သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

မေမေဗိုက်တို့ ဦးစားပေး စားသင့်တဲ့ အာဟာရဓာတ်စာတွေ သိပြီးပြီလား

    မေမေဗိုက်တို့ ဦးစားပေး စားသင့်တဲ့  အာဟာရဓာတ်စာတွေ သိပြီးပြီလား

    ကိုယ်ဝန်ဆောင်နေရတဲ့အချိန်အတွင်းမှာ ကိုယ်ဘာပဲစားစား၊ ဘာပဲသောက်သောက် အကုန်လုံးက ကလေးအတွက် အာဟာရအရင်းအမြစ်တွေပါပဲ။ ဒါ့ကြောင့် အောက်မှာဖော်ပြထားတဲ့ ကိုယ်ဝန်အတွက် အကောင်းဆုံးအစားအစာတွေကို မေမေတို့သိထားသင့်တယ်နော်။

    နို့ထွက်ပစ္စည်း

    ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သန္ဓေသားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ပရိုတင်းနဲ့ ကယ်လ်စီယမ်ဓာတ်တွေကို ပိုစားပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်ရရှိနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်ဖြစ်ပြီး ဖော့စဖရိတ်၊ ဗီတာမင်ဘီ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်တို့ ကြွယ်ဝပါတယ်။

    ဒိန်ချဉ်က တခြားနို့ထွက်ပစ္စည်းတွေထက် ကယ်လ်စီယမ်တွေ ပိုပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကျိုးကျေးဇူး များပါတယ်။ ဒိန်ချဉ်အမျိုးအစားတချို့မှာ probiotic ဘက်တီးရီးယားလည်းပါဝင်တာကြောင့် အစာချေစနစ်ကိုလည်း အထောက်အကူပေး ပါတယ်။

    ပဲအမျိုးမျိုး

    ဒီအစားအစာအုပ်စုမှာတော့ ပဲနီလေး၊ ပဲစိမ်း၊ ပဲပိစပ်၊ ကုလားပဲ၊ မြေပဲ စတာတွေပါဝင်ပါတယ်။ ပဲအမျိုးမျိုးက အမျှင်ဓာတ်၊ ပရိုတင်း၊ သံဓာတ်၊ folate (B9)နဲ့ ကယ်လ်စီယမ်တို့လို ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ပိုလိုအပ်တဲ့ဓာတ်တွေအားလုံးပါဝင်ပါတယ်။

    folate ဟာ ကိုယ်ဝန်ဆောင်အတွက် သိပ်အရေးပါတဲ့အာဟာရဓာတ်ဖြစ်ပြီး မွေးရာပါချို့ယွင်းချက်နဲ့ ရောဂါပါလာနိုင်တဲ့အန္တရာယ် နည်းပါးစေနိုင်ပါတယ်။

    ကန်စွန်းဥ

    ကန်စွန်းဥက ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အပင်မှရရှိတဲ့ ဒြပ်ပေါင်းဖြစ်တဲ့ ဘီတာကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲရောက်ရင် ဗီတာမင်အေအဖြစ်ပြောင်းလဲသွားပါတယ်။ ဗီတာမင်အေက ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်ဖြစ်တဲ့အပြင် သန္ဓေသားဖွံဖြိုးမှုအတွက်ကောင်းတာကြောင့် အဆာပြေ သရေစာအနေနဲ့လည်း စားပေးနိုင်ပါတယ်။

    ဒါ့အပြင် ကန်စွန်းဥမှာ အမျှင်ဓာတ်ပါဝင်မှုများလို့ အဆာခံနိုင်စေပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျော့နည်းစေတဲ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပါလိမ့်မယ်။

    ငါး

    အဆီများတဲ့ ပင်လယ်ငါး ၊ ဥပမာ -ဆော်လမွန်ငါးက မရှိမဖြစ်လိုအပ်တဲ့ omega-3 fatty acids ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် လူအတော်များများက နေ့စဉ်အာဟာရထဲမှာ omega-3 လုံလောက်တဲ့ ပမာဏမပါဝင်ကြပါဘူး။ omega-3 fatty acids က သန္ဓေသားရဲ့ ဦးနှောက်နဲ့ မျက်စိကျန်းမာစွာဖွံ့ဖြိုးမှုအတွက် အရေးပါတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုလိုအပ်ပါတယ်။

    ကြက်ဥ

    ကြက်ဥက ခန္ဓာကိုယ်အတွက်လိုအပ်သမျှ အာဟာရဓာတ်တွေ နည်းနည်းစီပါဝင်တဲ့ ကျန်းမာရေးဓာတ်စာတစ်ခုဖြစ်ပါတယ်။ ကြက်ဥမှာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်လုပ်ငန်းစဉ်အတော်များများအတွက် လိုအပ်တဲ့Choline ဓာတ်ကြွယ်ဝပါတယ်။

    အစိမ်းရောင်ဟင်းသီးဟင်းရွက်

    ကိုက်လန်နဲ့ ဟင်းနုနွယ်တို့လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ ပန်းဂေါ်ဖီစိမ်းတို့မှာ ကိုယ်ဝန်ဆောင်တွေအတွက်လိုအပ်တဲ့ အာဟာရတွေအများကြီးပါပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ folate ၊ ပိုတက်စီယမ်တို့ပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပါတယ်။

    အမျှင်ဓာတ်ပါဝင်မှုများလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေများများစားပေးတာက ပေါင်မပြည့်ဘဲမွေးဖွားလာနိုင်ခြေလျော့နည်းစေပါတယ်။

    အသား

    အမဲသား၊ ဝက်သားနဲ့ ကြက်သားတို့က အသားဓာတ်ရရှိနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်တွေဖြစ်ပါတယ်။ အမဲသားနဲ့ ဝက်သားဟာ သံဓာတ်၊ cholineနဲ့ ဗီတာမင်ဘီအုပ်စုတွေလို ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓာတ်တွေအားလုံး ကြွယ်ဝစွာပါရှိပါတယ်။

    ဘယ်ရီသီးတွေ

    ဘယ်ရီသီးတွေက ရေဓာတ်၊ ကျန်းမာရေးအတွက်ကောင်းတဲ့ ကာဗိုဟိုက်ဒရိတ်တွေ၊ ဗီတာမင်စီနဲ့ အပင်ကရရှိတဲ့ဒြပ်ပေါင်းတွေ အပြည့်အဝပါဝင်ပါတယ်။ ဘယ်ရီသီးတွေမှာ glycemic index value နည်းတာကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို သိပ်မဖြစ်စေနိုင်ပါဘူး။

    ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ ဘယ်ရီသီးတွေဟာ အကောင်းဆုံးသရေစာဖြစ်ပါတယ်။ အရသာလည်းရှိ အာဟာရဓာတ်လည်းပြည့်ဝတဲ့အပြင် ကယ်လိုရီလည်း တော်သင့်ရုံသာပါရှိလို့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့ကို စားပေးပါ။

    ဂျုံပြောင်းနှံတွေ

    ဂျုံ၊ ပြောင်းနှံတွေစားသုံးပေးရင် ကိုယ်ဝန်အတွက် အထူးသဖြင့် ဒုတိယပတ်နဲ့ တတိယပတ်အတွင်း ပိုပြီးလိုအပ်လာတဲ့ ကယ်လိုရီပမာဏကို ပြည့်မီစေပါလိမ့်မယ်။ ဒါ့အပြင် အုတ်ဂျုံအပါအဝင် ဂျုံ၊ ပြောင်းနှံတွေမှာ ဗီတာမင်ဘီအုပ်စုနဲ့ အမျှင်ဓာတ်၊ မဂ္ဂနှီဆီယမ်တို့ ပါဝင်မှုများတဲ့ အတွက် အကောင်းဆုံးအာဟာရထဲမှာပါဝင်ပါတယ်။

    ထောပတ်သီး

    ထောပတ်သီးက monounsaturated fatty acids ပါဝင်မှုများတဲ့ အသီးအနှံတစ်မျိုးပါ။ ထောပတ်သီးကmonounsaturated fatty acids၊ အမျှင်ဓာတ်၊ folateနဲ့ ပိုတက်စီယမ်တို့ ကြွယ်ဝတာကြောင့် သန္ဓေသားကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ ခြေထောက်ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။

    သစ်သီးခြောက်

    သစ်သီးခြောက်တွေမှာ ကယ်လိုရီ၊ အမျှင်ဓာတ်နဲ့ ဗီတာမင်၊ သတ္ထုဓာတ်တွေပါဝင်မှုမြင့်မားပါတယ်။ ဒါပေမယ့် အချိုများတဲ့ အသီးခြောက်တွေကိုတော့ သိပ်မစားပါနဲ့။

    ရေ

    တစ်နေ့ကို ရေ ၂ လီတာလောက်အထိ သောက်သုံးသင့်တယ်လို့ အကြံပြုချက်တွေက ဖော်ပြတတ်ပေမယ့် တကယ်တမ်းလိုအပ်တဲ့ရေပမာဏကတော့ တစ်ယောက်နဲ့ တစ်ယောက်ကွာခြားတတ်ပါတယ်။ ဒါပေမယ့် ရေဓာတ်ခမ်းခြောက်နေပြီဆိုရင် ပြတတ်တဲ့ လက္ခဏာတွေက ခေါင်းကိုက်ခြင်း၊ စိတ်ပူပန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရေအလုံအလောက်သောက်မှ ဝမ်းချုပ်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    health-tool-icon

    မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

    ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

    ရာသီစက်ဝန်း ကြာချိန်

    28 ရက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: