backup og meta

ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား

    ကိုယ်ဝန်ဆောင်ချိန် အတွင်းတွင် အန္တရာယ် ဖြစ်စေသော အချို့သော လှုပ်ရှားမှု များကို သတိပြုပြီး ရှောင်ကြဉ် ရမည်။ ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေကြောင်းကို သုတေသန တစ်ခုတွင် ရှာဖွေ တွေ့ရှိ ထားသည်။

    အမေနေသည့် ပုံစံအနေအထားသည် ကလေးအသေမွေးခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာမှု

    နယူးဇီလန် နိုင်ငံမှ လေ့လာမှု တစ်ခုတွင် ကိုယ်ဝန် တတိယ သုံးလတွင် အမေ ဖြစ်သူသည် ပက်လက် အိပ်ပါက ကလေးတွင် ဖိအား ဖြစ်စေပြီး သွေးလည်ပတ်မှုကို  ထိခိုက်စေသောကြောင့် ကလေး အသေမွေးခြင်းကို ဖြစ်စေနိုင်သည်ဟု ဖော်ပြထားသည်။

    ထို သုတေသနတွင် အမျိုးသမီးများကို သူတို့၏ ညာဘက် သို့မဟုတ် ဘယ်ဘက် သို့မဟုတ် ပက်လက် အိပ်ခိုင်းပြီး မိနစ် ၃၀ နေခိုင်းသည်။ လေ့လာမှု အပြီးတွင် ပက်လက် နေသူ မိခင်၏ သန္ဓေသားသည် လှုပ်ရှားသော အခြေအနေမှ ငြိမ်သွားသည်ကို တွေ့ရသည်။ ထိုအခြေအနေတွင် ကလေးသည် အောက်ဆီဂျင်ကို သိပ်မသုံးသည်ကို တွေ့ရသည်။

    ရရှိသော အဖြေသည် ယုံကြည်ရကြောင်း သေချာရန် သုတေသန ပြုလုပ်သူများသည် သန္ဓေသား၏ နှလုံးခုန်နှုန်းကိုလည်း စစ်ဆေးခဲ့ကြသည်။ အမေသည် ပက်လက် အိပ်သူ ဖြစ်လျှင် ကလေးတွင် နှလုံး ခုန်နှုန်း ကျပြီး ကလေး မွန်းတတ်ကြောင်း တွေ့ရှိ ရသည်။

    ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား

    ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား ဆိုတော့ ထိုသို့ ကောက်ချက် ရရန်မှာ မျက်မြင်ကိုယ်တွေ့ သေချာမှုတော့ မဟုတ်ပေ။ အခြားသော ပညာရှင် များသည် ထိုသို့ အမေ၏ အိပ်သည့် အနေအထား နှင့် ကလေး အသေမွေးနှုန်းကို ဆက်စပ်ရန်သည် ခိုင်လုံသော သက်သေပြချက် မရှိသေးသည်ကို ပြောဆိုကြသည်။

    ပိုမို ခိုင်လုံ စေရန် သုတေသနများ ပို၍ လိုအပ်သေးသည်။ ယခုအချိန်တွင် ပြောနိုင်သည်မှာ အမေ အတွက် သက်သောင့်သက်သာ ဖြစ်သည် ဆိုလျှင် မည်သည့် အနေအထားဖြင့် မဆို အိပ်နိုင်သည်။

    ထိုသုတေသန ပညာရှင်များကပင် နောက်ထပ် သုတေသန တစ်ခုကို ထပ်မံ ပြုလုပ်သည့်အခါတွင် တူညီသော ကောက်ချက်ချမှု ကိုသာ ရရှိခဲ့ကြသည်။ ပက်လက် အိပ်တတ်သော အမေများတွင် ကလေး အသေမွေးခြင်း ၁၀၀၀ တွင် ၄ ယောက် တွေ့ရသည်။ အခြား ပုံစံနှင့် အိပ်လျှင် ၁၀၀၀ တွင် ၂ ယောက် တွေ့ရသည်။

    ဒုတိယ သုတေသနနှင့် ကွာခြားချက်မှာ အမေ၏ လဲလျောင်း နေချိန် အခြေအနေနှင့် ကြာချိန် ဖြစ်သည်။ သုတေသန ပညာရှင်များသည် ညဘက် အိပ်သည့် အခါတွင် နေသည့် ပုံစံ အနေအထား၏ ခန္ဓာဗေဒ ဆိုင်ရာ သက်ရောက်မှုကို ရှာဖွေဖို့ လိုအပ်သည်ဟု ပါမောက္ခ တစ်ဦးမှ သဘောတူ ဆွေးနွေးထား ပါသည်။

    အချူပ်ဆိုရလျှင် ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ မိခင်သည် ပက်လက်အိပ်ခြင်းကို တတ်နိုင်သမျှ ရှောင်သင့်ပါသည်။ ကိုယ်တွင်းက သွေးကြောမကြီးကို မပိစေဖို့ ဘယ် သို့မဟုတ် ညာဘက်ကို စောင်းအိပ်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement