ကိုယ်ဝန်ဆောင်မေမေ အချို လျှော့စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
Share now

သကြားလုံး၊ ချောကလက် ကစလို့ အချိုများတဲ့ အစားအစာတွေကို လူတိုင်းလိုလို ကြိုက်ကြမယ် ထင်ပါတယ်။ အချိုမစားဘဲ နေဖို့ ဆိုတာ လူတိုင်းအတွက် ခက်ခဲမယ်ထင်ပါတယ်။ ပုံမှန်ထက် အစားအစားတွေကို စားချင်စိတ်ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင် ကာလမှာဆို ပိုဆိုးမယ်ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ စားချင်တာကို စားလိုက်ရမှာ အာသာပြေပြီး စိတ်ကျေနပ်တာကိုး။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ အစားအစာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးလိုက်တဲ့ အစားအစားတွေက မိခင် ကျန်းမာရေးရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု နဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာအချိုမှ အချိုဆိုပြီး စားချင်စိတ်ဖြစ်ရင်တောင် အချိုလျှော့စားသင့်တဲ့ အကြောင်းအရင်းလေး ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အချို အများကြီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ မဟုတ်ပါဘူး ကျန်တဲ့ အချိန်တွေမှာလည်း အချိုကို လိုသလောက်ပဲ စားသင့်ပါတယ်။ အကြောင်းကတော့ အချိုများတာက ကျန်းမာရေးကို ထိခိုက်စေလို့ပါပဲ။ ကိုယ်ဝန်ဆောင် မေမေအနေနဲ့ အချို အများကြီး စားမယ်ဆိုရင် 

ကိုယ်အလေးချိန် တိုးမယ်

အချို အများကြီးစားတာက မလိုအပ်ဘဲ ကိုယ်အလေးချိန်ကို တိုးစေနိုင်ပါတယ်။ အချို နဲ့ ကယ်လ်လိုရီ ပါဝင်မှုများတဲ့ ကွတ်ကီး၊ ချောကလက်၊ ထောပတ်ကိတ် စတာတွေကို စားသုံးတာက ကိုယ်ဝန်ဆောင်မေမေကို အဝလွန်စေနိုင်ပါတယ်။

ဒါတွေအပြင် အချိုရည် သောက်တာ၊ အချိုကဲတဲ့ သစ်သီးဖျော်ရည်တွေ သောက်တာကလည်း ကိုယ်ဝန်ဆောင်မေမေကို မလိုအပ်ဘဲ ကိုယ်အလေးချိန် တိုးစေနိုင် ပါတယ်။ ဒါတွေအပြင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ ခါးနာတာ၊ သွားကိုက်သွားနာ၊ ကိုယ်ဝန်ဆောင် ဆီးချို စတာတွေကို ခံစားရ နိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် မြင့်မယ်

ကိုယ်ဆောင်ချိန်မှာ အချိုစာတွေ အစားများတာက မလိုအပ်ဘဲ သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို ဖြစ်စေပါတယ်။ ဒီအခြေအနေက မိခင်ရော ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဘေဘီလေးကို ကျန်းမာရေး ထိခိုက်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အချို အစားများတာက ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ က အချိုစာတွေ အများကြီး စားမယ်ဆိုရင် ဘေဘီလေးမှာ မွေးရာပါ ဆီးချိုရောဂါ (အမျိုးအစား-၁ ဆီးချို) ဖြစ်နိုင်ခြေ များပါတယ်။ ကိုယ်အလေးချိန်ကလည်း ရှိသင့်တာထက် များနေတာ။ လမစေ့ဘဲ မွေးဖွားတာ။ ပေါင်မပြည့်ဘဲ မွေးဖွားတာ။ ဓာတ်မတည့်မှု ပြဿနာ နဲ့ ဘေဘီလေးမှာ နှလုံးရောဂါ ခံစားရနိုင်ခြေကို မြင့်စေပါတယ်။

ဘေဘီလေးရဲ့ သိမြင်မှု စွမ်းရည်ကို ထိခိုက်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အချိုစာတွေ တအားစားမယ်ဆိုရင် ကလးရဲ့ သိမြင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ အချိုရည်သောက်တာ၊ အချိုကဲတဲ့ စားစရာတွေ စားသုံးတာက ဘေဘီလေးရဲက သင်ယူနိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်း တွေအပေါ် သက်ရောက်မှု ရှိပါတယ်။

ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အချိုစားများတာက မေမေ့မှာ ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်တာ၊ ဘေဘီလေးမှာ ပန်းနာရင်ကျပ်ဖြစ်တာနဲ့ အဝလွန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ မေမေတို့မှာလည်း မအီမသာ ဖြစ်တာမျိုး ခံစားရနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ အချို လျှော့စားပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read