backup og meta

သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ

    ဝမ်းဗိုက်ထဲရှိ ရင်သွေးလေး သားသားလား၊ မီးမီးလား မသိရသော သံသယစိတ်သည် မိဘတွေကို နှိပ်စက်နေသော အရာတစ်ခုဖြစ်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး အာထရာဆောင်း ဆရာဝန်က သင့်ကို ပြောပြနိုင်ပါသည်။ သို့သော် သူတို့သည်လည်း မှားနိုင်ပါသေးသည်။ တကယ့်အမှန်ကို မသိရသေးခင် သင့်ရင်သွေးလေး၏ လိင်အမျိုးအစားကို ခန့်မှန်းဖို့ ဆန်းကြယ်ပြီး ပျော်စရာကောင်းသော နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖတ်ရှုလေ့လာကြည့်ပါ။

    သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ

    သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    သင့်ကလေး၏ လိင်ကို ဘယ်အချိန်၊ ဘယ်လို သိနိုင်ပါသလဲ။

    ကိုယ်ဝန်သည်အများစုသည် ကိုယ်ဝန်ဆောင်ကာလ အလယ်ပိုင်းတွင်ရိုက်သော အာထရာဆောင်းတွင် ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိနိုင်ပါသည်။ များသောအားဖြင့် ၁၆ ပတ်နှင့် အပတ် ၂၀ အတွင်း အာထရာဆောင်းမှာပေါ့။ သို့သော် ဆရာဝန်က သင့်ကလေး၏ အင်္ဂါကို ရှင်းရှင်းလင်းလင်း မမြင်ရလျှင် သားသားလား၊ မီးမီးလား ပြောဖို့ခက်သည်။

    သင့်ကလေး၏ လိင်တံ (သို့) မိန်းမအင်္ဂါဇာတ်သည် ၆ ပတ်လောက်တွင် စပြီး ဖွံ့ဖြိုးလာသည်။ ယောက်ျားလေးနှင့် မိန်းကလေး အသွင်အပြင်သည် ကိုယ်ဝန် ၁၄ ပတ်အထိ အာထရာဆောင်းတွင် အလွန်ဆင်တူပါသည်။ ထိုနောက်ပိုင်း ရက်သတ္တပါတ်များအထိလည်း အတပ်ခွဲခြားပြောဖို့ ခက်နိုင်ပါသေးသည်။ ကိုယ်ဝန် ၁၈ ပတ်တွင် ကလေး အင်္ဂါကို မြင်နိုင်သော အနေအထားဆိုလျှင် အာထရာဆောင်း ဆရာဝန်သည် ကလေးလိင်ကို ခွဲခြားသိနိုင်ပါသည်။ ထိုသို့မဟုတ်ဘူးဆိုလျှင်တောင် နောက်ပိုင်း အာထရာဆောင်းတွင် သင်သည် သားသားလား၊ မီးမီးလား ဆိုတာကို သိနိုင်ပါပြီ။

    အချို့လူများက သူတို့၏ ကလေးလိင်ကို ရိုးရှင်းသော စမ်းသပ်မှုအချို့နှင့် သိကြပါသည်။ ထိုနည်းမှာ သွေးစစ်ခြင်းဖြစ်သည်။ ထိုသွေးစစ်နည်းသည် ကိုယ်ဝန် ၁၀ ပတ်နှင့် အထက်တွင် ဒေါင်းဆင်ဒရုန်း နှင့် အခြား ခရိုမိုဆုန်း ပြဿနာ အချို့ကို ရှာဖွေသိရှိနိုင်သော နည်းဖြစ်သည်။ ၎င်းသည် သားသားလား၊ မီးမီးလားဆိုတာကို သိနိုင်ဖို့ မိခင်သွေးထဲရှိ ယောက်ျားလေး လိင် ခရိုမိုဆုန်း အပိုင်းအစများကို ရှာဖွေပေးပါသည်။

    အခြားလူများက သူတို့ကလေး၏ လိင်အမျိုးအစားကို အချင်းစစ်ဆေးခြင်း (သို့) ရေမြွှာရည်စစ်ဆေးခြင်း ကဲ့သို့သော မျိုးရိုးဗီဇ စစ်ဆေးခြင်းမှလည်း သိရှိကြသည်။ ထိုစစ်ဆေးမှုများသည် ကလေးတွင် ဒေါင်းဆင်ဒရုန်း ကဲ့သို့သော မွေးရာပါ မျိုးရိုးဗီဇ ရောဂါ (သို့) ခရိုမိုဆုန်း ရောဂါများ ရှိမရှိစစ်ဆေးပေးသည်။ သို့သော် ထိုစစ်ဆေးမှုများသည် ကိုယ်ဝန်ပျက်ကျနိုင်ခြေ အန္တရာယ် အနည်းငယ်ရှိပါသည်။ အချင်းစစ်ဆေးခြင်းကို ကိုယ်ဝန် ၁၀ ပတ်နှင့် ၁၃ ပတ်ကြားတွင် ပြုလုပ်ပြီး ရေမြွှာရည် စစ်ဆေးခြင်းကို ကိုယ်ဝန် ၁၆ ပတ်နှင့် ၂၀ ပတ်ကြားတွင် ပြုလုပ်သည်။

    သင့်ကလေး နှလုံးခုန်နှုန်းက သူ့ရဲ့လိင်အမျိုးအစားကို ဖော်ပြနိုင်သလား။

    သင့်ကလေး မမွေးဖွားခင် ကလေး၏ လိင်အမျိုးအစားကို ဖော်ပြနိုင်သော နည်းလမ်းရှိပါသလား။ လိင်အမျိုးအစား ခန့်မှန်းမှုနှင့် ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိသောကြောင့် အတုအယောင်နှင့် အစစ်အမှန်ကြား ခွဲခြားဖို့ ခက်ခဲပါသည်။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော ယုံတမ်းစကားအားလုံးထဲတွင် ကလေးလိင်ခန့်မှန်းသော အကြောင်းအရာများကို အများဆုံးကြုံတွေ့ရသည်။ အများစုသည် ကလေး၏ နှလုံးခုန်နှုန်းပေါ် မူတည်ပြီး ယောက်ျားလေး၊ မိန်းကလေး ခွဲခြားသည်။

    အမှန်စင်စစ်တွင် ပုံမှန် ကလေး နှလုံးခုန်သံသည် ၁၂၀ နှင့် ၁၆၀ ကြားတွင် ရှိသည်။ တစ်နာရီအတွင်း ၁၀ မိနစ်ခြားတစ်ခါ ကလေးနှလုံးခုန်နှုန်းကို တိုင်းတာလျှင် မတူညီသော နှလုံးခုန်နှုန်း ခြောက်မျိုးရလိမ့်မည်။ အချို့သည် ၁၄၀ အောက်ဖြစ်ပြီး အချို့သည် ၁၄၀ အထက်ဖြစ်သည်။

    ထိုမတူညီမှုသည် သန္ဓေသား လိင်အမျိုးအစား ထက် ဦးနှောက်နှင့် ပိုပြီးသက်ဆိုင်သည်။ သန္ဓေသား၏ ဦးနှောက်ကို sympathetic system ဟူသော အာရုံကြောစနစ် (ထွက်ပြေးမလား ၊ တိုက်ခိုက်မလားဟုသော တုန့်ပြန်မှုစနစ်) နှင့် Parasympathetic system ဟူသော အာရုံကြောစနစ် (အနားယူခြင်း)တို့က ထိန်းချုပ်သည်။ သန္ဓေသား ဖွံ့ဖြိုးလာသည်နှင့်အမျှ ထိုအာရုံကြောစနစ်နှစ်ခုသည် အားပြိုင်လာကြသည်။

    တုန့်ပြန်အာရုံကြောစနစ်က လှုံ့ဆော်သောအခါတွင် နှလုံးခုန်နှုန်း မြန်ဆန်လာပြီး အနားယူသောအာရုံကြောစနစ် က ထိန်းချုပ်သောအခါတွင် နှလုံးခုန်နှုန်း နှေးသွားသည်။ ဆရာဝန်များသည် များသောအားဖြင့် တစ်ကြိမ်တွင် ၁၀ စက္ကန့်မှ စက္ကန့် ၃၀ အထိ ကလေးနှလုံးခုန်နှုန်းကို နားထောင်ကြသည်။ အကယ်၍ ကလေးသည် လှုပ်ရှားနေလျှင် အိပ်နေချိန်ထက်ပိုပြီး နှလုံးခုန်နှုန်းပိုမြန်နေလိမ့်မည်။

    မိန်းကလေးလွယ်ထားလျှင် ပိုပြီး ပျို့အန်တတ်သည်။

    ၎င်းသည် ယုံတမ်းစကားတစ်ခု အနေနှင့်သာမက လက်ရှိခေတ်ထိ ယုံကြည်နေကြသော ယုံကြည်မှုများစွာထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်စဉ် ဘယ်အချိန်၊ ဘယ်လိုပျို့အန်သလဲဆိုသော အကြောင်းသည် လွယ်ထားသော ကလေးမှာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သဲလွန်စအချို့ပေးပါသည်။ သင်သည် မိန်းကလေးလွယ်ထားရလျှင် ယောက်ျားလေးထက် ပထမသုံးလအတွင်းတွင် ပိုပြီး ပျို့အန်တတ်သည်။

    သို့သော် ယောက်ျားလေးလွယ်ထားရလျှင် ပထမသုံးလအတွင်းနောက်ပိုင်းတွင် နာကျင်မှုကို ခံစားရစေသည်။ သို့သော် ဆရာဝန်များ၏ အဆိုအရ အကယ်၍ သင်သည် ကိုယ်ဝန်တစ်လျှောက် နေထိုင်မကောင်းဖြစ်လျှင် (သို့) ပျို့အန်ခြင်း ဆိုးဆိုးဝါးဝါး ခံစားရလျှင် ရင်သွေးလေးသည် မိန်းကလေး ဖြစ်ဖို့များသည်။

    သင့်ဗိုက် ပုံစံသည် သင့်ရင်သွေး၏ လိင်အမျိုးအစားကို ဖော်ပြနိုင်သည်။

    ရှေးအစဉ်အလာစကားအရ အကယ်၍ သင့်ဗိုက်လေးသည် အောက်လျှောကျနေလျှင် ယောက်ျားလေးဖြစ်နိုင်ပြီး သင့်ဗိုက်လေးသည် အပေါ်ကို လုံးတက်နေလျှင် မိန်းကလေး ဖြစ်ဖို့များသည်။ သိပ္ပံပညာရှင်များကတော့ သင်ဝမ်းဗိုက်အနေအထားပုံစံဘယ်လိုရှိသလဲဆိုတာ ကလေးလိင်ကို ညွှန်ပြနေသော အရာမဟုတ်ဘဲ ကလေး ကြွက်သား တောင့်တင်းမှု၊ သင့်တစ်ကိုယ်ရည် ခန္ဓါကိုယ်ပုံစံ နှင့် ကိုယ်ဝန်ဆောင်စဉ် အသက်အရွယ်တို့နှင့် သက်ဆိုင်လျက်ရှိပါတယ်ဟု ဆိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement