၀ရာခိုင်နှုန်းသော လူငယ်တွေဟာ ကော်ဖီကို နေ့တိုင်းသောက်ကြပြီး ၂၅ရာခိုင်နှုန်ုးသော လူငယ်တွေဟာ အခါအားလျော်စွာ သောက်တတ်ကြပါတယ်။ ကဖင်းပါတဲ့ သောက်စရာများ သောက်သုံးသူ ၁၀၀၀၀ကို ကောက်ထားတဲ့ နောက်ဆုံးစစ်တမ်းတွေအရ မျိုးပွားနိုင်သောအရွယ်ရှိ မိန်းမတွေ သောက်သုံးတဲ့ ပျမ်းမျှ ကဖင်းမမာဏက တစ်ရက်ကို 100mg ရှိပြီး အမြင့်ဆုံးတစ်ရက်ကို 229mg ထိ ရှိကြပါတယ်။ ကဖင်းဓါတ်က တခြား ကိုယ်အင်္ဂါတွေကို ထိခိုက်နိုင်ပါတယ်။ ကဖင်းဓါတ် မှီဝဲမှု သိသိသာသာ တိုးပွားလာနဲ့အမျှ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်