backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Contraction Stress Test (သားအိမ်ညှစ်ဒဏ်ခံနိုင်စွမ်း စမ်းသပ်ခြင်း)


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Contraction stress test ဆိုတာဘာလဲ?

Contraction stress test ဟာ မမွေးရသေးတဲ့ ကလေးလေးဟာ မွေးဖို့ သားအိမ်ညှစ်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိ တဲ့ အောက်ဆီဂျင်ပမာဏ လျော့နည်းတဲ့ ကာလ အတွင်းမှာ ကျန်းကျန်းမာမာ ဖြစ်နိုင်၊ မနိုင် စစ်ဆေးတဲ့ စစ်ဆေးချက် တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးချက်မှာ ပြင်ပသန္ဓေသားနှလုံး စစ်ဆေးခြင်း လည်းပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင် ကိုယ်ဝန် အပတ် ၃၄ (သို့) ၃၄ ပတ်ထက်ပိုလာပြီဆိုရင်တော့ ဒီစစ်ဆေးချက်ကို လုပ်ဆောင်ရပါတယ်။

လက္ခဏာများ

သားအိမ် ကျုံ့နေချိန်အတွင်းမှာ ကလေးလေးဆီကို သွားတဲ့ သွေး နဲ့ အောက်ဆီဂျင်ပမာဏဟာ ခဏတာ နည်းသွားပါတယ်။ ကလေးအများစု အတွက်တော့ ဒီလိုဖြစ်တာက ပြသနာ မဟုတ်ပါဘူး။

ဒါပေမယ့် တစ်ချို့ကလေးလေးတွေရဲ့ နှလုံးခုန်နှုန်းကို နှေးသွားစေနိုင်ပါတယ်။ အဲလိုနှေးသွားတာကို ကလေးနှလုံးကို စစ်ဆေးနိုင်တဲ့ ကိရိယာက တစ်ဆင့် တွေ့ရှိနိုင်ပါတယ်။

ဒီ contraction stress test လုပ်ဆောင်ဖို့ အတွက် မွေးခါနီး သားအိမ်ညှစ်တာမျိုး ဖြစ်နိုင်အောင် oxytocin( အောက်ဆီတိုစင်) ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို သွေးပြန် ကြောထဲ ထိုးထည့်ရပါတယ်။

သင့် နို့သီးခေါင်းတွေကို လည်း နှိပ်နယ်ရနိုင်ပါတယ်။ အဲလိုလုပ်တာက oxytocin ဆိုတဲ့ ဟော်မုန်းကို ထွက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းဟာ တက်လာရမယ့်အစား သားအိမ်ညှစ်အပြီးမှာ ပုံစံတစ်မျိုးနဲ့ နှလုံးခုန်နှုန်းကျဆင်းနေမယ်ဆိုရင်တော့ သင့်ကလေးမှာ ပြသနာ တစ်ချို့ရှိနေတာ ဖြစ်နိုင်ပါတယ်။

non stress test (သို့) biophysical profile စစ်ဆေးချက် အဖြေမှာ ပုံမှန်မဟုတ်နေဘူးဆိုရင် Contraction stress test ကို လုပ်ဆောင်ရလေ့ရှိပါတယ်။ biophysical profile ဆိုတာဟာ nonstress test စစ်ဆေးလုပ်ဆောင်နေစဉ်မှာ အာထရာဆောင်းကို သုံးပြီး ကလေးရဲ့ ရုပ်အသွင်အပြင် လက္ခဏာကို လေ့လာတဲ့ စစ်ဆေးချက်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် နေစဉ် အတွင်းမှာ contraction stress test တွေ ၁ခုထက်ပိုပြီး လုပ်ဆောင်ရနိုင်ပါတယ်။

အကြောင်းရင်းကိုသိရှိခြင်း

Contraction stress test ကို ဘာကြောင့် လုပ်ဆောင်ရသလဲ?

Contraction stress test ကို အောက်ပါအချက်တွေကို စစ်ဆေးဖို့ လုပ်ဆောင်ရပါတယ်။

  • မမွေးရသေးတဲ့ ကလေးလေးဟာ မွေးဖို့ သားအိမ်ညှစ်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိ တဲ့ အောက်ဆီဂျင်ပမာဏ လျော့နည်းတဲ့ ကာလ အတွင်းမှာ ကျန်းကျန်းမာမာ ဖြစ်နေနိုင်၊ မနိုင် စစ်ဆေးဖို့။
  • အချင်းဟာ ကောင်းမွန်နေပြီး ကလေးလေးကို ထောက်ခံ ထားပေးနိုင်၊ မနိုင် စစ်ဆေးဖို့။

non stress test (သို့) biophysical profile စစ်ဆေးချက် အဖြေမှာ ပုံမှန်မဟုတ်နေဘူးဆိုရင် လည်းContraction stress test ကို လုပ်ဆောင်ရလေ့ရှိပါတယ်။

contraction stress test မလုပ်ဆောင်ခင် ဘာတွေကြို သိထား သင့်သလဲ?

သင့်ကလေးမှာ အမှန်တကယ် ပြသနာတွေ မဖြစ်နေဘူးဆိုရင် contraction stress test မှာ ကျဆင်းလာတာတွေကို ပြနိုင်ပါတယ်။ အဲဒါကို (+) လို့မှာယွင်းပြီးပြတဲ့ အဖြေလို့ခေါ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အခုအချိန်တွေမှာ contraction stress test ကို သိပ်လုပ် လေ့မရှိကြတော့ပါဘူး။ အများစု သောအခြေအနေတွေမှာ ကျွမ်းကျင်သူတွေက ကလေးအတွက်ပို မြန်မြန်ဆန်ဆန် တွက်ချက်လာနိုင်ကြပြီး ကလေးရဲ့ ရုပ်အသွင်အပြင်ပိုင်းဆိုင်ရာ အာထရာဆောင်း စစ်ဆေးချက်တွေ၊ non stress test တွေကို လုံခြုံစိတ်ချစွာ လုပ်ဆောင်လာနိုင်ကြပါတယ်။

တစ်ချို့ဆရာဝန်တွေက contraction stress test အစား biophysical profile(သို့) Doppler အာထရာဆောင်း စစ်ဆေးချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

စစ်ဆေးခြင်း နှင့် အဖြေရှာခြင်း

contraction stress test အတွက်ဘယ်လို ကြိုတင်ပြင်ဆင်ထားရမလဲ?

သင့်ကို ဒီစစ်ဆေးချက်မလုပ်ဆောင်ခင် ၄နာရီမှ ၈နာရီ အတွင်း ဘာမှ မစား၊ မသောက်ဖို့ ပြောနိုင်ပါတယ်။ မစစ်ဆေးခင်မှာ ဆီးအိတ်ထဲက ဆီးတွေကို ကုန်အောင် ထုတ်ထားရ ပါမယ်။

ဆေးလိပ်သောက်တဲ့သူဆိုရင် စစ်ဆေးချက် မလုပ်ခင် ၂ နာရီအတွင်းမှာ ဆေးလိပ်မသောက်ရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်သောက်ခြင်းက သင့်ဗိုက်ထဲက ကလေးရဲ့ လှုပ်ရှားမှုတွေ၊ နှလုံခုန်နှုန်းတွေကို ကျစေနိုင်လို့ပါ။

ဒီစစ်ဆေးချက် မလုပ်ခင် ဒီစစ်ဆေးချက်ကြောင့် ဖြစ်လာနိုင်တာတွေကို သိရှိပြီးလုပ်ဆောင်တာ ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးရနိုင်ပါတယ်။

ဒီစစ်ဆေးချက် နဲ့ ပတ်သတ်ပြီး လိုအပ်နိုင်တာတွေ၊ ဖြစ်လာနိုင်တာတွေ၊ ဘယ်လိုလုပ်မယ်ဆိုတာတွေ၊ (သို့) စစ်ဆေးချက် ရလဒ်က ဘာကိုဆိုလိုတယ်ဆိုတာတွေ နဲ့ ပတ်သတ်ပြီး ပိုမို သိလိုပါက ဆရာဝန် နဲ့ တွေ့ပြီး ဆွေးနွေးနိုင်ပါတယ်။

contraction stress test လုပ်ဆောင်နေစဉ် အတွင်းမှာ ဘာတွေ ဖြစ်နိုင်သလဲ?

စစ်ဆေးချက် မလုပ်ခင် ၆ နာရီ မှ ၈နာရီအတွင်း ဘာမှ မစားမသောက်ဖို့ ပြောထားနိုင်ပြီး အဖြေထွက်လာရင် အရေးပေါ်ခွဲစိတ်နိုင်ဖို့ အတွက် အခွင့်အလမ်းနည်းပါတယ်။( မစစ်ဆေးခင် ဆီးကုန်အောင် ပေါက်ထားတာက ကောင်းပါတယ်။)

စစ်ဆေးမယ့်အချိန်မှာ သင်ဟာသင့်ရဲ့ ဘယ်ဘက် လှည့်ပြီး လှဲနေပါမယ်။ ကျွမ်းကျင်သူက ကိရိယာ နှစ်ခုကို သင့်ဗိုက်ပေါ်တွင် ပတ်လိုက်ပါမယ်။

တစ်ခုက ကလေးရဲ့ နှလုံးခုန် နှုန်းကို စစ်ဆေးဖို့ ဖြစ်ပြီး အခြားတစ်ခုက သားအိမ်ရဲ့ ညှစ်တာကို မှတ်သားထားဖို့ ဖြစ်ပါတယ်။ စက်က သားအိမ်ညှစ်တာ နဲ့ သင့်ကလေးရဲ့ နှလုံးခုန် နှုန်းကိုဂရပ် စာရွက်ပေါ်မှာ သီးသန့် မျဉ်းနှစ်ကြောင်း အနေနဲ့ မှတ်ထားပေးနိုင်ပါတယ်။

၁၀ မိနစ် အချိန်အတွင်းမှာ သားအိမ် ၃ခါ( ၁ခါညှစ်ရင် ၄၀ မှ ၆၀ စက္ကန့်အကြာ) မညှစ်မချင်း ဒီစစ်ဆေးချက်က ကြာနိုင်ပါတယ်။ ၂ နာရိလောက်အထိ လည်းကြာနိုင်ပါတယ်။ သားအိမ်ညှစ်တာကို ခံစားရရုံ (သို့) ရာသီသွေးဆင်း ကိုက်ခဲ သလို ခံစားရနိုင်ပါတယ်။ အဲလိုဖြစ်တာက မွေးဖို့ ဖြစ်လာလောက်တဲ့ အထိ မပြင်းထန်သင့်ပါဘူး။

ပထမ ၁၅ မိနစ် အတွင်းမှာ ကိုယ့်ဘာသာ ကိုယ် သားအိမ်မညှစ်နိုင်ဘူးဆိုရင်တော့ ကျွမ်းကျင်သူက ပြု လုပ်ထားတဲ့ oxytocin ဟော်မုန်း အနည်းငယ်ကို သွေးကြောထဲ ထည်ပေးဖို့ ကြိုးစားခြင်း၊ (သို့) သဘာ၀ အတိုင်း oxytocin ထွက်လာစေနိုင်ဖို့ သင့်နို့သီးခေါင်း ကို လှုံ့ဆော်ပေးဖို့ ပြောခြင်း များဆောင်ရွက်နိုင်ပါတယ်။

contraction stress test လုပ်ဆောင်ပြီးနောက် ဘာတွေဖြစ်နိုင်သလဲ?

စစ်ဆေးချက် လုပ်ဆောင်အပြီးမှာ စစ်ဆေးချက်မတိုင်ခင် ဖြစ်နေတဲ့ သားအိမ်ကျုံ့တာ မပျောက်သွားမချင်း ၊ မနှေးသွားမချင်း သင့်ကို စောင့်ကြည့်နေရပါမယ်။ contraction stress test ဟာ ၂နာရီလောက် ကြာနိုင်ပါမယ်။

Contraction stress test နဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ရလဒ်အဖြေကို သိနားလည်ခြင်း။

စစ်ဆေးချက်ရလဒ်က ဘာကိုဆိုလိုသလဲ?

ဒီစစ်ဆေးချက်အဖြေက သင့်ဗိုက်ထဲက ကလေးလေးရဲ့ ကျန်းမာရေး အခြေအနေ ကို တစ်ပတ်စာအတွက်သာ ပြောပြနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်းမှာ ဒီစစ်ဆေးချက်ကို ၁ ကြိမ်ထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နိုင်ပါတယ်။

ပုံမှန် ရလဒ်အဖြေများ

ပုံမှန် အဖြေက (-) ထွက်ပါတယ်။

သင့်ကလေးလေးရဲ့ နှလုံးခုန်နှုန်းသားအိမ်ညှစ်ခြင်းအပြီးမှာ မနှေးသွားပါဘူး(သို့) ညှစ်ပြီးချိန်ထိ ပုံမှန်အတိုင်းပဲ နှေးနေတာမျိုး မရှိခြင်း။

မှတ်ချက်။ စစ်ဆေးချက်လုပ်နေစဉ်မှာ အကြိမ်အနည်းငယ်လောက် ကလေးနှလုံးခုန်နှုန်းနှေးသွားနိုင်ပါတယ်။ ဒါပေမယ့် ဆက်တိုက်နှေးနေတာ မဟုတ်ရင် ပြသနာမဟုတ်ပါဘူး။

နို့သီးခေါင်းလှုံ့ဆော်ခြင်း (သို့) oxytocin ဟော်မုန်းသွင်းခြင်း ၁၀မိနစ် အတွင်းမှာ သားအိမ် ကျုံ့ခြင်း ၃ခါဖြစ်ပြီး ကလေး နှလုံးခုန် နှုန်းဆက်တိုက်နှေးနေတာမျိုးလည်း မရှိဘူးဆိုရင်တော့ သင့်ကလေးလေးဟာ ပုံမှန်မွေးဖွားခြင်းကြောင့်ဖြစ်တာတွေကို ခံနိုင်ရည်ရှိတယ်လို့ ပြောလို့ရနိုင်ပါတယ်။

ပုံမှန် မဟုတ်တဲ့ ရလဒ် အဖြေများ

ပုံမှန် မဟုတ်တဲ့ ရလဒ် အဖြေတွေကတော့ (+) ထွက်ပါတယ်။

သားအိမ်ကျုံ့ခြင်းအပြီးမှာ ကလေးနှလုံး ခုန်နှုန်းနှေးသွားခြင်း(သို့) ဆက်တိုက်နှေးနေခြင်း( late decelerations) ။ အဲလိုနှေးတာက သားအိမ်ကျုံ့ခြင်းရဲ့ ထက်ဝက်ကျော်ကျော်မှာ ဖြစ်နေခြင်း။

late decelerations ဖြစ်တယ်ဆိုတာဟာ သင့်ဗိုက်ထဲက ကလေးလေးဟာ ပုံမှန်၊ ရိုးရိုး မွေးခြင်းအတွက် ပြသနာလေးတွေ ရှိနိုင်တယ်လို့ ဆိုလိုပါတယ်။

ဒီစစ်ဆေးချက် အဖြေရလဒ်ကို ဘာတွေက သက်ရောက်မှုရှိနိုင်သလဲ?

သင်ဟာ ဒီစစ်ဆေးချက်ကို လုပ်ဆောင်လို့မရနိုင် (သို့) ဒီစစ်ဆေးချက်ကို လုပ်ဆောင်ပေမယ့် ထွက်လာမယ့် စစ်ဆေးချက် အဖြေက သင့်ကို အကူအညီ မပေးနိုင် တဲ့ အကြောင်းအရင်းတွေကတော့

  • အရင်က ကိုယ်ဝန် နဲ့ ပတ်သတ်တဲ့ ပြသနာတွေရှိနေခြင်း- အလယ်တည့်တည့် ဒေါင်လိုက် ခွဲစိတ် ဒဏ်ရာရှိနေခြင်း၊ အချင်း အရှေ့ရောက်ခြင်း၊ (သို့) အချင်း စောစီးစွာကွာကျခြင်း စသည်တို့ ပါဝင်သည်။

ရေမွှာ စောပေါက်ခြင်း ဖြစ်လာနိုင်စေတဲ့ ကလေးတစ်ဦးထက်ပိုပြီး ကိုယ်ဝန်ဆောင်ထားခြင်း ၊ သားအိမ်ခေါင်း စောစီးစွာ ပွင့်သွားခြင်း(သို့) ကိုယ်ဝန်ဆောင်စဉ် အတွင်း magnesium sulfate သောက်နေရခြင်း တွေဆိုရင်လည်း ဒီစစ်ဆေးချက်ကို မလုပ်ဆောင်နိုင်ပါဘူး။

  • အရင်က သားအိမ်အတွက် ခွဲစိတ်ဖူးခြင်း။ သားအိမ်ကျုံ့တာ ပြင်းထန်ခြင်းက သားအိမ်ကို ပေါက်ကွဲထွက်စေနိုင်ပါတယ်။
  • ဆေးလိပ်သောက်ရင်၊ (သို့) ဆေးရွက်ကြီးသုံးနေရင်။
  • စစ်ဆေးနေစဉ် ကလေးလေးရဲ့ လှုပ်ရှားမှုရှိနေခြင်း။ ကလေး လှုပ်နေတာက ကလေးရဲ့ နှလုံးခုန်နှုန်း(သို့) သားအိမ်ကျုံ့တာကို သိရှိပြီး မှတ်ထားနိုင်ဖို့ အတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။
  • အရမ်း အ၀ လွန်နေခြင်း တို့ဖြစ်ပါတယ်။

ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး contraction stress test အတွက် ပုံမှန်ရလဒ် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement