backup og meta

ကိုယ်ဝန်တည်ခြင်း မရှိပေမယ့် ရာသီသွေးမပေါ်နိုင်တဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်တည်ခြင်း မရှိပေမယ့် ရာသီသွေးမပေါ်နိုင်တဲ့ အကြောင်းရင်းများ

    အမျိုးသမီးအချို့အတွက် ရာသီကာလဆိုတာ စိတ်မသက်မသာဖြစ်စရာပေမယ့် အချို့သောသူတွေကတော့ ပျော်ကောင်းပျော်ပါလိမ့်မယ်။ ကိုယ်ဝန်မရှီလို့ ရာသီလာတာကိုး။

    အောက်ပါအချက်တွေကတော့ သင့်မှာကိုယ်ဝန်မရှိဘဲနဲ့ ဘာလို့ရာသီမပေါ်သလဲဆိုတာ ရှင်းပြပါလိမ့်မယ်။

    စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုဟာ ရာသီသွေးမပေါ်ခြင်းအတွက် အဖြစ်အများဆုံးအကြောင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရလဒ်ဖြစ်နိုင်ပါတယ်။ လူတစ်ဦးစိတ်ဖိစီးမှု ဖြစ်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ကလည်း ကွဲပြားခြားနားတဲ့ လုပ်ငန်းလည်ပတ်မှုဖြစ်နိုင်ပါတယ်။

    ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဝက်ခြံ သို့မဟုတ် အခြားအရေပြားဆိုင်ရာကိစ္စရပ်များကအစ သင့်ရာသီစက်ဝန်းကို ထိန်းချုပ်ထားသောဦးနှောက်၏အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hypothalamus ကိုလည်းထိခိုက်နေပါတယ်။ အဆိုပါ hypothalamusကနေ ဟော်မုန်းမမှန်မကန် ထုတ်လုပ်မှုက သင့်ရဲ့ရာသီကာလကို နှောင့်နှေးစေနိုင်ပါတယ်။

    ဒါ့အပြင်အချိန်ကြာလာတာနဲ့အမျှ နာမကျန်းဖြစ်တာ ရာသီမလာဘဲ ရပ်တန့်တာတွေဖြစ်နိုင်ပါတယ်။ သင့်မှာ စိတ်ဖိစီးမှုအကြောင်းရင်းတစ်ခုဖြစ်တယ်ထင်လျှင် သင့် နဂိုအခြေအနေပြန်ရောက်ဖို့ အပန်းဖြေနည်းစနစ်သုံးပါ။

    ကိုယ်အလေးချိန်ပြဿနာများ

    အလေးချိန်ပြဿနာတွေဆိုတာ အဝလွန်ခြင်းထက်ပိုပါတယ်။ အဝလွန်တာလည်းပြဿနာတစ်ခုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သင့်အလေးချိန်အတက်အကျပြောင်းလဲနေတာက ရာသီမမှန်မှုဖြစ်နိုင်ပါတယ်။ ပမာဏမမှန်စားသုံးခြင်း သို့မဟုတ် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာတွေက တရားခံဖြစ်ပါလိမ့်မယ်။

    ကိုယ်အလေးချိန်နည်းတာဟာ ရာသီပေါ်ခြင်း ထိန်းညှိရန်လိုအပ်တဲ့ အီစရိုဂျင်ပမာဏချို့တဲ့တာပါ။ ထို့ကြောင့်အစားအစာနှင့်လေ့ကျင့်ခန်းက ဒီကိစ္စတွင်အတွက် တရားခံဖြစ်နိုင်ပါတယ်။

    ဆေးဝါးများနှင့် သားဆက်ခြားနည်းများ

    တချို့ကဆေးတွေက သင့်ရဲ့လစဉ်ရာသီပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ စိတ်ငြိမ်ဆေး Antidepressantsနှင့် သားဆက်ခြားဆေးဝါးများပါဝင်ပါတယ်။ သန္ဓေတားဆေးတွေဟာ ဟော်မုန်းထုတ်မှုကို နည်းနည်း ဒါမှမဟုတ် လုံးဝရပ်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်က မျိုးဥကြွေတာကို ရပ်လိုက်ပါတယ်။

    သားအိမ်ထဲမှာကွာကျစရာ နံရံ မရှိတဲ့အတွက် သင့်ရာသီကာလအတွင်း သွေးသိပ်မထွက်တာ သိသင့်ပါတယ်။Morning – after – pill (အရေးပေါ်တားဆေး) ကလည်းရာသီပေါ်ခြင်း နှောင့်နှေးနိုင်ပါတယ်။

    Polycystic သားဥအိမ် အရည်အိတ်တည်ရောဂါ – PCOS

    တစ်ခါတစ်ရံ ဟော်မုန်းမညီမမျှမှုကြောင့် ဖြစ်နိုင်ပါတယ်။ PCOSမှာ ယောက်ျားဟော်မုန်း အန်ဒရိုဂျင် များများထွက်စေပြီး မညီမမျှတွေရှိနိုင်ပါတယ်။ လက္ခဏာတွေကတော့ မလိုအပ်သည့် အမွေးအမျှင်များထွက်ခြင်း၊ ဝက်ခြံ၊ ကိုယ်အလေးချိန်တိုးခြင်း တို့ဖြစ်ပါတယ်။ ရာသီမမှန်တာ လုံးဝရပ်တန့်သွားတာတွေပါဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်က သားဆက်ခြား ဆေးညွှန်းအပါအဝင် အချို့သောကုသမှုအစီအစဉ်များကိုအကြံပြုပါလိမ့်မယ်။

    သိုင်းရွိုက်ပြဿနာ

    အဆိုပါသိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို တာဝန်ယူဆောင်ရွက်ပါတယ်။ ဇီဝဖြစ်စဉ်ဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာပုံမှန်ဖြစ်တာ သေချာအောင် ဟော်မုန်းတွေ ( အီစရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စရိုစတီရုန်း)ပုံမှန်ဖြစ်အောင်လုပ်ပေးပါတယ်။

    over နဲ့ underactive သိုင်းရွိုက် (hyper- သို့မဟုတ် hypothyroidism) တွေက ရာသီကာလ လွဲချော်နိုင်ပါတယ်။ သင်က သင့်ရာသီမမှန်တာ ဒီကိစ္စကြောင့် ထင်ရင် သင့်လျော်သောစစ်ဆေးမှုများအတွက် သင့်ဆရာဝန်ကိုဆက်သွယ်ပါ။

    အထက်ပါ အဖြစ်များတဲ့ အကြောင်းပြချက်၅ ချက်အပြင် အခြားအရာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ဥပမာ အချိန်မတန်မီသွေးဆုံးခြင်း၊ နာတာရှည်ရောဂါ၊ သင့်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ် ရုတ်တရက်အပြောင်းအလဲ ဒါမှမဟုတ် သင့်ရဲ့လူနေမှုပုံစံတွေဖြစ်ပါတယ်။

    သင့်ရဲ့လစဉ်ရာသီသွေးမပေါ်တာဟာစိုးရိမ်ဖွယ်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အေးဆေးတည်ငြိမ်နေဖို့နှင့် ပိုမိုတိကျသော စစ်ဆေးချက်များအတွက် ဆရာဝန်တစ်ဦးနှင့် တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement