backup og meta

မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။

    မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျ ကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။

    ( ၁) အိမ်ထောင်ပြုပြီးရင် ကလေးယူမှာလား။ ဘယ်နှစ်ယောက်လောက်ယူမှာလဲ။

    ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေး အိမ်ထောင်ပြု စေချင်ပါတယ်။

    ( ၂ ) ကိုယ်ဝန် မလိုချင်ဘူးဆိုရင် ဘယ်လိုနည်းတွေနဲ့ တားရမလဲ

    ( ၃ ) ကိုယ်ဝန်လိုချင်တယ်ဆိုရင်ရော ဘာတွေကို လိုက်နာသင့်သလဲ။

    • ကိုယ်အလေးချိန် ကို အတတ်နိုင်ဆုံး ထိန်းထားပါ။
    • ဆေးလိပ်တွေ အရက်တွေ ရှောင်ပါ။
    • ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားပါ။
    • သားဥ ကြွေချိန်ကိုလည်း ခန့်မှန်းတတ်ပါစေ။

    ( ၄ ) ကိုယ်ဝန်ရဖို့အတွက် ဘယ်အချိန်မှ ဆရာဝန်ဆီ သွားဖို့လိုအပ်လဲ။

    ဒါကတော့စုံတွဲတွေရဲ့ လက်ရှိအသက်ပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။

    • အသက် ၃၅ နှစ်နဲ့ အထက်ဆိုရင် ကလေးယူဖို့ ကြိုးစားနေတာ ၆ လရှိပြီ ကိုယ်ဝန် မရသေးတဲ့ အခါမျိုးမှာ ဆရာဝန်နဲ့ သွားပြသင့်ပြီး
    • အသက် ၃၅ နှစ်အောက် စုံတွဲတွေ ကလေးယူဖို့ တစ်နှစ်လောက်ကြိုးစားနေပေမယ့် မအောင်မြင်တဲ့အခါမျိုးမှာ ဆရာဝန်နဲ့ သွားပြီး ဆွေးနွေးသင့်ပါတယ်။

    ကိုယ်ဝန်မယူဘူးလို့ဆုံးဖြတ်ထားတဲ့တိုင်အောင် အခြား မီးယပ် ရောဂါနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်အောင် တစ်နှစ်တစ်ခါလောက်တော့ ဆေးသွားစစ်သင့်ပါတယ်။

    ( ၅ ) ကလေးယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုယ်ဝန်ဆောင်အားဆေးတွေ ကြိုသောက်ထားသင့်လား။

    ကလေးယူတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး ကိုယ်ဝန်ဆောင် အားဆေးတွေ သောက်ပေးတာ ကောင်းတယ်ပါတယ်။ အရေးအကြီးဆုံးကတော့ Folic acid ( ဖောလစ်အက်ဆစ် ) ၄၀၀ မိုက်ခရိုဂရမ်လောက်ပေါ့။ ဒါပေမယ့် ဘာဆေးမှ မသောက်ခင် ဆရာဝန်နဲ့ အရင်ဆွေးနွေးဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။

    ( ၆ ) ကိုယ်ဝန်တားတဲ့နည်းကိုရော ဘယ်လိုစဉ်းစားရမလဲ။

    လုံးဝ ကိုယ်ဝန်မယူဘူးလို့ ဆုံးဖြတ်ထားရင်တော့ ရေရှည်ကိုယ်ဝန်တားနိုင်မယ့် နည်းလမ်းတွေပို ပိုဦးစားပေးသင့်ပြီး နောက်ပိုင်းကျ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်တော့ တားဆေး ထိုးဆေးသောက်ဆေးသောက်ပေးတာမျိုး ၊ သန္ဓေတားထားတာကို ရပ်လိုက်တာနဲ့ ကလေးချက်ချင်းပြန်ယူလို့ ရမယ့် သန္ဓေတားနည်းကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

    ဒါတွေကတော့ ကိုယ်အိမ်ထောင်ပြုတော့မယ်လို့ဆုံဖြတ်လိုက်တာနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေပါ။ ဒီအချက်တွေကိုလည်း စဉ်းစား ဆရာဝန်တွေ ကိုယ့်လက်တွေဖော်တွေနဲ့လည်း တိုင်ပင်ပေါ့ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement