အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ နဲ့ ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ်များ၊ ဆောင်ရန် ရှောင်ရန် အကြောင်းအရာများကို လေ့လာနိုင်မည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ ကိုယ်ဝန်ရနိုင်လား

အိမ်ထောင်ရက်သားကျသွားပြီ ဖြစ်တဲ့ လေဒီလေးတွေရဲ့ စိတ်ကူးက ကိုယ်နဲ့တူတဲ့ မီးမီးလေး၊ ချစ်ချစ်နဲ့တူတဲ့ သားသားလေး မွေးချင်တာပါ။ မိန်းကလေးတွေက မွေးရာပါ မိခင်စိတ် ပါလာကြသူတွေ ဖြစ်သလို ရင်သွေးလေးတွေကို အကောင်းဆုံး ပျိုးထောင်ပေးချင်တဲ့ စိတ်ကူးရှိသူတွေပေါ့။ ဒါပေမယ့် ဒီစိတ်ကူးကလေ ဒီတိုင်း မပြည့်နိုင်ကြပါဘူး။ လေဒီလေးတွေကို သားသားမီးမီးလေးတွေ မွေးဖွားရာမှာ အခက်တွေ့စေနိုင်တဲ့ အခြေအနေလေး တစ်ရပ်အကြောင်း အခုတစ်ခေါက် ပြောပြပေးချင်ပါတယ်။ ဒါကတော့ သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ သားသားမီးမီးလေး လိုချင်တယ်။ ရနိုင်ပါ့မလား ဆိုတဲ့ ကိစ္စလေးပါ။ https://hellosayarwon.com/womens-health/womens-health-issues/all-you-need-to-know-about-endometritis/   သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ဒါကို Uterine Hypoplasia လို့ခေါ်ပါတယ်။ ရှိသင့်တဲ့ သားအိမ် အရွယ်အစားထက် သေးနေတဲ့ သားအိမ်နဲ့ မွေးဖွားလာတဲ့ အခြေအနေ တစ်ရပ်ပါ။ မွေးရာပါ အခြေအနေ တစ်ခုပေါ့။ သားအိမ်က ပြည့်ပြည့်ဝဝ […]

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ ကို ရှာဖွေမည်။

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု

သင်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ထင်ပါသလား။ တကယ်က အမျိုးသမီး‌တွေမှာ ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာက တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါ။ တစ်ယောက်တည်းမှာတောင်မှ ပထမကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန်မှာတောင် ဟော်မုန်းပြောင်းလဲခြင်းကြောင့် မတူညီနိုင်ပါ။ ဒါကြောင့် ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု ကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု ၁။ ရင်သားနာကျင်ခြင်း။ ရင်သားများ ကိုက်ခဲနာကျင်ခြင်းက ကိုယ်ဝန်ရဲ့ ရှေ့ဦးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ရင်သားပိုကြီးလာခြင်း၊ နို့သီးခေါင်းကွင်း ပိုမည်းလာခြင်းနဲ့ ပိုလေးလံလာခြင်းတို့ကို ခံစားရတတ်ပါတယ်။ ဒီလို ဖြစ်ရတာက ပရိုဂျက်စရုန်းဟော်မုန်းပမာဏ ပိုများလာတာကြောင့် ဖြစ်ပါတယ်။ အခြားအကြောင်းရင်းတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ကို ပိုမိုသိမ်းဆည်းထားတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါက ရင်သားကိုတင်းပြီး နာကျင်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားကို ကောင်းကောင်း ထောက်ပံ့နိုင်တဲ့ အတွင်းခံကို ဝတ်ဆင်သင့်ပါတယ်။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အရင်တုန်းက ဝတ်ခဲ့တဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ရေမြွှာရည်နဲ့ ပတ်သက်တဲ့ ပြဿနာများ

မမွေးဖွားလာစဉ်တည်းက amniotic fluid လို့ခေါ်တဲ့ ရေမြွှာအိတ်ကလေးက သင့်ကလေးငယ်အတွက် အိမ်ကလေးပါပ။ သင့်ကလေးရဲ့ အသက်ကိုထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေမြွှာရည်တွေဟာ သားအိမ်ထဲက သန္ဓေသားကို ဖုံးလွှမ်းထားပါတယ်။ ရေမြွှာအိတ်ဟာ တစ်ခါတလေမှာ အရည်နည်းလွန်းတာတွေ၊ များလွန်းတာတွေဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ။် ရေမြွှာရည်နဲ့ပတ်သက်တဲ့ ပြဿနာတွေကြုံလာတဲ့အခါ မှန်ကန်တဲ့ ကုသမှုကို ရရှိစေနိုင်ဖို့အတွက် အဖြစ်များတဲ့ ရေမြွှာပြဿနာတွေအကြောင်း ဖတ်ရှုကြရအောင်နော်… ရေမြွှာရည်တွေ ဘယ်ကလာသလဲ။ ရေမြွှာအိတ်ထဲက အရည်တွေဟာ ကိုယ်ဝန်ပထမ ၁၄ပတ်အတွင်းမှာ သင့်ရဲ့ သွေးလည်ပတ်မှုစနစ်ကနေ ရောက်ရှိလာတာပါ။ ကိုယ်ဝန်ကာလ ဒုတိယ ၃လရဲ့အမှာတော့ ကလေးငယ်ဟာ ဒီရေမြွှာရည်တွေကို မြိုချပြီး ဆီးတွေအဖြစ် ထုတ်ပေးပါတယ်။ ဒါတွေကို ပြန်မြိုချပြီး ဒီလိုပဲ ဆက်သွားတဲ့အခါ နာရီတိုင်းမှာ ရေမြွှာရည်တွေက ဒီလိုပုံစံနဲ့ သံသရာလည်နေပါတယ်။ ရေမြွှာရည်အများစုက သင့်ကလေးရဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

နို့တိုက်နေစဉ် နောက်ထပ်ကိုယ်ဝန်ရနိုင်တဲ့ အကြောင်းရင်း

ကလေးကို နို့တိုက်နေတဲ့ကာလမှာ ဓမ္မတာ မလာတာ၊ မမှန်တာ ကြုံရတတ်ပါတယ်။ ဒီလိုအဖြစ်ကြောင့် ကလေးနို့တိုက်ကာလမှာ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကလေးနို့တိုက်ကာလမှာ ကိုယ်ဝန်ဆောင်နိုင်ခြင်းကို မြင့်စေမယ့် အကြောင်းတွေကတော့ -နို့တိုက်တဲ့ အကြိမ်ရေ မပြည့်တာ သင့်ခန္ဓာကိုယ်က သင်နို့မတိုက်ရမှန်းသိတဲ့အခါ ပရိုလက်တင် ပမာဏဟာ ကျဆင်းပြီး ကိုယ်ဝန်ဆောင်နိုင်မယ့် အခြေအနေ မြင့်လာပါလိမ့်မယ်။ နို့ဖြတ်နေချိန်မှာ မျိုးဥကြွေခြင်းကို အနှောင့်အယှက် မဖြစ်စေဖို့ စိတ်ဖိစီးမှု မဖြစ်အောင်နေပါ။ - အနည်းဆုံး ၆နာရီလောက် ညဘက်မဟုတ်တဲ့ အချိန်မှာ နို့တိုက်ကျွေးပြီး နို့ထွက်စေတဲ့ ဟော်မုန်းတွေထွက်ခြင်းကနေ သက်သာအောင် နေတာ - သင် နို့လုံးဝ မတိုက်တော့တဲ့အခါ - အစာများများ စားခြင်းဟာလည်း ကိုယ်ဝန်ဆောင်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်က အင်ဆူလင် ပမာဏကို တက်စေပါတယ်။ အင်ဆူလင် တက်လာတဲ့အခါ မျိုးဥအိမ်ကနေ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

မိခင်၏အချင်းအား စားသုံးခြင်း။ ဆောင်ရန် ရှောင်ရန်များ

ကလေးမွေးပြီးနောက်မှာ အချင်းကို ဖျော်ရည်လုပ်သောက်သည်၊ အမှုန့်ကြိတ်သောက်သည်ဟု စိတ်ကူးကြည့်ပါ။ နှစ်မြို့စရာတော့ ကောင်းမှာ မဟုတ်ပါဘူး။ တစ်ချို့ မိခင်တွေကတော့ ကလေးမွေးပြီးနောက်မှာ အချင်းကို စားပြစ်ကြဖို့ ရွေးချယ်ကြပါတယ်။ အချင်းစားတယ်ဆိုတာ တိရိစ္ဆာန်တွေ လုပ်နေကြဖြစ်သော်လည်း လူတော်တော်များအတွက်ကတော့ ယင်းက တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ ကျန်းမာရေးကောင်းတယ်လို့လည်း ပြောကြပါတယ်။ အချင်းစားတယ်ဆိုတာ ကျန်းမာရေးအတွက် တကယ်ကော အကျိုးရှိတာလား။ အချင်းမှာ ကလေးအတွက် သက်စောင့်ဓါတ်တွေ၊ ဓါတ်သထ္တုတွေနဲ့ အာဟာရတွေ ပါတယ်လို့ ယူဆရပါတယ်။ အာဟာရများ ရယူဖို့ သန္ဓေသားနဲ့ သားအိမ်နံရံကို ဆက်သွယ်ပေးထားတဲ့ အင်္ဂါဟာ အချင်းဖြစ်ပါတယ်။ ကလေးမွေးပြီးတဲ့ အခါမှာ ခန္ဓါကိုယ်က အချင်းကို စွန့်ထုတ်လိုက်ပါတယ်။ ရိုးရိုးမွေးမယ်ဆိုရင် အချင်းက မွေးလမ်းကြောင်းကနေ ကလေးနဲ့ အတူထွက်လာမှာပါ။ ခွဲမွေးမယ်ဆိုရင်တော့ အချင်းကို ခွဲတဲ့ နေရာမှပဲ ဆရာဝန်တွေ ထုတ်ပေးကြမှာပါ။ ပန်ကန်ပြားနဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကလေးတွေက မိခင်ရဲ့ ကိုယ်ခံအားစနစ်မှာ ဘယ်လိုအသက်ရှင်လဲ

လူ့ခန္ဓါကိုယ်ဟာ အစိတ်အပိုင်းတွေ အစားထိုးခြင်းကို လက်မခံပါဘူး။ ဒါကြောင့် အစားထိုးဖို့လိုအပ်တဲ့သူတွေကိုတော့ Immunosupressants တွေကို ညွှန်းလေ့ရှိပါတယ်။ ဒါပေမဲ့ သန္ဓေသားကိုတော့ မိခင်ရဲ့ ခုခံအားစနစ်က မငြင်းဆန်ပါဘူး။ ခန္ဓါကိုယ်က ဒီဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို သိရဖို့ လေ့လာမှုတွေလုပ်ခဲ့တာ အချိန်တွေလည်း အတော်ကြာခဲ့ပါပြီ။ NYU ဆေးကျောင်းရဲ့ လေ့လာချက် NYU School of Medicin ရဲ့ ကျွမ်းကျင်သူတွေကတော့ ကာလကြာရှည် အဖြေရှာမရခဲ့တဲ့ ဖွံ့ဖြိုးဆဲသန္ဓေသားကို မိခင်ရဲ့ ခုခံအားစနစ်က ဘာကြောင့် ပြင်ပတစ်သျှူးလို့ မသတ်မှတ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို တစ်စိတ်တစ်ပိုင်းဖြေရှင်းနိုင်မယ့် အရေးကြီးတဲ့လေ့လာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။ လေ့လာသူတွေက သန္ဓေသားဖြစ်တည်မှုဟာ ခုခံအားစနစ်က ပြင်ပတစ်သျှူးအဖြစ်တိုက်ခိုက်လာနိုင်မယ့်လမ်းကြောင်းကို ပိတ်ပစ်လိုက်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ခုခံစနစ်ရဲ့ဆဲလ်တွေက ဒီသန္ဓေအောင်တဲ့ဖြစ်စဉ်ဘက်ကိုမလှည့်တော့ဘဲ ဖွံ့ဖြိုးနေတဲ့သန္ဓေသားကို မထိခိုက်စေတော့ပါဘူး။   မိခင်ရဲ့ ခုခံအားစနစ်က ဘာကြောင့် သန္ဓေသားကို မငြင်းဆန်တာလဲ။ ခန္ဓါကိုယ်ရဲ့ သဘာဝခုခံအားစနစ်ဟာ ပြင်ပတစ်သျှူးတွေနဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

မိခင်ရဲ့ စားသောက်ပုံက သန္ဓေသားရဲ့ မျိုးရိုးဗီဇအပေါ်ဘယ်လို သက်ရောက်နိုင်လဲ

Gambia မှာ အမျိုးသမီးတွေ စားသောက်ပုံကို လေ့လာနေတဲ့ ကျွမ်းကျင်သူတွေက ကလေးတွေရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေဟာ ကိုယ်ဝန်မရှိခင်ကတည်းက စားသုံးနေတဲ့ အစာအာဟာရတွေပေါ်မူတည်တယ်လို့ ဆိုပါတယ်။ အဓိက အချက်ကတော့ Genes တွေ ဘယ်လိုဖေါ်ပြသလဲဆိုတာအပေါ် လွှမ်းမိုးတဲ့ epigenetics ပဲ ဖြစ်ပါတယ်။ Epigenetic traits တွေဟာ မိဘတွေကနေ ကလေးတွေဆီ တိုက်ရိုက်ဆင်းသက်လာပါတယ်။   မိခင်ရဲ့ စားသောက်ပုံဟာ ကလေးမျိုးရိုးဗီဇနဲ့ ဆက်စပ်မှု ရှိပါတယ်။ DNA methylation ဖြစ်စဉ်တစ်ခု ဖြစ်တဲ့ epigenetic process ကို အဓိကထားလေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုရှိပါတယ်။ အဓိက အာဟာရဓါတ်တွေဖြစ်တဲ့ Folate, vitamins B2, B6 နဲ့ B12 တွေဟာ ဒီဖြစ်စဉ်ကို အားပေးပါတယ်။ Genes တွေဟာ methy groups တွေနဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ဝမ်းဗိုက်ရှေ့ကြွက်သား ကွဲထွက်၊ဟခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ခန္ဓါ ပြောင်းလဲမှု မျိုးစုံကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အချို့ပြောင်းလဲမှုတွေက ရင်သားနဲ့ ခြေထောက်ရောင်ရမ်းမှုတွေဖြစ်ပြီး ခဏတာသာ ဖြစ်ပေမယ့် အချို့ကတော့ သူမဘဝတစ်လျှောက်လုံး တည်ရှိနိုင်ပါတယ်။ ဒီလိုကလေးမွေးအပြီး ကိုယ်ခန္ဓါ ပြောင်းလဲမှုတွေ ထဲက တစ်ခုကတော့ ဝမ်းဗိုက်ကြွက်သား ဟခြင်းပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီပြဿနာအကြောင်း ဖေါ်ပြသွားမှာဖြစ်ပါတယ်။   ဝမ်းဗိုက်ရှေ့ကြွက်သား ဟခြင်း ဆိုတာဘာလဲ။ ဝမ်းဗိုက်ရှေ့ကြွက်သားဟခြင်း (Diastasis Recti) ဟာ သားအိမ်ရဲ့ လွန်ကဲတဲ့ ဖောင်းတင်းမှုကြောင့် ဖိအားများပြီး ရင်ညွှန့်ကနေ ဆီးခုံရိုးထိဆက်သွယ်တန်းထားတဲ့ ဗိုက်အလယ်ပိုင်းရှိ linea alba ကြွက်သားအမျှင်များ (ဘယ်နှင့်ညာဝမ်းဗိုက်ကြွက်သားကို ဆက်သွယ်ပေးထားသည်) သည် အဆွဲဆန့်လွန်ပြီး ကွဲသွားခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ဝမ်းဗိုက်ရှေ့ကြွက်သား (rectis abdominits) ရဲ့ ဘယ်ညာနှစ်ဘက်မှာ ၃ စင်တီမီသာထက် ပိုပြီးတော့ ကွဲထွက်၊ ဟခြင်းကို ဖြစ်ပေါ်စေပြီး […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

အသက် ၃၀ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်ခြင်း

လူအများစုကတော့ အသက်၃၀အရွယ်ဟာ မိခင်ဘဝကိုစတင်ဖို့ သင့်လျော်တဲ့အချိန်လို့ ယူဆကြပါတယ်။ ဒီအသက်အရွယ်မှာ သင်က သင့်ရဲ့လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးတွေမှာလည်း အောင်မြင်မှုတွေရနေပြီးလောက်ပါပြီ။ ဒါတွေက သင့်ရဲ့မိသားစုဘဝကို စတင်ပျိုးထောင်ဖို့အတွက် ခိုင်မာတဲ့အုတ်မြစ်ကို ပေးစွမ်းနိုင်တယ်မဟုတ်လား။ သင်နဲ့ သင့်ရဲ့ကြင်ဖော်က တစ်ယောက်နဲ့တစ်ယောက် အကြောင်းသိတွေလည်း ဖြစ်နေလောက်ပါပြီ။ ပြီးတော့ သင်တို့ကိုယ်တိုင်လည်း မိဘဆိုတဲ့ နေရာမှာနေဖို့ ပြင်ဆင်ပြီးနေလောက်ပါပြီ။   အားသာချက်များ အသက်၃၀၀န်းကျင်အမျိုးသမီးတွေဟာ သက်လုံနဲ့ ခံနိုင်ရည်အား အရမ်းကောင်းကြပါတယ်။ ဒါဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ မရှိမဖြစ်လိုတဲ့အရာပါ။ သူတို့မှာ တည်ငြိမ်တဲ့ စီးပွားရေးအခြေအနေတွေလည်း ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့အလုပ်မှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်မောင်းနှင်နိုင်နေပြီလေ။ ဒီလိုအခြေအနေမှမရှိခဲ့ရင် သူတို့က ဒီအခြေအနေကြီးကို လက်လွှတ်ပြီး ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့တော့ အဆင်သင့်မဖြစ်သေးဘူးမဟုတ်လား။ သင်နဲ့ကလေးရဲ့ အနာဂတ်တွေ ခိုင်မာဖို့အတွက် သင့်ကလေးကို အချိန်ပေးနိုင်ဖို့ အလုပ်ကဘယ်လောက်အနားယူရမလဲဆိုတာ သေချာချင့်ချိန်တွက်ဆပါ။ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကိုယ်ဝန်ဖျက်ချခြင်း - နောက်ပိုင်းကိုယ်ဝန်တွေကို ထိခိုက်နိုင်သလား

ကိုယ်ဝန်ဖျက်ချခြင်း ဆိုတာဘာလဲ။ ကိုယ်ဝန်ဖျက်ချခြင်း (သို့) ကိုယ်ဝန်အဆုံးသတ်ခြင်းဟာ ခွဲစိတ်ခြင်း (သို့) ဆေးသောက်ခြင်းအားဖြင့် အချိန်မတိုင်ခင် ကိုယ်ဝန်အဆုံးသတ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဖျက်ချဖို့ အကြောင်းရင်းများစွာရှိပါတယ်။ မိခင်ရဲ့ ကျန်းမာရေးအခြေအနေ (သို့) ကလေးမွေးအပြီးမှာ ကလေးရဲ့ ကျန်းမာရေးအခြေအနေ (မျိုးရိုးဗီဇဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှု) တွေ ပါဝင်ပါတယ်။ သင် ကိုယ်ဝန်ဖျက်ချပြီးပြီဆိုရင် နောက်တစ်ကြိမ်ကိုယ်ဝန် ပြန်ရဖို့ ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိတ်ပူကောင်း စိတ်ပူနေနိုင်ပါတယ်။   ကိုယ်ဝန်ဖျက်ချမှုဟာ အမျိုးသမီးတွေရဲ့ ကလေးရရှိမှုကို ထိခိုက်စေနိုင်ပါသလား။ သုတေသနတွေအရ ကိုယ်ဝန်ဖျက်ချခြင်းဟာ ကိုယ်ဝန်မရရှိနိုင်ခြင်းတွေ၊ နောက်ရလာမယ့် ကိုယ်ဝန်တွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ခြင်း မရှိပါဘူး။ ကျင့်ဝတ်ပိုင်းအရ ကြည့်မယ်ဆိုရင် အငြင်းပွားဖွယ်အချက်တွေ ရှိပေမယ့် ကိုယ်ဝန်ဖျက်ချခြင်းကို သင့်လျော်တဲ့ သန့်ရှင်းတဲ့ အခြေအနေတွေမှာ ပြုလုပ်ရင် သူဟာ စိတ်ချရပြီး ရိုးရှင်းတဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား

လူသိများတဲ့ ယုံတမ်းစကားတစ်ခုကတော့ အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်စွမ်းဟာ ပုံမှန်အချိန်ထက် ရာသီလာချိန်မှာ ပိုနည်းတတ်ပေမယ့် အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။   ရာသီလာခြင်းဆိုတာ ဘာလဲ။ ရာသီလာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါက မလိုအပ်တော့တဲ့ တစ်ရှူးတွေကို ထုတ်လုပ်လိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီတစ်ရှူးတွေဟာ ကလေးငယ် အမျိုးသမီးကိုယ်ခန္ဓါအတွင်း ဖွံ့ဖြိုးနိုင်တဲ့ သားအိမ်အတွင်းက လာတာဖြစ်ပါတယ်။ လတိုင်းမှာ အမျိုးသမီးရဲ့ သားအိမ်ဟာ မျိုးအောင်တဲ့ မျိုးဥကို လက်ခံဖို့ ထူလာတတ်ပါတယ်။ တကယ်လို့ မျိုးဥဟာ မျိုးမအောင်ဘူးဆိုရင်တော့ အမျိုးသမီးဟာ ကိုယ်ဝန်မရရှိပဲ ဒီနံရံတွေဟာ ကိုယ်ခန္ဓါအတွင်းကနေ သွေးအဖြစ် မိန်းမကိုယ်မှ ဆင်းလာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ ခေါ်ပြီး ဒါဟာ လစဉ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ ရာသီလာနေပြီဆိုရင် ဒါဟာ သွေး သေးငယ်တဲ့ ပမာဏနဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်