၃ ။ မိမိ၏ ပြုစုပျိုးထောင်နိုင်မှုစွမ်းရည်ကိုမယုံကြည်ခြင်း ။
ကလေးမယူဘူးဟု ဆုံးဖြတ်တာဟာ တစ်ကိုယ်ကောင်းဆန်သလိုရှိပေမယ့် ကလေးယူပြီးမှ ကလေးကိုမပြုစု ၊မစောင့်ရှောက်နိုင်ခြင်းဟာပိုပြီးဆိုးရွားပါတယ်။ ဒီလိုအတွေးများကြောင့် အမျိုးသမီးတွေဟာ မိမိတို့စောင့်ရှောက်နိုင်မှသာ ကလေးယူ၍ အဆင်ပြေမည်ဟု ဆင်ခြင်တွေးတောလာကြပါတယ် ။ မိဘကောင်းတစ်ယောက်ဆိုတာ ကလေးကို အရာရာဦးစားပေး၍ အကောင်းဆုံးတွေကိုသာပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ကလေးကိုပြုစုပျိုးထောင်ဖို့ လိုအပ်ချက်များရှိနေတယ်လို့တွေးမိလျှင်တော့ သူမဟာ ကလေးယူဖို့ ဆုံးဖြတ်မှာမဟုတ်ပါဘူး။
၄ ။ အမျိုးသမီးတိုင်းဟာ မိခင်မဖြစ်ချင်ကြပါဘူး ။
အမျိုးသမီးတော်တော်များများဟာ ကလေးများနှင့် ပျော်ရွှင်စရာ အိမ်ထောင်တစ်ခုကို အိပ်မက်ကြပေမယ့်အချို့ကတော့သူတို့ရဲ့ဘဝမှာကလေးလိုအပ်တယ်လို့ မတွေးကြပါဘူး ။ ကလေးရလာတဲ့အခါ သူတို့အတွက်စိတ်အနှောင့်အယှက်တစ်ခုတောင်ဖြစ်သွားနိုင်ပါတယ်။ သူတို့ဟာ ကလေးများနဲ့အလုပ်ရှုပ်နေတဲ့ဘဝမျိုးကို မနှစ်မြို့ကြပါဘူး ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။