backup og meta

kinesiology တိပ်တွေက ကိုယ်ဝန်ဆောင်တွေကို ဘယ်လိုကူညီထောက်ပံ့ပေးသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    kinesiology တိပ်တွေက ကိုယ်ဝန်ဆောင်တွေကို ဘယ်လိုကူညီထောက်ပံ့ပေးသလဲ

    ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အထူးအရေးကြီးတဲ့ ကာလတခု ဖြစ်ပါတယ်။ ဒီကာလမှာ သင့်အနေနဲ့ နာကျင်မှု၊သက်တောင့်သက်သာမရှိမှုတို့ကို ခံစားရနိုင်တဲ့အတွက် ဒါတွေကို သက်သာစေမယ့် စက်ကလေးဘာလေးရှိရင်ကောင်းမှာပဲလို့ တောင့်တကောင်းတောင့်တမိပါလိမ့်မယ်။kinesiology တိပ်တွေအကြောင်း ကြားဖူးပါသလား။

    အဆိုပါ တိပ်တွေကို အားကစားသမားတွေသာမက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါ သုံးစွဲနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာများ

    ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓါကိုယ်အနေနဲ့ ပြောင်းလဲမှုတွေကို တွေ့ကြုံလာရနိုင်ပြီး အချို့ပြောင်းလဲမှုတွေဟာ စိတ်ပျက်စရာကောင်းပြီး ကသိကအောင့်နိုင်ပါလိမ့်မယ်။ ဒီပြဿနာတွေထဲမှာ အဖြစ်များဆုံးကတော့ ခါးနာတာပဲ ဖြစ်ပြီး နာကျင်မှုတွေဟာ အောက်ပါအချက်တွေကြောင့် ဖြစ်လာနိုင်ပါတယ်။

    · ကိုယ်အလေးချိန်တက်ခြင်း : များပြားလာတဲ့ ခန္ဓါကိုယ်အလေးချိန်ကို ထမ်းပိုးထားရတဲ့ ပင်မကျောရိုးတိုင်ဟာ ဖိစီးမှုတွေကို ခံစားရပြီး နာကျင်လာပါတယ်။။

    · ကိုယ်နေဟန်ထားပြောင်းလဲခြင်း : သင့်ခန္ဓါကိုယ်ရဲ့ အဓိက အလေးချိန်သက်ရောက်တဲ့ နေရာဟာပြောင်းလဲသွားပြီး နောက်ကျောကြွက်သားတွေဟာ ကလေးကို ဆွဲထားရပါတယ်။

    · ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း : သင့်ခန္ဓါကိုယ်ကနေ relaxin လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်ပေးပြီး အဆိုပါ ဟော်မုန်းဟာ သင့်ပင်မကျောရိုးကို ထောက်မပေးထားတဲ့ အရွတ်ကြောတွေကို လျော့ရဲစေတဲ့အတွက် ကိုယ်နေဟန်ထားမတည်ငြိမ်မှုကို ဖြစ်စေကာ နာကျင်မှုဝေဒနာကို ခံစားစေနိုင်ပါတယ်။

    · ကြွက်သားများ ကွာခြင်း : ကြွက်သား အချပ်ပြားတွေ ကွာခြင်းကြောင့်လည်း နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

    · စိတ်ဖိစီးမှု : စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတခုဖြစ်ပေမယ့် ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှုကို ခံစားရချိန်မှာ နာကျင်ခြင်းဝေဒနာဟာ ပိုဆိုးမှာပဲ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ အခြားသော ပြဿနာအသေးအဖွဲလေးတွေက- သွေးထွက်ခြင်း၊သတိလစ်ခြင်း၊ခေါင်းကိုက်ခြင်း၊ယားယံခြင်း၊ပျို့အန်ခြင်း၊အိပ်မပျော်ခြင်း နဲ့ ခြေလက်တွေ ဖောရောင်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။

    အထက်ပါ ပြဿနာတွေဟာ သင့်ကိုယ်ဝန်ဆောင်ကာလကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး မိခင်ရော ကလေးကိုပါ ထိခိုက်နိုင်ပါတယ်။

    Kinesiology တိပ်နဲ့ ကိုယ်ဝန်ဆောင်ကာလ

    ကိုယ်ဝန်ဆောင်ကာလမှာ အဖြစ်များဆုံးပြဿနာက ကျောအောင့်တာနဲ့ ခါးနာတာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ သင့်စိတ်နဲ့ခန္ဓါကိုဖြေလျှော့ဖို့ နည်းလမ်းကောင်းတခုဆိုပေမယ့် ဒီလိုနာကျင်မှုတွေကြောင့် သင့်အနေနဲ့ ကောင်းကောင်းအိပ်ရမှာ မဟုတ်ပါဘူး။ ဒီအခြေအနေမှာ သင်ဟာ နာကျင်မှုဝေဒနာကို သက်သာစေဖို့ တခုခုတော့ လုပ်မှဖြစ်ပါလိမ့်မယ်။

    ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ သင်စားသမျှ၊သောက်သမျှတွေဟာ ဗိုက်ထဲက သန္ဓေသားလေးအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်တာမို့ အကိုက်အခဲပျောက်ဆေးတွေကိုလည်း သင်မသောက်ချင်ပြန်ပါဘူး။ ဒါဆိုရင် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေ ရင်ဆိုင်နေရတဲ့ အဆိုပါ ပြဿနာကို Kinesiology တိပ်တွေက ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

    Kinesiology တိပ်မှာ ဘာဆေးဝါးမှ မပါဝင်ဘဲ ချည် နဲ့(ဆေးဝါးကုသမှုတွေမှာ အသုံးပြုနိုင်တဲ့) အခရိုင်းလစ် တို့ကို သုံးပြီး ပြုလုပ်ထားတဲ့အတွက် အန္တရာယ်ကင်းပြီး ကျောအောင့်ခြင်း၊ခါးနာခြင်းနဲ့ ခြေထောက်နာကျင်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

    တိပ်ကပ်လိုက်ထားတဲ့အခါ အရေပြားကို တဖြည်းဖြည်းချင်း ဆွဲမပေးတဲ့အတွက် အရည်ပိုတွေ စုပုံလာခြင်းကို လျှော့ချပေးပြီး ဖောရောင်ခြင်းနဲ့ ကြွက်သားများ အားနည်းခြင်းတို့ကို သက်သာလျော့နည်းစေတဲ့အပြင် ဝမ်းဗိုက်ဧရိယာကိုလည်း ထောက်မ ပံ့ပိုးပေးပါသေးတယ်။

    Kinesiology တိပ်တွေဟာ ကပ်လို့လွယ်ကူပြီး နေရထိုင်ရလည်း အဆင်ပြေပါတယ်။ ဒါ့အပြင် ရေစိုလည်းခံတာကြောင့် ရေမချိုးခင် ဒါမှမဟုတ် ရေမကူးခင်မှာ တိပ်တွေကို ပြန်ခွာဖို့ မလိုပါဘူး။

    သတိထားဖို့လိုတဲ့ အချက်လေးတွေ

    kinesiology တိပ်ကို အသုံးမပြုခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ဦးစွာတိုင်ပင်သင့်ပြီး သင်ဟာ ထိရှိလွယ်တဲ့အရေပြားပိုင်ရှင်ဖြစ်တယ် ဒါမှမဟုတ် အခြားသော အရေပြားပြဿနာတွေ ရှိတယ်ဆိုရင် ကြိုတင်ပြောပြထားသင့်ပါတယ်။kinesiology တိပ်ကို တကယ်တမ်း စတင်အသုံးမပြုခင် သင့်အရေပြားပေါ်မှာ တိပ်အနည်းငယ်အရင်ကပ်ပြီး ဓါတ်မတည့်ခြင်း ရှိမရှိ စမ်းသပ်ကြည့်သင့်ပါတယ်။

    တိပ်ကပ်ပြီး ရေချိုးတဲ့အခါ၊ရေကူးတဲ့အခါ ဘာတွေဆောင်ရန်၊ရှောင်ရန်ရှိတယ် ဒါမှမဟုတ် အဝတ်အစား ဘယ်လိုဝတ်ရမလဲဆိုတဲ့အချက်တွေကို သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

    မိခင်လောင်းတွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်ပြီး kinesiology ဟာ အဖြေတခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ kinesiology တိပ်တွေဟာ ဆေးဝါးတစုံတရာ မပါဝင်တဲ့အတွက် စိတ်ချရတဲ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတွေကိုလည်း သက်သာစေပါတယ်။kinesiology တိပ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာတွေ ရှိတယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement