backup og meta

ကိုယ်ဝန်ဆောင်စဉ် မဝလာအောင် နည်းလမ်း ၁၀ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 19/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် မဝလာအောင် နည်းလမ်း ၁၀ မျိုး

    ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ်အလေးချိန်တိုးလာခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် အလွန်အကျွံ တိုးလာမယ်ဆိုရင်တော့ သင့်ရဲ့ မွေးဖွားမှုနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေ (ခွဲမွေးခြင်း၊ လမစေ့ခင်မွေးခြင်း) တို့ များပြားမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် မဝလာအောင် နည်းလမ်း ၁၀ မျိုး က ဘာတွေဖြစ်မလဲ။

    ကိုယ်ဝန်ဆောင်စဉ် မဝလာအောင် နည်းလမ်း ၁၀ မျိုး

    ကိုယ်ဝန်ဆောင်စဉ် မဝလာအောင် နည်းလမ်း ၁၀ မျိုး ကတော့ –

    (၁) ကိုယ်ဝန်မဆောင်ခင်မှာ ဖြစ်နိုင်ရင် ကျန်းမာတဲ့ ကိုယ်အလေးအချိန် ရှိပါစေ။

    West Hills, California ရဲ့ သားဖွားမီးယပ်ဆရာဝန် Lauren Hyman က ကိုယ်ဝန်မဆောင်ခင်မှာ ဗီတာမင်တွေ သောက်တာနည်းတူ အရေးအကြီးဆုံး အချက်တစ်ချက်က သင့်ကိုယ်ဝန်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန်နဲ့ စတင်တာပါပဲလို့ ပြောပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်မဆောင်ခင်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို ကိုယ်အလေးချိန်ကို စစ်ဆေးခိုင်းပြီး လိုအပ်ရင် သင့်လျော်တဲ့ ကိုယ်အလေးချိန်ကျစေတဲ့ နည်းလမ်းတွေကို အကြံပေးခိုင်းသင့်ပါတယ်။

    (၂) သင့်တင့်တဲ့ အစာပမာဏကို မကြာခဏ စားပေးပါ။

    သင့်ကလေးကို အာဟာရ ရရှိစေအောင် သင်ဟာ ဒုတိယသုံးလပတ်မှာ ၃၄၀ ကယ်လိုရီနဲ့ တတိယသုံးလပတ်မှာ ၄၅၀ ကယ်လိုရီသာ ရရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဘယ်တော့မှ အများကြီးမစားပါနဲ့။ သင့်ရဲ့ အစားအစာကို အဆီမပါသော အသားဓာတ်၊အသီးအရွက်၊သစ်သီးဝလံ တို့ ကြွယ်ဝစွာပါဝင်တဲ့ ပမာဏနည်းနည်း နဲ့ ခဏခဏစားလို့ရတဲ့ အစာတွေအဖြစ် ခွဲခြမ်းနိုင်ပါတယ်။

    (၃) အရည်တစ်မျိုးမျိုးသောက်ပါ။

    ဆေးတက္ကသိုလ်က ကိုယ်ဝန်ဆောင်တွေကို ၁၀၈ အောင်စရှိတဲ့ ရေ (သို့) အခြားဖျော်ရည်တွေကို နေ့စဉ် သောက်ဖို့ တိုက်တွန်းထားပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်မှာ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးပြီး အစာစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ စိတ်ကျေနပ်မှု ရစေခြင်းကြောင့် ဖြစ်ပါတယ်။

    (၄) သင့်အစာစားချင်စိတ်ကို အပြုသဘောဆောင်ပါစေ။

    သင်ဟာ သင့်ရဲ့စားချင်စိတ်ကို သင်နဲ့ သင့်ကလေး လိုအပ်တဲ့ အသားဓာတ်နဲ့ ကျန်းမာတဲ့အဆီတွေ စားသုံးခြင်းအားဖြင့် ကျေနပ်အောင် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေ စားချင်စိတ်ကို လုံးဝထိန်းမရဘူးဆိုရင် သင်စားချင်တဲ့ အစာအနည်းငယ်ကို ကျန်းမာတဲ့ အစာပမာဏ များစွာနဲ့ ပေါင်းစပ်စားသုံးနိုင်ပါတယ်။

    (၅) သင့်ကစီဓာတ်ကို ပိုမိုအလုပ်လုပ်ပါစေ။

    သင့်ရဲ့ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေတဲ့ ကစီဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ကိုယ်ဝန်ဆောင်စဉ်မှာ လျှော့စားသင့်ပါသည်။ အဲဒီအစား သင်ဟာ ဆန်ကြမ်း၊ ပေါင်မုန့်ကြမ်း၊ Quinoaလိုမျိုးကို စားသုံးနိုင်ပါတယ်။ ဒါဆို သင့်ကလေးကို အာဟာရဖြည့်တင်းပေးရုံတင်မက သင့်ကိုလည်း ဗိုက်ပြည့်စေပါလိမ့်မယ်။

    (၆) ပုံမှန် လမ်းလျှောက်ခြင်းကို စတင်ပါ။

    The American Congress of Obstetricians and Gynecologists က ပါမောက္ခချုပ်ပောင်း Jeanne Conry က ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း ပြုလုပ်နိုင်တဲ့ တန်ဖိုးအရှိဆုံးအရာကတော့ လမ်းလျှောက်ခြင်းပါပဲလို့ ဆိုပါတယ်။ ပုံမှန် လမ်းလျှောက်ခြင်းက သင့်ကို တက်ကြွနေစေမှာပါ။ ဒါဟာ သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပြီး ကိုယ်ဝန်ဆောင်စဉ် ခံစားရတဲ့ နာကျင်မှုတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။

    (၇) သင်အခု လှုပ်လှုပ်ရှားရှားလုပ်နေတယ်ဆိုရင် မရပ်တန့်လိုက်ပါနဲ့။

    တကယ်လို့ ကိုယ်ဝန်မဆောင်ခင်က လေ့ကျင့်ခန်း ပုံမှန် လုပ်လေ့ရှိသူဆိုရင် ဒါတွေကို ဆက်လုပ်သင့်ပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိတယ်ဆိုရင်၊ သင့်ကိုယ်ဝန်လရင့်လာတယ်ဆိုရင် သင့်ရဲ့ လှုပ်ရှားမှုတွေကို ပြောင်းလဲပစ်ရမယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ သင့်ဆရာဝန်ကို ကိုယ်ဝန်ဆောင်စဉ်မှာ လုပ်သင့်တဲ့ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ အကြောင်းနဲ့ ဘယ်အချိန်မှာ လုပ်ဖို့ မသင့်တော်ဘူးလဲဆိုတာပါ မေးမြန်းသင့်ပါတယ်။

    (၈) တစ်ခါတလေမှာ ကိုယ့်ကိုကိုယ် အလိုလိုက်ပါ။

    သင်ဟာ သင်ကြိုက်နှစ်သက်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားတွေကို ၁၀၀% ရှောင်ကြဉ်ဖို့ မလိုပါဘူး။ ဒါတွေကို သင်အမြဲမစားဘဲ တစ်ပတ်တစ်ခါလောက်သာ စားသောက်နိုင်ပါတယ်။

    (၉) အမြဲ ကိုယ်အလေးချိန်အကြောင်း ဆွေးနွေးပါ။

    ကိုယ်အလေးချိန်တိုးလာတဲ့ ပြဿနာကို လျှို့ဝှက်ချက်တစ်ခု လုပ်မထားပါနဲ့။ သင့်ဆရာဝန်နဲ့ ဆေးခန်းပြသတိုင်းမှာ ကိုယ်အလေးချိန်အကြောင်းကို ပြောကြားနိုင်ပါတယ်။ သူတို့ဟာ သင့်ရဲ့ BMI ကို တိုင်းပေးရုံသာမက ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ခြင်းရဲ့ ညွှန်ကြားချက်တွေပါ ပေးမှာ ဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ သင်ဘယ်လောက် ကိုယ်အလေးချိန် တိုးလာတယ်ဆိုတာက ဇယားမျဉ်းကွေးစနစ်တစ်ခုနဲ့ပြသပြီး သင့်ကို မှန်ကန်တဲ့ ကိုယ်အလေးချိန် သိရှိ ထိန်းသိမ်းနိုင်အောင် ကူညီနိုင်ပါတယ်။

    (၁၀) တတ်နိုင်ရင် မိခင်နို့တိုက်ကျွေးပါ။

    ဒီနည်းလမ်းဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အကျိုးပြုမှာ မဟုတ်ပေမယ့် သင်ကိုယ်ဝန်ဆောင်နေတုံး ကိုယ်အလေးချိန်တက်ခဲ့တယ်ဆိုရင် ကျဆင်းဖို့ ကူညီနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နို့တိုက်ခြင်းဟာ တစ်နေ့ကို ၅၀၀ ကယ်လိုရီ ကျဆင်းစေပါတယ်။ မွေးပြီး ပထမခြောက်ပတ်မှာတင် ပေါင်၂၀ တောင် ကျဆင်းစေပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်းနဲ့ သွေးဆိပ်တက်ခြင်းတို့ကို လျှော့ချနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ဒီအချက်တွေကို ထည့်သွင်းဖို့ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 19/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement