backup og meta

အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ

    အချို့သောစုံတွဲများ ကလေးလိုချင်လို့ ကြိုးစားကြပေမယ့် ခက်ခဲနေကြတာကို တွေ့ရပါတယ်။ ကလေးမရရတဲ့ အကြောင်းရင်းများအနက် သုံးပုံတစ်ပုံခန့်က အမျိုးသမီးဖြစ်သူရဲ့ ပြဿနာကြောင့်ဖြစ်နိုင်သလို၊ သုံးပုံတစ်ပုံတစ်ခန့်မှာ အမျိုးသားဖြစ်သူရဲ့  ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ကျန် သုံးပုံတစ်ပုံကတော့ အမျိုးသား၊ အမျိုးသမီး ၂ဦးစလုံးရဲ့ လိုအပ်ချက်တွေကြောင့်ပါ။) ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

    အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ

    အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ ကတော့

    (၁) သားဥကြွေခြင်းဆိုင်ရာ ပြဿနာများ

    ပုံမှန်အားဖြင့်တော့ စုံတွဲတစ်တွဲ သန္ဓေအောင်ပြီး ကိုယ်ဝန်ရဖို့ဆိုရင် သားဥအိမ်ကထုတ်ပေးလိုက်မယ့် ‘မ’မျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးတို့ သားဥပြွန်ထဲမှာ ပေါင်းစပ်ပြီး သားအိမ်ထဲမှာသန္ဓေလာတည်ရပါမယ်။ အောက်မှာ ပြထားတဲ့ သားဥကြွေခြင်းဆိုင်ရာ ပြဿနာရှိသူများအတွက်တော့ ကလေးရရန် ခက်ခဲပါလိမ့်မယ်။

    (၂) သားဥပြွန်များ ထိခိုက်ပျက်စီးခြင်း

    သားအိမ်နဲ့ သားဥပြွန်များ ပိုးဝင်ခြင်း၊ တင်ပဆုံကွင်းအတွင်း ခွဲစိတ်မှုခံယူဖူးခြင်း၊ သားဥပြွန်အတွင်း နေရာလွဲမှား သန္ဓေတည်ဖူးခြင်း၊ တင်ပဆုံကွင်းအတွင်း တီဘီဖြစ်ဖူးခြင်း စတဲ့ ပြဿနာတွေ ရှိနေရင်လည်း သားဥပြွန်ပျက်စီးတာကြောင့် မျိုးအောင်ဖို့ ခက်ပါတယ်။

    (၃) သားအိမ်တစ်သျှူးများ သားအိမ်ပြင်ပတွင်တည်ရှိနေခြင်း

    သားအိမ်တစ်သျှူးတွေက သားအိမ်ကြွက်သားတွေထဲ ရောက်နေတာဖြစ်ဖြစ်၊ တခြားကိုယ်တွင်းအင်္ဂါတွေ (ဥပမာ သားဥအိမ်၊ ဝမ်းဗိုက်)ဆီ ရောက်နေတာဖြစ်ဖြစ် ကလေးရဖို့ ခက်နိုင်ပါတယ်။

    (၄) သားအိမ် (သို့) သားအိမ်ခေါင်းဆိုင်ရာ ပုံမမှန်မှုများ

    • သားအိမ်အတွင်း အလုံးများ၊ အကျိတ်များရှိနေခြင်း
    • မွေးရာပါ သားအိမ်အနေအထားမမှန်ခြင်း (ဥပမာ သားအိမ်နှစ်ခွ ဖြစ်နေတာ)
    • သားအိမ်ခေါင်းကျဉ်းခြင်း
    • သားအိမ်ခေါင်းမှထုတ်သော အချွဲရည်ပုံမမှန်ခြင်း (များသောအားဖြင့်တော့ အချွဲရည်က သုက်ပိုးကို သတ်လိုက်တာကြောင့်ပါ)

    (၅) အကြောင်းရင်းရှာမရသော သန္ဓေမအောင်ခြင်း

    အထက်ပါအကြောင်းရင်းများအပြင် အောက်ဖော်ပြပါအချက်များကလည်း အမျိုးသမီးတစ်ဦးရဲ့ ကလေးရနိုင်ခြေကို လွှမ်းမိုးမှုရှိပါတယ်။

    • အသက် (အသက် ၃၅ ကျော်လာလေ ကလေးရနိုင်ခြေနည်းလာလေပါ။)
    • ဆေးလိပ်သောက်ခြင်း
    • အလွန်ပိန်သူများ/ အလွန်ဝသူများသည် ပုံမှန်ကိုယ်အလေးချိန်ရှိသူများထက်စာရင် ကလေးရနိုင်ခြေနည်းပါတယ်။
    • လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ရင်လည်း သားဥကြွေဖို့ ခက်ပါတယ်။
    • လိင်မှတဆင့်ကူးစက်သောရောဂါပိုး ကူးစက်ခံရဖူးသူများ (ကူးရုံတင်မဟုတ်ဘဲ အတွင်းမျိုးပွားတွေပါ ပျက်စီးနေရင် ပိုဆိုးပါတယ်။)
    • အရက်၊ ဘီယာ သောက်သုံးသူများ

    (၆) အဝလွန်ခြင်း

    အဝလွန်ခြင်းဟာ ဟော်မုန်းထုတ်လုပ်မှုကို လျော့ကျစေပြီး အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရဖို့ ပိုမိုခက်ခဲစေပါတယ်။ Jefferson Medical College, Thomas Jefferson University, Philadelphia ရဲ့ မီးယပ်သားဖွားဌာန ဥက္ကဌ William Schlaff က အမျိုးသမီးတစ်ယောက် ကိုယ်အလေးချိန်တက်လာလေလေ သူမရဲ့ သားဥအိမ် လုပ်ငန်းဆောင်နိုင်စွမ်း အကျိုးသက်ရောက်မှုတွေ လျော့နည်းလာလေလေလို့ ပြောကြားခဲ့ပါတယ်။

    (၇) ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း 

    ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာက ၂၀၁၃မှာ ထုတ်လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ညစ်ညမ်းပစ္စည်းတွေ၊ စက်ရုံထုတ် ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေနဲ့ မကြာခဏထိတွေ့မှုဟာ ကလေးရရှိနှုန်းကို ၂၉ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    (၈) ဆေးလိပ်သောက်ခြင်း

    အထက်ဖော်ပြပါလေ့လာမှုကပဲ ဆေးလိပ်သောက်ခြင်းဟာ မြုံခြင်း အခွင့်အရေးကို ၁၃ရာခိုင်နှုန်းတိုးမြင့်စေပါတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ဆေးလိပ်သောက်ခြင်းဟာ ဖွံဖြိုးနေတဲ့ ကလေးကို ထိခိုက်စေပြီး အမျိုးသားရော အမျိုးသမီးရောမှာပါ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးကာမျိုးရိုးဗီဇကိုထိခိုက်စေလို့ပဲဖြစ်ပါတယ်။

    (၉) ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ

    လေ့ကျင့်ခန်းတွေဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပေမယ့် လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာ အထူးသဖြင့် အမျိုးသမီးတွေမှာ ကလေးရရှိမှုကို ဟန့်တားစေနိုင်ပါတယ်။ Dr.Schlaff က အလွန်အကျွံ ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါ သားဥကြွေခြင်းကို အနှောင့်အယှက်ပေးပါတယ်။ ၂၀၁၂မှာ ထုတ်ဝေခဲ့တဲ့ သန္ဓေအောင်ခြင်းနဲ့ မြုံခြင်းအကြောင်း လေ့လာမှုက လေ့ကျင့်ခန်းအပြင်းအထန်လုပ်တဲ့ (တစ်ပတ်ကို ငါးနာရီအထက်) ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးရရှိဖို့ ပိုမိုခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးများ ကလေးရဖို့ ခက်နေရင်

    ကလေးရဖို့ ခက်နေရင် အကောင်းဆုံးက ဆရာဝန်နဲ့ ပြသကြည့်ပါ။ စုံတွဲလိုက် ပြသကြည့်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ရှာဖွေပါ။ အမျိုးသမီးတွေမှာ ဒီအချက်တွေ ရှိနေတာနဲ့ ကလေးမရနိုင်တော့တာ မဟုတ်ပါဘူး။ ကုလို့ ပျောက်တဲ့ ရောဂါတွေဆို ကုသလိုက်ရင် ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement