မြုံခြင်းကို ဖြစ်စေသော အကြောင်းရင်းများနှင့် ပြဿနာကိုဖြေရှင်းနိုင်သော အစားအစာများ

    မြုံခြင်းကို ဖြစ်စေသော အကြောင်းရင်းများနှင့် ပြဿနာကိုဖြေရှင်းနိုင်သော အစားအစာများ

    လူအများစုဟာ အမျိုးသမီးတစ်ယောက် သန္ဓေအောင်နိုင်စွမ်းဟာ သူမအသက်ကြီးလာတာနဲ့အမျှ ကျဆင်းသွားတယ် (သို့)လူမှုဘဝနေထိုင်မှုပုံစံ၊ အလုပ်စိတ်ဖိစီးမှု၊ ဆက်ဆံရေးကြောင့် ရရှိတဲ့ စိတ်ဖိစီးမှုတွေကြောင့်ကျဆင်းသွားတယ်လို့ ယုံကြည်ကြပါတယ်။ စုံတွဲတွေဟာ သန္ဓေအောင်ခြင်းကို အကျိုးသက်ရောက်မှုရှိတဲ့ အချက်အလက်တွေ အကုန်လုံးကို မထိန်းချုပ်နိုင်သော်လည်းသူတို့ရဲ့ စားသောက်မှုပုံစံကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ Harvard ဆေးတက္ကသိုလ်ရဲ့ အစားအသောက်နဲ့သန္ဓေအောင်ခြင်းဆိုင်ရာလေ့လာချက်တွေအရအာဟာရနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ဟာသန္ဓေအောင်ဖို့အတွက် ဆေးကုသမှုလိုပဲ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

    မြုံခြင်းရဲ့ အကြောင်းရင်းများ

    အဝလွန်ခြင်း

    အဝလွန်ခြင်းဟာ ဟော်မုန်းထုတ်လုပ်မှုကို လျော့ကျစေပြီး အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရဖို့ ပိုမိုခက်ခဲစေပါတယ်။ Jefferson Medical College, Thomas Jefferson University, Philadelphia ရဲ့ မီးယပ်သားဖွားဌာန ဥက္ကဌWilliam Schlaff က အမျိုးသမီးတစ်ယောက် ကိုယ်အလေးချိန်တက်လာလေလေ သူမရဲ့ သားဥအိမ် လုပ်ငန်းဆောင်နိုင်စွမ်း အကျိုးသက်ရောက်မှုတွေလျော့နည်းလာလေလေလို့ ပြောကြားခဲ့ပါတယ်။

    ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း

    ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာက ၂၀၁၃မှာ ထုတ်လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ညစ်ညမ်းပစ္စည်းတွေ၊ စက်ရုံထုတ် ဓာတုပစ္စည်းတွေ၊ပိုးသတ်ဆေးတွေနဲ့ မကြာခဏထိတွေ့မှုဟာ ကလေးရရှိနှုန်းကို ၂၉ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဆေးလိပ်သောက်ခြင်း

    အထက်ဖော်ပြပါလေ့လာမှုကပဲ ဆေးလိပ်သောက်ခြင်းဟာ မြုံရန်အခွင့်အရေးကို ၁၃ရာခိုင်နှုန်းတိုးမြင့်စေပါတယ်လို့ ဆိုပါတယ်။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ ဆေးလိပ်သောက်ခြင်းဟာ ဖွံဖြိုးနေတဲ့ ကလေးကို ထိခိုက်စေပြီး အမျိုးသားရောအမျိုးသမီးရောမှာပါ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးကာမျိုးရိုးဗီဇကိုထိခိုက်စေလို့ပဲဖြစ်ပါတယ်။

    ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ

    လေ့ကျင့်ခန်းတွေဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိသော်လည်း လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာ အထူးသဖြင့် အမျိုးသမီးတွေမှာ ကလေးရရှိမှုကို ဟန့်တားပါတယ်။ Dr.Schlaff က အလွန်အကျွံ ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါ သားဥကြွေခြင်းကိုအနှောင့်အယှက်ပေးပါတယ်။ ၂၀၁၂မှာ ထုတ်ဝေခဲ့တဲ့ သန္ဓေအောင်ခြင်းနဲ့မြုံခြင်းအကြောင်းလေ့လာမှုကလေ့ကျင့်ခန်းအပြင်းအထန်လုပ်တဲ့ (တစ်ပတ်ကိုငါးနာရီအထက်) ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ မိန်းမတစ်ယောက်ဟာကလေးရရှိဖို့ ပိုမိုခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

    အချို့ရောဂါ အခြေအနေများ

    သိုင်းရွိုက်ရောဂါဟာ သားဥကြွေခြင်းနဲ့ ကိုယ်ဝန်ရရှိမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။ (မီးယပ်သားဖွားဌာန မှ၂၀၁၅ တွင် ထုတ်ဝေခဲ့သောလေ့လာမှုတစ်ခုအရ)

    ဒါ့အပြင် ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ သားဥအိမ်ရေအိတ်များစွာ တည်သောရောဂါ၊ သားအိမ်တစ်ရှူးများ သားအိမ်ပြင်ပရောက်သောရောဂါနဲ့ သားအိမ်အလုံးတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ရရှိမှုကိုအကျိုးသက်ရောက်မှု ရှိပြီးကိုယ်ဝန်ကိုလစေ့သယ်ဆောင်နိုင်ရန် ခဲယဉ်းစေတယ်လို့ ဆိုပါတယ်။

    သန္ဓေအောင်မှုကိုတိုးတက်စေသောအစားအစာများ

    သန္ဓေအောင်မှုကိုတိုးတက်စေဖို့အတွက် အောက်ပါအစားအစာတွေကိုသင်နေ့စဉ်စားသောက်တဲ့ အစားအစာထဲထည့်သွင်းပါ။

    • နွားနို့
    • မပြည့်ဝဆီ – ဒီအဆီကိုမုန့်ဖုတ်ထားတဲ့ အစားအစာတွေနဲ့ တိရစ္ဆာန်တွေမှ တစ်ဆင့် ရရှိနိုင်ပါတယ်။
    • အသားဓါတ် – အပင် မှရသောအသားဓါတ် (ပဲ၊ အစေ့၊ တို့ဖူး) တို့ဟာကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓါတ်ပါဝင်ပြီးကယ်လိုရီအနည်းငယ်သာပါဝင်ပါတယ်။

    ထို့အပြင် မိနစ် ၃၀ကနေ ၆၀အထိ နေ့စဉ် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ခြင်းဟာကိုယ်အလေးချိန်ထိန်းသိမ်းမှုကိုသိသိသာသာအကူအညီပေးနိုင်ပြီးသန္ဓေအောင်နိုင်စွမ်းကိုတိုးမြှင့်ပေးပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 18/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။