အချို့မိသားစုတွေမှာ တွားသွားသတ္တဝါတွေဖြစ်တဲ့ ပုတ်သင်ညို၊ မြွေ၊ လိပ်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူလေ့ရှိကြပါတယ်။ အချို့တိရိစ္ဆာန်တွေဟာ လူတွေကို ဖျားနာစေတဲ့ ရောဂါပိုးတွေကို သယ်ဆောင် တတ်ကြပါတယ်။
သူတို့သယ်ဆောင်တဲ့ ရောဂါတစ်မျိုးကတော့ Salmonellosis လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းပဲဖြစ်ပါတယ်။
Salmonella ရောဂါပိုးအများစုဟာ အသား၊ ကြက်ဥ အစရှိတဲ့ အစားအစာတွေက လာတာဖြစ်ပါတယ်။ ဒါပေမယ့် Salmonella ရောဂါပိုးဝင်ခြင်းက တွားသွားသတ္တဝါတွေနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။
သင့်ရဲ့ တွားသွားသတ္တဝါတစ်ကောင်ကောင်ကို Salmonella စစ်ဆေးလို့ အနုတ်လက္ခဏာ ထွက်တယ်ဆိုရင်တောင် ဒါဟာ တိရိစ္ဆာန်တွေက ရောဂါမဖြစ်စေဘူးလို့ မဆိုလိုနိုင်ပါဘူး။ စစ်ဆေးတဲ့နေ့မှာ တိရိစ္ဆာန်တွေဟာ Salmonella ကူးစက်မှုမရှိဘူးလို့သာ ဆိုလိုပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တွားသွားသတ္တဝါတွေ မွေးမယ်ဆိုရင်
- သူတို့ကို သီးသန့်ခွဲထားပါ။ အထူးသဖြင့် အစာစားတဲ့နေရာ၊ ချက်ပြုတ်တဲ့နေရာတွေနား မလာပါစေနဲ့။
- ကိုယ်ဝန်ဆောင်ချိန်မှာ သူတို့ အညစ်အကြေးတွေကို သန့်ရှင်းရေး မလုပ်ပါနဲ့။
- သူတို့ကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ဆေးပါ။
- မတော်တဆ အကိုက်ခံရရင် ဆရာဝန်နဲ့ ပြသပါ။
ရေးသားသူ− Dr Phyu Mon Latt
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။