backup og meta

ဖန်ပြွန်သန္ဓေတည်မှု မအောင်မြင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖန်ပြွန်သန္ဓေတည်မှု မအောင်မြင်ခြင်း

    ဖန်ပြွန်သန္ဓေတည်ခြင်းက အောင်မြင်ပေမယ့်လည်း အချို့အခြေအနေတွေမှာ အမျိုးသမီးဆီမှာသန္ဓေမတည်နိုင်ခြင်း ဖြစ်ပါတယ်။ မိန်းမကိုယ်အပြင်ဘက်မှာ မမျိုးဥနဲ့ဖိုသုက်ကောင်ကို သန္ဓေစပ်ခြင်းနည်းလမ်းဖြစ်ပါတယ်။ မျိုးအောင်သွားတဲ့ဥကို မိန်းမခန္ဓါကိုယ်ထဲပြောင်းထည့်ပြီး သဘာဝအတိုင်း ဆက်လက်ကြီးထွားစေပါတယ်။

    ပထမအကြိမ်မအောင်မြင်ခြင်းက အလားတူဖြစ်ရပ်လုပ်ရပ်ကိုရှောင်ကြဉ်ခြင်းဖြင့် မအောင်မြင်ရခြင်းအကြောင်းရင်းက ဒုတိယအကြိမ်ကြိုးစားမှုကို အထောက်အကူပြုပါတယ်။

    ဖန်ပြွန်သန္ဓေမအောင်မြင်ခြင်းဆိုတာ ဘာလဲ။

    မအောင်မြင်ရတဲ့ကိစ္စတော်တော်များများမှာ အကြောင်းရင်းတစ်ခုထက်ပိုပါတယ်။ အထူးကုတွေက သန္ဓေသားရဲ့ပုံရိပိကိုကြည့်ပြီး ကြီးထွားမှုနှုန်းကိုယူပါလိမ့်မယ။ အကြောင်းရင်းကိုတွေ့တဲ့အခါမှာ ကာကွယ်ဖို့အစီအစဉ်ကို မိသားစုနဲ့တိုင်ပင်ပါလိမ့်မယ်။ အကြောင်းရင်းတချို့ကိုတော့ မိခင်ဖြစ်သူရဲ့အသက်အရွယ်စတာကိုတော့

    ဖြုတ်ပစ်လိုက်ပါတယ်။ ဓါတ်ခွဲအထူးကုက အခြားထည့်စဉ်းစားရမယ့်အကြောင်းရင်တွေကို ပြောပြပါလိမ့်မယ်။

    ဖန်ပြွန်သန္ဓေအောင်မြင်ဖို့အတွက် အရေးကြီးဆုံးက ကျန်းမာတဲ့မမျိုးဥ၊ သုတ်ကောင်စွမ်းနိုင်ဖို့နဲ့ ကလေးကြီးထွားမှုကိုစောင့်ရှောက်အားပေးနိုင်တဲ့ သားအိမ်တို့ဖြစ်ပါတယ်။

    မမျိုးဥမူမမှန်ခြင်းများ

    ဆဲလကွဲပွားပြီး မျိုးရိုးဗီဇတွေက ကောင်းကောင်းမပွားဘူးဆိုရင် ဖြ်စနိုင်ပါတယ်။

    မျိုးရိုးဗီစပြတ်တောက်မှုတွေကနေ မျိုးရိုးဗီဇဖြန့်ဝေရာမှာ ပုံမှန်မဟုတ်ခြင်းတွေဖြစ်စေပြီး သန္ဓေသားလောင်းကိုပုံမမှန်ဖြစ်စေပါတယ်။ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ ပိုဖြစ်လေ့ရှိပါတယ်။

    သုတ်ကောင်မူမမှန်ခြင်း

    သုတ်ကောင်ဘက်ကမူမမှန်ခြင်းက မမျိုးဥထက်အဖြစ်နည်းပေမယ့်လည်း ဖြစ်ခဲံမယ်ဆိုရင် မျိုးရိုးဗီဇမူမမှန်မှုအဆင့်သတ်မှတ်ချက်လည်း ပိုကြီးသွားနိုင်ပါတယ်။ ရလဒ်ကတော့ မမျိုးဥနဲ့သန္ဓေအောင်မပေါင်းစပ်နုင်တော့ခြင်းဖြစ်ပါတယ်။

    သန္ဓေသားရွေးချယ်ခြင်းနည်းလမ်းများ

    မိန်းမကိုယ်ထဲကိုပြောင်းထည့်ပေးရမှာက ဥအနေနဲ့လား၊ သားလောင်းအနေနဲ့လားဆိုတာကို သက်ဆိုင်ရာအထူးကုက ဆုံးဖြတ်ပါလိမ့်မယ်။ ရွေးချယ်ဖို့အရေးကြိးတဲ့အချက်၃ချက်ပေါ်မူတည်ပါတယ်။ ဆဲလ်အဆင့်၊ သားလောင်းအဆင့်၊ နဲ့ကွဲပွားမှုနှုန်း တို့ြဖ်စပါတယ်။ အကောင်းဆုံးသန္ဒေသားရဖို့အတွက် ပြည့်စုံတဲ့ရွေးချယ်မှုပြုလုပ်ဖို့ ခက်ပါတယ်။ ဓါတ်ခွဲခန်းတွေ့ရှိမှုတွေအပေါ်အခြေခ့ပြီး အကောင်းဆုံးသန္ဓေသားကို ရနိုင်ပါတယ်။

    ဓါတ်ခွဲခန်းဆိုင်ရာအချက်များ

    သန္ဓေသားမွေးထားတဲ့ဓါတ်ခွဲခန်းက အကောင်းဆုံးထိန်းချုပ်ထားတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ ဓါတ်ခွဲခန်းအထူးကုတွေက အောက်ဆီဂျင်ပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ၊ စိုထိုင်းခြ်င၊ ပီအိတ်ခ်ျ၊ အပူချိန်နဲ့ အလင်းရောင်စတာတွေကို တင်းတင်းကျပ်ကျပ်ထိန်းညှိပေးဖို့လိုပါတယ်။ ဒိအချက်တွေအနည်းငယ်ပြောင်းသွားခြင်းက သန္ဓေသားသေဆုံးမှုကို ဖြစ်သွားစေနိုင်ပါတယ်။

    နောက်တစ်ကြိမ်ဖန်ပြွန်သန္ဓေတည်ခြင်း အောင်မြင်နိုင်နှုန်းဘယ်လလောက်ရှိလဲ။

    ဖန်ပြွန်သန္ဓေမအောင်မြင်ပြီးတဲ့နောက် ပထမဆုံးလုပ်ရမှာက အရင်ဖြစ်စဉ်ကိုပြန်သုံးသပ်ဖို့နဲ့ ဖြစ်ရခြင်းအကြောင်းရင်းကို သင်ယူဖို့ဖြစ်ပါတယ်။ ဒိတွေ့ရှိချက်ကနေပြီး ဒုတိယအကြိမ်ကိုအောင်မြင်စေနိုင်ပါတယ်။ အောင်မြင်နိုင်နှုန်းကို

    သက်ရောက်တဲ့အချက်တွေကတော့

  • မိခင်အသက်အရွယ်
  • မမျိုးဥနဲ့သုတ်ကောင်အရည်အသွေး
  • မမျိုးဥနဲ့သုတ်ကောင်အရည်အတွက်
  • ဖန်ပြွန်သန္ဓေတည်ခြင်းဖြစ်စဉ်အရည်အသွေး
  • ဖန်ပြွန်သန္ဓေဓါတ်ခွဲခန်းအရည်အသွေး
  • ရနိုင်တဲ့ကိရိယာများ
  • သန္ဓေမအောင်ခြင်းအကြောင်းရင်း
  • သားအိမ်အခြေအနေ
  • သန္ဓေသားကြီးထွားနှုန်း
  • သန္ဓေသားရဲ့ မျိုးရိုးဗီဇဆိုင်ရာ အစွမ်းအစ
  • ဒုတိယအကြိမ်ဖန်ပြွန်သန္ဓေတည်ခြင်း ောအင်မြင်နိုင်နှုန်းက ပထမအကြိမ်ထက်စာရင် အနည်းငယ်နည်းပါတယ်။ အခြေအနေတွေကကောင်းမယ်ဆိုရင်တော့ အောင်မြင်နိုင်ချေရှိပါတယ်။ ဆရာဝန်နဲ့အထူးကုတွေက ပထမအကြိမ်ကြိုးစားမှုးရဲ့ ဒီအချက်အလက်တွေနဲ့ရလဒ်တွေ ကိုထည့်သွင်းစဉ်းစားပြီး ဒုတိယအကြိမ်အောင်မြင်နိုင်နှုန်းကို အများဆုံးဖြစ်စေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Thin Myat Sandi Cho မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement