backup og meta

မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ

    တကယ်လို့သင်က လက်ရှိမှာ ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် သင့်ရဲ့ မျိုးဥတွေ အသုံးပြုဖို့ အရည်အသွေးကောင်းနေသေးတဲ့အချိန်မှာ အေးခဲထားဖို့ စိတ်ကူးကြည့်သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေမလုပ်ခင်မှာ သင်သိဖို့လိုတာတွေကို အောက်မှာဖော်ပြထားပါတယ်။

    မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ

    မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သိထားဖို့လိုတဲ့အချက်များ

    • အပ်မကြောက်ဖို့ လိုပါမယ်။
    • ဘေဘီလေး သေချာပေါက်ရမယ်လို့ အာမခံချက် မရှိပါဘူး။
    • ကုန်ကျစရိတ် မနည်းပါဘူး။ မလုပ်ဆောင်ခင်မှာ အရင်ဆုံး စစ်ဆေးမှု ခံယူရပါမယ်
    • လက်တွဲဖော်နဲ့ သေချာ တိုင်ပင်ဖို့ လိုပါမယ်။

    မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ က ဘာတွေများ ဖြစ်မလဲ…..

    သင့်အနေနဲ့ အပ်တွေကို မကြောက်အောင် ကြိုးစားရပါမယ်။

    သင့်ရဲ့ သားဥအိမ်ကို လှုံ့ဆော်မှုတွေပေးဖို့ ဆေးတွေကို ထိုးဆေးအနေနဲ့ နေ့စဉ်ထိုးနေဖို့လိုပါလိမ့်မယ်။ ကံကောင်းတာကတော့ အပ်က (ကလေးတွေ အင်ဆူလင်ထိုးသလိုအပ်) သေးငယ်ပြီး အရေပြားပေါ်မှာ အပေါက်သေးသေးသာဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် သူနာပြုကလည်း ဆေးထိုးစဉ် သင်သက်တောင့်သက်သာရှိဖို့ ကူညီပေးပါလိမ့်မယ်။

    အာမခံချက်မရှိပါဘူး

    သင်သိဖို့လိုတာက မျိုးဥတွေ အေးခဲထားစေတယ်ဆိုတာ အနာဂတ်မှာ သင်ကလေးတစ်ယောက်ကျိန်းသေရနိုင်ပါလိမ့်မယ်လို့ အာမမခံတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူကစိတ်ချရတဲ့ အာမခံတွေတော့ပေးပါတယ်။ သင်ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ဒီအေးခဲထားတဲ့ မျိုးဥတွေ ကို သုံးပါလိမ့်မယ်။ ပြီးတော့ ဒီအဆင့်မရောက်ခင်လည်း အဆင့်တွေအများကြီးရှိပါသေးတယ်။ အခဲပြန်ဖျော်တာ မျိုးအောင်အောင်လုပ်တာနဲ့ ကိုယ်ထဲပြန်ထည့်သွင်းတာတွေကို ရှင်သန်နိုင်မှ ကလေးရမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းမှာ အဆင့်တစ်ခုခုကလည်း ပုံမှန်မဖြစ်တာ ဖြစ်နိုင်ပါတယ်။ မျိုးဥက သန္ဓေမအောင်မချင်း သမားတော်တွေက ရလဒ်ကို မခန့်မှန်းနိုင်ပါ။

    ဈေးလည်းမပေါပါဘူး

    တကယ်တမ်းတော့ အာမခံတွေဆိုတာက ဒီလို မျိုးဥတွေ ကိုအေးခဲဖို့အတွက် လိုအပ်တဲ့ကုန်ကျစရိတိကို ကာမိအောင်ကူညီပေးသလို တစ်ချို့က အခြားသက်ဆိုင်တဲ့ ကုသမှုတွေအတွက်ပါ ကျခံပေးကြပါတယ်။ တစ်ခေါက်စာအတွက် ဆေးဝါးနဲ့ကုသစရိတ်က ဒေါ်လာ ၁၀၀၀၀ ကနေ ၁၂၀၀၀ ထိရှိပြီး မျိုးဥကို ထိန်းသိမ်းရတာက တစ်နှစ်ကို ဒေါ်လာ ၈၀၀ လောက်ကုန်ကျစေနိင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မျိုးဥတွေ အေးခဲနည်းက သင်နောက်ပိုင်းမှာကြုံတွေ့လာရမယ့် သန္ဓေမအောင်လို့တစ်နှစ်ကို ဒေါ်လာထောင်ချီကုန်နေရတာထက်စာရင် ခေါင်းအေးရပါသေးတယ်။

    စမလုပ်ခင်မှာ စစ်ဆေးမှုတွေ လုပ်ရပါဦးမယ်

    Anti-Mullerian Hormone test ဆိုတာက အဆင်ပြောပြီး အသုံးဝင်တဲ့test ဖြစ်ပါတယ်။ဥအိမ်ရဲ့ မျိုးအောင်မှု ရှိမရှိကို သိနိုင်ပါတယ်။ ဒါ့အပြင် သင့်မှာကျန်ရှိနေတဲ့ မျိုးဥတွေ အရေအတွက် အနည်းအများအတော်လောက်ကို သတင်းပေးနိုင်ပါတယ်။ ဒီစမ်းသပ်မှုပြီးတာနဲ့ သင်က မျိုးအောင်နိုင်စွမ်းရှိမရှိဆိုတာ တန်းသိနိုင်ပါတယ်။

    သင့်အနေနဲ့ စိတ်ထဲမှာ ရှင်းလင်းပြီး ပိုကြည်လင်လာပါလိမ့်မယ်။

    မိန်းမသားအများစုကတော့ ပိုလွတ်လပ် ပေါ့ပါးလာသလိုခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သန္ဓေအောင်မှုရှိ၊ မရှိဆိုတာ ပူပန်စရာမလိုတော့သလို လစဉ် ရာသီသွေးကိစ္စကလည်း လွတ်မြောက်သွားကြလို့ဖြစ်ပါတယ်။ ဒီတော့ လောကထဲကို အကောင်းမြင်စိတ် တက်ကြွစိတ်တွေနဲ့ တဖန်ပြန်ဝင်လာခွင့်ရှိပြီပေါ့

    ဖြစ်နိုင်ရင်တော့ သားဥအိမ်အေးခဲမယ့်အစား သန္ဓေသားကို အေးခဲပါ

    တကယ်လို့သင်က လက်တွဲဖော် အစစ်အမှန်ကို ရရှိထားပြီ ၊ပြီးတော့ ကလေးလည်းမယူချင်သေးဘူးဆိုရင် သန္ဓေသားကို ခေတ္တအေးခဲထားတာဟာ ပိုအောင်မြင်မှုရနိုင်မှာပါ။ မျိုးဥတွေ ဟာ သန္ဓေသားထက်စာရင် ပိုပျက်စီးလွယ်လို့ဖြစ်ပါတယ်။ ပြီးတော့ အခဲဖျော်တဲ့အဆင့်မှာ အသက်မရှင်နိုင်ကြပါဘူး။ သင့်လက်တွဲဖော်ရဲ့ သုတ်ကောင်နဲ့ သားဥကို ရောပြီး ရလာတဲ့ သန္ဓေသားကို အေးခဲတာဟာ အဆင့်တစ်ဆင့်ကိုလျော့စေပါတယ်။

    တကယ်လို့ သင့်မှာ ဒီလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အခက်အခဲတွေ မေးစရာတွေရှိနေရင် ဆရာဝန်တွေ ဝန်ဆောင်မှုပေးသူတွေကို မေးဖို့ တွန့်ဆုတ်မနေပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement