backup og meta

သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ။  ။

    သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ

    သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ကတော့

    သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။ ။

    သားအိမ်ခြစ်တယ် ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာ သားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတွေမှာ သွားပြီး လုပ်မှရတာပါ။

    သားအိမ်ခြစ်တာကို ဘယ်နေရာတွေမှာ သုံးကြသလဲ ။ ။

    သားအိမ်ခြစ်တာကို ဆေးကုသမှုတစ်ခု အနေနဲ့ရော ၊ ရောဂါကို စစ်ဆေးအဖြေရှာဖို့အတွက်ရော အသုံးပြုကြပါတယ်။ သားအိမ်ခြစ်ဖို့ မခြစ်ဖို့ဆိုတာ ဆရာဝန်တွေကသာ ဆုံးဖြတ်ပါတယ်။ သားအိမ်ခြစ်ပြီး ရောဂါကို အဖြေရှာ၊ ရောဂါကို ကုသသင့်တဲ့ အခြေအနေတွေကတော့

  • ရာသီသွေး တအားများရတဲ့ အကြောင်းအရင်းကို သိဖို့
  • fibroids လို့ခေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ သားအိမ်တွင်းက အသားလုံးတွေကိုခြစ်ထုတ်ဖို့
  • သားအိမ်တွင်းမှာရှိနေတဲ့ ကင်ဆာဖြစ်ဖို့ အလားအလာများနေတဲ့ အသားလုံးတွေကို စစ်ဆေးဖို့ ခြစ်ထုတ်ဖို့
  • pelvic inflammatory disease (PID) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ရောဂါကြောင့်ဖြစ်နေတဲ့ ရောင်နေတဲ့ ပိုးဝင်နေတဲ့ အသားစတွေကိုခြစ်ထုတ်ဖို့
  • ကိုယ်ဝန်ပျက်ကျ ပြီး ကျန်နေခဲ့တဲ့ သန္ဓေသား အစလေးတွေကို ခြစ်ထုတ်ဖို့ နဲ့
  • ဗိုက်ထဲက ရင်သွေးလေးမှာ ချို့ယွင်းချက်ရှိနေလို့ ( ဒါမှမဟုတ်) ကိုယ်ဝန်ကြောင့် မိခင်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ ကိစ္စတွေမှာဆိုရင် ကိုယ်ဝန်ပတ် ၂၀ မတိုင်ခင် သားအိမ်ခြစ်ပြီး ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပါတယ်။
  • နောက်ဆုံး တစ်ခုကတော့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းကို ထည့်တာ ၊ ထုတ်တာမှာလည်း D & C လုပ်ကြပါတယ်။
  • သားအိမ်ခြစ်ဖို့အတွက် လူနာအနေနဲ့ ဘာတွေပြင်ဆင်ထားရမလဲ ။ ။

    သင့်ဆရာဝန်တွေကနေပြီးတော့ သားအိမ်မခြစ်ခင် လိုက်နာရမယ့် အချက်အလက်တွေကို သင့်ကိုကြိုပေးမှာဖြစ်ပြီး သင့်အနေနဲ့တိတိကျကျလိုက်နာဖို့လိုပါတယ်။ ဆေးရုံကို သားအိမ်ခြစ်ဖို့ သွားတဲ့အခါမှာလည်း အနည်းဆုံး အဖော်တစ်ယောက်လောက်ပါသင့်ပါတယ်။

    သားအိမ်ခြစ်ပြီးရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လဲ ။ ။

    သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာ ဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။

    သားအိမ်ခြစ်တယ်ဆိုတာ အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိသလောက်ရှားတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း အခန့်မသင့်ရင်တော့ ဖြစ်တတ်တဲ့ တချို့ဆိုးကျိုးလေးတွေရှိပါတယ်။ ဒါတွေကတော့

    • သားအိမ်ပေါက်ခြင်း – လတ်တလောကိုယ်ဝန်ပျက်ကျပြီးသား မိခင်တွေနဲ့ သွေးဆုံးပြီးသားအမျိုးသမီးတွေ မှာ သားအိမ်ခြစ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။
    • သားအိမ်ခေါင်းကို ထိခိုက်မိခြင်း
    • Asherman’s syndrome လို့ခေါ်တဲ့ သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း – Asherman’s syndrome ဟာ ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း သို့ ကလေးမွေးပြီးပြီးချင်း အမျိုးသမီးတွေ မှာ သားအိမ်ခြစ်ရင် ဖြစ်တတ်တဲ့ဆိုးကျိုးတစ်ခုပါ။

    Asherman’s syndrome ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ           ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းသာစရာတစ်ခုကတော့ Asherman’s syndrome ဟာ မဖြစ်သလောက်ကိုရှားတဲ့ ဆိုးကျိုးတစ်ခုပါ။

    • သားအိမ်ခြစ်ပြီး သားအိမ်တွင်း ပိုးဝင်တာကလည်း ဖြစ်တတ်ပေးမယ့် ရှားတဲ့ အရာတစ်ခုပါ။

    ဒါတွေကတော့ သားအိမ်ခြစ်တာနဲ့ ပက်သက်ပြီး သိထားသင့်တဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement