backup og meta

ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ

    ကိုယ်ဝန်ဆောင်ဆီးချို ရှိတယ်ဆိုတဲ့မေမေတွေ အစားအစာရွေးချယ်တဲ့နေရာမှာ စိုးရိမ်စိတ်တွေဖြစ်နေရမှာပေါ့။ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်၊ မေမေနဲ့ကလေး နှစ်ဦးလုံးကျန်းမာရေးအတွက် အာဟာရပြည့်အောင်လည်းစားရမယ်၊ ဆီးချိုသွေးချို မတက်အောင်လည်း သတိထားရမယ်။ ဒီနှစ်ချက်ကြားမှာ ထိန်းညှိနိုင်ဖို့က ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ သိထားဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ ဆိုတာကို မျှဝေပေးသွားချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ

    ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    ဘာတွေစားသင့်လဲ

    သွေးတွင်းသကြားဓာတ် များနေရင် မေမေ့ ကျန်းမာရေး အတွက်ရော၊ ဗိုက်ထဲက ဘေဘီလေးအတွက်ပါ အန္တရာယ် များနိုင်ပါတယ်။ ဒါ့ကြောင့် ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လို အမျိုးအစား၊ ဘယ်လောက် ပမာဏ၊ ဘယ်နှကြိမ်လောက် စားထားလဲ ဆိုတာ သေချာ မှတ်ထားပါ။ ကိုယ်စားသင့်တဲ့ အတိုင်းအတာ တစ်ခု သတ်မှတ်ထားပါ၊ အဲဒါ ကျော်တာနဲ့ ဆင်ခြင်သင့်ပြီ ဆိုတာ သတိရပါ။

    သွေးတွင်းသကြားဓါတ် ထိန်းဖို့ဆိုရင် –

    • တစ်ကြိမ်တည်းမှာ အများကြီး မစားပါနဲ့။
    • အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားပါ။
    • ပရိုတင်း ဒါမှမဟုတ် အကျိုးပြုအဆီဓာတ် ပါဝင်တာတွေ စားပါ။
    • အစာစားချိန် မှန်အောင် ဂရုစိုက်ပါ။
    • မနက်စာကို ပရိုတင်းနဲ့ အမျှင်ဓာတ် များတဲ့ ကာဗိုဟိုက်ဒရိတ်တွေ စားပါ။

    ဒါတွေစားလို့ရတယ် –

    • ဂျုံကြမ်းပေါင်မုန့် သို့မဟုတ် ကွေကာ
    • ကစီဓါတ် နည်းတဲ့ ဟင်းသီးဟင်းရွက်
    • ပဲအမျိုးမျိုး
    • မုန်လာဥနီ
    • ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ကဗ္ဗလာသီး
    • ပဲတောင့်ရှည်

    ဒါတွေ အကုန်လုံးက သွေးတွင်းသကြားဓါတ် မတက်စေမယ့် ယေဘုယျ အစားအစာ အုပ်စုထဲ ပါဝင်တဲ့ ဥပမာ တချို့ ဖြစ်ပါတယ်။

    ပရိုတင်း ပိုစားပါ

    ကာဗိုဟိုက်ဒရိတ်တွေနဲ့ အတူ ပရိုတင်း အစားအစာတွေ စားတာ ဒါမှမဟုတ် ပရိုတင်း ပါတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ရွေးချယ်တာမျိုးကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ရှိနေတယ် ဆိုရင် အဆီမပါဘဲ ပရိုတင်း ကြွယ်ဝတာတွေ စားသင့်ပါတယ်။ ဥပမာ –

    • ငါး၊ ကြက်သား
    • ကြက်ဥ
    • တို့ဖူး၊ ပဲပြား
    • ပဲ
    • အစေ့အဆန်

    မပြည့်ဝဆီကို ရွေးချယ်ပါ

  • သံလွင်ဆီ
  • မြေပဲဆီ
  • ထောပတ်သီး
  • အစေ့အဆန်တွေ
  • တူနာငါး
  • ဆာဒင်းငါး
  • ရှောင်သင့်တာက –

    အချိုများတာတွေ

    • ကိတ်မုန့်
    • သကြားလုံး
    • ပူတင်း
    • အချိုရည်ဘူး စတဲ့ ဖြည့်စွက် အချိုဓာတ် များတာတွေကို ရှောင်ပါ။ မရှောင်နိုင်ရင် အနည်းအကျဉ်းလေးပဲ စားပါ။

    ကစီဓာတ်များတာတွေ

    ကစီဓာတ်များတဲ့ အစားအစာတွေမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များပြီး သွေးတွင်းသကြားဓာတ်ကို သက်ရောက်မှု များပါတယ်။ ဒါ့ကြောင့် ဒီအစားအစာတွေကို အကန့်အသတ်နဲ့ ဆင်ခြင်စားသုံးသင့်ပါတယ်။ ဥပမာ –

    • အာလူး
    • ဂျုံနုပေါင်မုန့်
    • ထမင်းတို့ကို အများကြီး မစားမိပါစေနဲ့။

    ပါဝင်မှုမသိသာတဲ့ တခြားအစားအစာတွေ

    တချို့အစားအစာတွေမှာ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုကို သေချာ မသိနိုင်ပါဘူး။ သူတို့မှာ ကိုယ့်အတွက် မသင့်တော်လောက်တဲ့ ပမာဏတွေ ပါဝင်နေနိုင်ပါတယ်။ ဥပမာ –

    • ပြုပြင်စီမံထားတဲ့ စားစရာတွေ
    • ရယ်ဒီမိတ် ဟင်းအနှစ်တွေ၊ ဆော့စ်တွေ
    • အသင့် ထုပ်ပိုးထားတဲ့ စားစရာတွေ
    • အသင့် အမြန်စား အစားအစာတွေ
    • အရက်၊ ဘီယာ၊ ဝိုင် စတာတွေမှာ ပါဝင်မှုက သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်ဖို့ သိပ်အဆင်မပြေနိုင်ပါဘူး။

    ဘယ်လို ဆီးချိုပဲဖြစ်ဖြစ် တူညီတဲ့ အချက် တစ်ခုက ဘယ်အစားအစာကိုမှ အပြီးရှောင်စရာ မလိုပါဘူး။ အချိုနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုကို ချင့်ချိန်ပြီး ဉာဏ်ရှိသလို စားသောက်တတ်ရင် အကုန် စားလို့ ရပါတယ်။ အရေးကြီးတာက ဘယ်အရာကိုမှ ပမာဏ များများ အလွန်အကျွံစားလို့ မရတာပါပဲ။

    # ဘေဘီလေးကို ဘယ်နေ့ မျက်နှာမြင်ရမလဲဆိုတာ ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement