ကိုယ်အလေးချိန်တိုးလာတာ၊ အရည်စုလာတာ၊ ဟော်မုန်းအပြောင်းအလဲ၊ ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် လို့ ဆိုနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားချိန်အတွင်း အရွတ်တွဲတွေကို ဆန့်ထုတ်နိုင်အောင် ကူညီပေးတဲ့ ရီဖလက်ဆင်ဟော်မုန်းက ပိုများလာတဲ့အတွက် ကိုယ်အနေအထားပုံစံပြောင်းလဲနိုင်ပါတယ်။ ရလဒ်အနေနဲ့ အာရုံကြောညပ်တာ ဖြစ်လာနိုင်ပြီး စူးခနဲနာကျင်တာ၊ ခြေထောက်တွေ ၊ ပေါင်၊ ခါးနဲ့ တင်ပါးထဲက ထုံကျဉ် တာတွေ ဖြစ်လာနိုင်ပါတယ်။
အလားတူပဲ သားအိမ်က ပိုလေးလံလာပြီး ကလေးပိုထွားလာတာနဲ့အမျှ ကြွက်သား၊ အရွတ်နဲ့အာရုံကြောတွေမှာ အရင်နဲ့မတူဘဲ ဝန်ပိုပိစေနိုင်လို့ ထုံ၊ ကျဉ်ရတဲ့ ခံစားမှုတွေဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဒုတိယပတ်နဲ့တတိယပတ်တွေရောက်လာတာနဲ့ ခြေထောက်တွေ၊ လက်တွေ ဖောင်းလာ၊ ရောင်လာလေ့ ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လက်ချောင်း၊ ခြေချောင်းထိပ်တွေအပြင် လက်ကောက်ဝတ်၊ ခါး၊ ခြေထောက်တို့မှာ ထုံကျဉ်တာတွေဖြစ်လာနိုင်ပါတယ်။
ဘယ်လို သက်သာအောင် လုပ်ရမလဲ
ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ သက်သာစေဖို့ကတော့ အများအားဖြင့် ထုံကျဉ်နေတဲ့နေရာတဝိုက်ကို အသာအယာ နှိပ်နယ်ပေးတာ၊ ရေနွေးလေးနဲ့ရေချိုးတာ၊ ကိုယ်ဝန်ဆောင်ခေါင်းအုံးနဲ့အိပ်တာ၊ ကြွက်သားတွေဆန့်ထုတ်အကြောလျှော့တာ(ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း) စတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒါ့အပြင် –
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။