သင့်ကလေး၏ လိင်တံ (သို့) မိန်းမအင်္ဂါဇာတ်သည် ၆ ပတ်လောက်တွင် စပြီး ဖွံ့ဖြိုးလာသည်။ ယောက်ျားလေးနှင့် မိန်းကလေး အသွင်အပြင်သည် ကိုယ်ဝန် ၁၄ ပတ်အထိ အာထရာဆောင်းတွင် အလွန်ဆင်တူပါသည်။ ထိုနောက်ပိုင်း ရက်သတ္တပါတ်များအထိလည်း အတပ်ခွဲခြားပြောဖို့ ခက်နိုင်ပါသေးသည်။ ကိုယ်ဝန် ၁၈ ပတ်တွင် ကလေး အင်္ဂါကို မြင်နိုင်သော အနေအထားဆိုလျှင် အာထရာဆောင်း ဆရာဝန်သည် ကလေးလိင်ကို ခွဲခြားသိနိုင်ပါသည်။ ထိုသို့မဟုတ်ဘူးဆိုလျှင်တောင် နောက်ပိုင်း အာထရာဆောင်းတွင် သင်သည် သားသားလား၊ မီးမီးလား ဆိုတာကို သိနိုင်ပါပြီ။
အချို့လူများက သူတို့၏ ကလေးလိင်ကို ရိုးရှင်းသော စမ်းသပ်မှုအချို့နှင့် သိကြပါသည်။ ထိုနည်းမှာ သွေးစစ်ခြင်းဖြစ်သည်။ ထိုသွေးစစ်နည်းသည် ကိုယ်ဝန် ၁၀ ပတ်နှင့် အထက်တွင် ဒေါင်းဆင်ဒရုန်း နှင့် အခြား ခရိုမိုဆုန်း ပြဿနာ အချို့ကို ရှာဖွေသိရှိနိုင်သော နည်းဖြစ်သည်။ ၎င်းသည် သားသားလား၊ မီးမီးလားဆိုတာကို သိနိုင်ဖို့ မိခင်သွေးထဲရှိ ယောက်ျားလေး လိင် ခရိုမိုဆုန်း အပိုင်းအစများကို ရှာဖွေပေးပါသည်။
အခြားလူများက သူတို့ကလေး၏ လိင်အမျိုးအစားကို အချင်းစစ်ဆေးခြင်း (သို့) ရေမြွှာရည်စစ်ဆေးခြင်း ကဲ့သို့သော မျိုးရိုးဗီဇ စစ်ဆေးခြင်းမှလည်း သိရှိကြသည်။ ထိုစစ်ဆေးမှုများသည် ကလေးတွင် ဒေါင်းဆင်ဒရုန်း ကဲ့သို့သော မွေးရာပါ မျိုးရိုးဗီဇ ရောဂါ (သို့) ခရိုမိုဆုန်း ရောဂါများ ရှိမရှိစစ်ဆေးပေးသည်။ သို့သော် ထိုစစ်ဆေးမှုများသည် ကိုယ်ဝန်ပျက်ကျနိုင်ခြေ အန္တရာယ် အနည်းငယ်ရှိပါသည်။ အချင်းစစ်ဆေးခြင်းကို ကိုယ်ဝန် ၁၀ ပတ်နှင့် ၁၃ ပတ်ကြားတွင် ပြုလုပ်ပြီး ရေမြွှာရည် စစ်ဆေးခြင်းကို ကိုယ်ဝန် ၁၆ ပတ်နှင့် ၂၀ ပတ်ကြားတွင် ပြုလုပ်သည်။
သင့်ကလေး နှလုံးခုန်နှုန်းက သူ့ရဲ့လိင်အမျိုးအစားကို ဖော်ပြနိုင်သလား။
သင့်ကလေး မမွေးဖွားခင် ကလေး၏ လိင်အမျိုးအစားကို ဖော်ပြနိုင်သော နည်းလမ်းရှိပါသလား။ လိင်အမျိုးအစား ခန့်မှန်းမှုနှင့် ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိသောကြောင့် အတုအယောင်နှင့် အစစ်အမှန်ကြား ခွဲခြားဖို့ ခက်ခဲပါသည်။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော ယုံတမ်းစကားအားလုံးထဲတွင် ကလေးလိင်ခန့်မှန်းသော အကြောင်းအရာများကို အများဆုံးကြုံတွေ့ရသည်။ အများစုသည် ကလေး၏ နှလုံးခုန်နှုန်းပေါ် မူတည်ပြီး ယောက်ျားလေး၊ မိန်းကလေး ခွဲခြားသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။